ရှုံးပွဲမရှိစံချိန်နဲ့ အနိုင်ပိုင်းပြီး အနားယူသွားတဲ့ Khabib ရဲ့ လူသိနည်းသေးတဲ့ အချက်(၅)ချက်

[email protected] khabib_nurmagomedov

UFC ကြိုးဝိုင်းရဲ့ နာမည်ကြီး MMA ချန်ပီယံတစ်ဦးဖြစ်တဲ့ Khabib Nurmagomedov ကိုတော့ ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ လက်ရှိမှာတော့ Khabib ဟာ UFC လောကကနေ တရားဝင်အနားယူသွားခဲ့ပြီဖြစ်ကြောင်း ရှုံးပွဲမရှိချိန်ပီယံ Justin Gaethje ကို အနိုင်ထိုးသတ်သွားတဲ့ ကစားပွဲအပြီးမှာ ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ Khabib ရဲ့ ဖခင်ဖြစ်သူဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ COVID 19 ကပ်ရောဂါကြောင့် သေဆုံးသွားခဲ့တာကြောင့် ဖခင်မရှိတဲ့နောက် ဒီလောကကို ကျော်ခိုင်းဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ သူ့ရဲ့ဖခင်ကြီးဟာ ငယ်ငယ်လေးကတည်းက သူ့ကို လေ့ကျင့်သင်ကြားပေးခဲ့တဲ့ သူ့ရဲ့ နည်းပြဖြစ်နေလို့ပါပဲ။ ဒါ့ကြောင့် ဒီနေ့မှာတော့ Khabib အကြောင်း ပရိသတ်တော်တော်များများ မသိသေးတဲ့ အချက် ၅ ချက်ကို ပြောပြပေးချင်ပါတယ်။

၁။ Khabib ဟာ ငယ်ငယ်လေးကတည်းက ဝက်ဝံနဲ့နပန်းလုံးပြီး လေ့ကျင့်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်

Khabib ရဲ့ ဖခင်ဖြစ်သူဟာ Khabib ကို ငယ်စဉ်ကလေးဘဝကတည်းကနေ သူမသေခင်အချိန်အထိ တိုက်ခိုက်ရေးပညာတွေကို အစွမ်းကုန်လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ တစ်ခြား ကစားမားတွေလို လက်ဝှေ့အိတ်ထိုးခိုင်းတာမျိုးဟုတ်ပဲ ငယ်ရွယ်စဉ်အချိန်ကတည်းက ဝက်ဝံနဲ့ နပန်လုံးခိုင်းပြီး သင်ကြားပေးခဲ့တာပဲ ဖြစ်ပါတယ်။

၂။ Khabib ဟာ ပြိုင်ဖက်တွေကို အမြဲလေးစားတဲ့ လူတစ်ယောက်ပါပဲ

MMA ကစားသမားတော်တော်များများဟာ ပွဲမစခင် သတင်းစာရှင်းလင်းပွဲတွေမှာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်တာတွေ၊ စကားစစ်ထိုးတာတွေ ဖြစ်လေ့ရှိပြီး ပွဲပြီးသွားရင်လည်း တစ်ယောက်နဲ့တစ်ယောက် ခပ်တန်းတန်းနေလေ့ ရှိတတ်ပါတယ်။ ဒါပေမယ့် Khabib ဟာ အဲဒီလိုလူမျိုးမဟုတ်ပါဘူး။ ပွဲမစခင် ဘယ်လောက်ပဲ ရန်ဖြစ်ဖြစ် ပွဲပြီးရင် ပြိုင်ဖက်ကို လက်ဆွဲနှုတ်ဆက်ပြီး တလေးတစားနှုတ်ဆက်လေ့ရှိပါတယ်။ ပွဲအပြီး နှုတ်မဆက်ခဲ့တာကတော့ Conor McGregor နဲ့ ထိုးသတ်ခဲ့တဲ့ ပွဲပါပဲ။ အဆိုပါပွဲစဉ်အပြီးမှာ Khabib တစ်ယောက် နိုင်သွားလို့ အောင်ပွဲခံနေတုန်း McGregor နဲ့ အဖွဲ့သားတစ်ယောက်ဟာ Khabib ရဲ့ ဖခင်ကို လူမျိုးရေးခွဲခြားပြီး ဆဲဆိုခဲ့လို့ Khabib တစ်ယောက် စင်ပေါ်ကနေ စင်အောက်ကို ခုန်ချပြီး ထိုးကြိတ်ကာ ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့ပါသေးတယ်။

 

 

View this post on Instagram

 

That’s why…. #ufc254 #andStill #Alhamdulillah #MuhammadALI

A post shared by Khabib Nurmagomedov (@khabib_nurmagomedov) on

၃။ Khabib ဟာ မျိုးချစ်စိတ်အင်မတန် ပြင်းထန်သူတစ်ယောက်ပါ

READ
ထိုင်းနိုင်ငံဆန္ဒပြပွဲတွေအတွင်း CIA ဖြစ်နေကြတဲ့ လမ်းဘေးဈေးသည်များ

Khabib ဟာ ရုရှားနိုင်သား မွတ်ဆလင် လူမျိုးတစ်ယောက် ဖြစ်ပါတယ်။ Khabib ကို လူတော်တော်များများက UFC ပြိုင်ပွဲတွေမှာ လူမျိုးရေးခွဲခြားမှုတွေ ရှိခဲ့ပေမယ့် သူကိုယ်တိုင်က ဒီလိုကိစ္စတွေကို ဘယ်သောအခါမှ ဂရုမစိုက်ခဲ့တဲ့ လူတစ်ယောက်ပါပဲ။  ဒီလိုလူမျိုးရေးခွဲခြားမှုတွေဆိုတာကလည်း တော်တော်ကြာခဲ့ပြီး အခုဆိုရင်တော့ Khabib ဟာ Instagram မှာ follower ပေါင်း ၂၂ သန်းကျော် ပိုင်ဆိုင်ထားပြီး ရုရှားနိုင်ငံမှာ follower အများဆုံး လူတစ်ယောက်လည်း ဖြစ်ပါတယ်။

၎။ Khabib ဟာ အလှူအတန်းတွေကို အရမ်းဝါသနာပါတဲ့ လူတစ်ယောက်ဖြစ်ပါတယ်

၂၀၁၉ ခုနှစ်တုန်းက Khabib ဟာ UFC Lightweight Champion တစ်ဦးဖြစ်သူ Dustin Poirier ဖွဲ့စည်းတည်ထောင်တားတဲ့ ပရဟိတအဖွဲ့မှာ သူပိုင်ဆိုင်တဲ့ အမေရိကန်ဒေါ်လာ ၁ သန်းကို အလှူငွေထည့်ခဲ့ဖူးပါတယ်။ ဒါ့အပြင် လမ်းပေါ်မှာရှိတဲ့ အိမ်ခြေရာမဲ့တွေကို အစားအသောက်၊အဝတ်အစားနဲ့ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို မကြာခဏ လိုက်လံလှူဒါန်းလေ့ ရှိပါတယ်။

 

 

View this post on Instagram

 

Сегодня было довольно интересно, много хороших вопросов было от СМИ, я давно такую пресуху не давал для наших Российских СМИ. Хотел бы поблагодарить всех спонсоров кто поддержал это сегодняшнее мероприятие @gorillaenergy @bukaboxing @alhadaya.ru @fitroo_by_khabib Ещё увидимся друзья, я по жизни оптимист и вам того же желаю, в жизни у человека происходят много разных вещей, всегда смотрите на ситуации положительным настроем, как бы вам тяжело не было, отбрасывайте все минусы, забирайте плюсы с собой и продолжайте двигаться.

A post shared by Khabib Nurmagomedov (@khabib_nurmagomedov) on

၅။ Khabib ဟာ ချန်ပီယံခါးပတ်ကို စွန့်လွှတ်ပြီး အနားယူသွားတဲ့ အချိန်အထိ ရှုံးပွဲ လုံးဝမရှိသေးတဲ့ MMA ကစားသမားတစ်ဦးပါပဲ

READ
အထီးကျန်မှာ ကြောက်လို့ ဖခင်ရဲ့အလောင်းကို (၁)လကြာ သိမ်းထားတဲ့ ဂျပန်အဖိုးအို

Khabib ဟာ သူ့နိုင်ငံအတွင်း ထိုးသတ်ခဲ့တဲ့ ပြိုင်ပွဲတွေမှာလည်း ၂၉-၀ နဲ့ ရှုံးပွဲမရှိ စံချိန်တင်ခဲ့သလို UFC ပြိုင်ပွဲတစ်လျှောက်မှာလည်း ၁၃-၀ နဲ့ ရှုံးပွဲမရှိ စံချိန်တင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အကျဉ်းချုပ်ရရင်တော့ သူထိုးသတ်ခဲ့တဲ့ ပြိုင်ပွဲပေါင်း ၄၂ ပွဲလုံးမှာ လုံးဝကို ရှုံးပွဲမရှိ စံချိန်တင်ခဲ့တဲ့ MMA ကစားသမားကောင်း တစ်ယောက်ပဲ ဖြစ်ပါတယ်။ အခုလက်ရှိ နောက်ဆုံးထိုးသတ်ခဲ့တဲ့ Justin Gaethje ဟာလည်း ရှုံးပွဲမရှိ စံချိန်တင်ထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး Khabib နဲ့ ထိုးသတ်ခဲ့တဲ့ပွဲကတော့ Justin Gaethje ရဲ့ စံချိန် ကျိုးပျက်ခဲ့ရပြီး ပထမဦးဆုံးရှုံးပွဲ ကြုံတွေဲ့ရတာလည်း ဖြစ်ပါတယ်။

 

Pyi Hein Kyaw

SHARE