PUBG အကြောင်း သင် လုံးဝမသိသေးတဲ့ အချက်(၅)ချက်

PUBG Mobile

PUBG ဆိုတာကတော့ လက်ရှိ မိုဘိုင်းဖုန်းလောကမှာ အအောင်မြင်ဆုံးဂိမ်းတစ်ခုလို့တောင် ပြောနိုင်ပါတယ်။ PUBG စစထွက်ချင်း ၂၀၁၇ ခုနှစ်အတွင်းမှာတင် PUBG ဂိမ်းဆော့သူဦးရေ ၁.၇ သန်းကျော်အထိ ရှိခဲ့ပြီး အခုအချိန်မှာဆိုရင်တော့ PUBG ဂိမ်းဆော့သူ ၂၂၇ သန်းကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ မြေပုံအသစ်တွေ၊ Item အသစ်တွေ၊ Weapon အသစ်တွေ၊ Graphic အမိုက်စားတွေဟာလည်း မကြာခဏ အမြဲထွက်ရှိနေတာကြောင့် ဆော့လိုက်ရင် ဘယ်တော့မှ ရိုးသွားတယ်ဆိုတာ မရှိပဲ အမြဲတန်း ဆန်းသစ်နေတာပါပဲ။ အခုပြောပြချင်တဲ့ အကြောင်းအရာကတော့ PUBG ဂိမ်းနဲ့ ပတ်သတ်ပြီး တော်တော်များများ မသိကြသေးတဲ့ အချက် ၅ ချက်ပဲ ဖြစ်ပါတယ်။

၁။ လူတော်တော်များများ ထင်နေကြတာကတော့ PUBG ဂိမ်း ဒီလောက်အထိ လူသိများပြီး အောင်မြင်နေတာ PUBG ကို ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီဖြစ်တဲ့ Bluehole, Inc ကနေပြီးတော့ Marketing ဘတ်ဂျတ်တစ်ခု သတ်မှတ်ပြီး Marketing ဆင်းနေတယ်လို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ အမှန်တစ်ကယ်ကတော့ Bluehole ကုမ္ပဏီဖက်ကနေပြီးတော့ PUBG အတွက် Marketing ဘတ်ဂျက် လုံးဝမရှိဘူးဆိုတာပါပဲ။ ဂိမ်းကစားတဲ့သူအချင်းချင်း ဒီဂိမ်းအကြောင်း တစ်ဆင့်စကားတစ်ဆင့်ကြားရာကနေ ဒီနေ့ဒီအချိန်အထိ လူသိများပြီး လူဆော့များတဲ့ PUBG ဂိမ်းဆိုတာ ဖြစ်လာတာပဲ ဖြစ်ပါတယ်။

၂။ PUBG ဂိမ်းအကောင့် Ban ခံထိရင်  အများဆုံး နှစ်ပေါင်း (၁၀၀) Ban ခံရနိုင်တာ တော်ရုံလူ သတိမထားမိပါဘူး။ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက PUBG ဂိမ်းဆော့သူတစ်ဦးဟာ တရားမဝင်တဲ့ software တစ်ခုသုံးပြီး PUBG ဂိမ်းကို ဆော့ခဲ့ပါတယ်။ ဒါကို PUBG Server က သတိထားမိတဲ့အချိန်မှာတော့ အဆိုပါ ဂိမ်းကစားသူရဲ့ အကောင့်ကို နှစ် ၁၀၀ တိတိ Ban ခဲ့ပါတယ်။ နောက်တစ်ခုကတော့ PUBG ဂိမ်းဟာ အခြားကမ္ဘာပေါ်မှာ ရှိတဲ့ ဂိမ်းတွေအကုန်လုံးထက် အချိန်တော်တော်ကြာ Ban တတ်တဲ့ ဂိမ်းတစ်ခုပါပဲ။

READ
ဘယ်သန်တွေသာ နားလည်နိုင်မယ့် နေ့စဉ်လူမှုဘ၀ထဲက အခက်အခဲများ

၃။ နောက်လူတော်တော်များများ မသိသေးတဲ့ အချက်တစ်ချက်ကတော့ PUBG ဟာ Player Unknown Battle Grounds လို့ လူသိများပြီး ဘာကြောင့် အဲဒီနာမည်ပေးရသလဲဆိုတာ လူတွေမသိသေးပါဘူး။ အကြောင်းကတော့ PUBG ကို တီထွင်တဲ့  Game Developer ဖြစ်သူ Brendan Greene ရဲ့ Online game ကစားတဲ့ နာမည်ဟာ Player Unknown ဆိုတဲ့ နာမည်ဖြစ်ပါတယ်။  Bluehole ကုမ္ပဏီကို PUBG ဂိမ်း ရောင်းချခဲ့တဲ့ အချိန်မှာ သူ့ရဲ့ Online game အကောင့်နာမည်ကို အစွဲပြုပြီး PUBG(Plyaer Unknown Battle Grounds) လို့ အမည်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

READ
ကျွန်တော်တို့တွေ တစ်ခုခုလုပ်ဖို့ မေ့သွားလို့ ဟာသဖြစ်သွားတဲ့ အခိုက်အတန့်များ ...

၎။ PUBG ဂိမ်းစထွက်တဲ့ ၂၀၁၇ ခုနှစ်တုန်းကဆိုရင် Steam အကောင့်ဈေးကွက်ထဲမှာ PUBG ဂိမ်းထဲက Items အရောင်းအဝယ်တွေဟာ တော်တော်များခဲ့သလို တော်တော်လည်း ဈေးကြီးခဲ့ပါတယ်။ အဲဒီ Items တွေထဲမှာ လူအကြိုက်အများဆုံးနဲ့ ဈေးအကြီးဆုံးကတော့ ခေါင်းစည်းပုဝါအနီလေးပဲ ဖြစ်ပါတယ်။ အဲဒီခေါင်းစည်းပုဝါအနီလေးရဲ့ တန်ဖိုးကတော့ အနည်းဆုံး ဒေါ်လာ ၁၀၀၀ ဝန်းကျင်မှာပဲ ဖြစ်ပါတယ်။

PUBG

၅။ PUBG ရဲ့ အမြတ်ဟာ ၂၀၁၈ ခုနှစ်မှာ ၃၆၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ အကြောင်းအရင်းကတော့ Royale Pass ကို စတင်ထုတ်လုပ်ခဲ့လို့ပါ ဖြစ်ပါတယ်။ Royale Pass ဆိုတာကတော့ ဝယ်ပြီးဆော့ရတဲ့ လက်မှတ်တစ်ခုလိုပါပဲ။ အဲဒီ Royale Pass လေးကို ဝယ်ပြီးဆော့တာနဲ့ Outfit အသစ်တွေ၊ Weapon အလန်းစားပုံစံတွေ၊ ကကွက်အသစ်တွေ၊ လေယာဉ်ပျံအသစ်တွေ အစရှိတဲ့ skins ပေါင်းကို ရရှိမှာ ဖြစ်ပါတယ်။ Royale Pass မထွက်ခင် ၃ ပတ်စာ PUBG ရဲ့ အမြတ်က အမေရိကန်ဒေါ်လာ ၁.၃ သန်း အထိပဲ ရှိပြီး Royale Pass စစထွက်ချင်း ပထမအပတ်မှာတင် အမြတ်ငွေ အမေရိကန်ဒေါ်လာ ၆.၁ သန်း ကျော် ရှိခဲ့ကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE