Red Velvet အဖွဲ့ဝင် Seulgi အကြောင်း သင်မသိသေးတဲ့ အချက် ၅ ချက်

[email protected] hi_sseulgi

ဒီနေ့ခေတ်မှာ K-pop ဂီတအမျိုးအစားဟာ ကမ္ဘာတစ်ဝှမ်းမှရှိတဲ့ လူငယ်တော်တော်များများကို ဖမ်းစားထားနိုင်တဲ့ ဂီတအမျိုးအစားတစ်ခုဆိုလည်း မမှာပါဘူး။ Black Pink, Red Velvet, Big Bang, BTS, EXO အစရှိတဲ့ K-pop အဖွဲ့တွေဟာဆိုရင်တော့ ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်အများဆုံးနဲ့ အအောင်မြင်ဆုံး K-pop အဖွဲ့တွေပဲ ဖြစ်ကြပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ကမ္ဘာကျော် K-pop အဖွဲ့တစ်ခုဖြစ်တဲ့ Red Velvet အဖွဲ့က အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Seulgi အကြောင်း ပြောပြချင်ပါတယ်။ Seulgi ကိုတော့ K-pop ပရိသတ်တော်တော်များများ မိတ်ဆက်ပေးစရာ မလိုအောင် သိရှိပြီးသားဖြစ်မှာပါ။ ဒါ့ကြောင့် ဒီနေ့မှာတော့ Red Velvet အဖွဲ့ဝင် Seulgi အကြောင်း ပရိသတ်တော်တော်များများ မသိရှိကြသေးတဲ့ အချက် ၅ ချက်ကို ပြောပြပေးချင်ပါတယ်။

၁။ Seulgi ဟာ ငယ်စဉ်ကတည်းက သီချင်းဆိုတာနဲ့ ကတာကို ၀ါသနာကြီးသူ တစ်ဦးပါ

 

View this post on Instagram

 

#얼루어9월호 #allurekorea

A post shared by 슬기 Seulgi (@hi_sseulgi) on

Seulgi ကို တောင်ကိုရီးယားနိုင်ငံရှိ Ansan မြို့မှာ ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ Seulgi ဟာ ငယ်စဉ်ကလေးဘဝကတည်းက သီချင်းဆိုရတာနဲ့ ကခုန်ရတာကို အင်မတန် ဝါသနာကြီးတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်။ Seulgi ဟာ ၆ တန်း ကျောင်းသူအရွယ်ကတည်းက နာမည်ကြီး K-pop ကုမ္ပဏီတစ်ခုဖြစ်တဲ့ SM Entertainment က ပြုလုပ်တဲ့ လူရွေးပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း အရွေးခံခဲ့ရတာ ဖြစ်ပါတယ်။

READ
အမိုက်စား ပုံရိပ်တွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ဖမ်းစားလိုက်ပြန်တဲ့ ရွှေရွှေစုံတွဲ

၂။ Seulgi ဟာ Red Velvet အဖွဲ့ထဲမှာ အကအတော်ဆုံး အဖွဲ့ဝင် ဖြစ်ပါတယ်

 

 

View this post on Instagram

 

Red Velvet X Paris99 Collaboration _ #RedVelvet #레드벨벳 #Paris99 @paris99

A post shared by Red Velvet Official (@redvelvet.smtown) on

ငယ်စဉ်ကလေးဘဝကတည်းက အကဝါသနာကြီးခဲ့တဲ့ Seulgi ဟာ SM Entertainment ရဲ့ လက်အောက်မှာ ၇ နှစ်ကျော် training ပေးခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း Red Velvet အဖွဲ့စဖွဲ့တဲ့အချိန်မှာတော့ Seulgi ဟာ Red Vevet အဖွဲ့ရဲ့ အက အတော်ဆုံး အဖွဲ့ဝင်တစ်ယောက်အဖြစ် ပရိသတ်တွေက ပိုမိုသတိထားမိ လာကြပါတယ်။

၃။ Seulgi ဟာ Henry Lau ရဲ့ MTV မှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်

နာမည်ကြီး Super Junior အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Henry Kau ကိုတော့ တော်တော်များများ မှတ်မိကြအုံးမှာပါ။ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Henry Lau ရဲ့ Fantastic အမည်ရ MTV ထဲမှာ Seulgi ဟာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

၎။ Seulgi ရဲ့ Role Model ကတော့ Beyonce ပါ

READ
အဖွဲ့ရဲ့ ခေါင်းဆောင်နေရာကို ရွေးချယ်ခြင်းခံခဲ့ရတဲ့ နိုင်ငံခြားသား Kpop idol (၅)ယောက်

 

 

View this post on Instagram

 

아이린&슬기 활동 마무리

A post shared by 슬기 Seulgi (@hi_sseulgi) on

ကမ္ဘာကျော် အမေရိကန်အဆိုတော် တစ်ဦးဖြစ်တဲ့ Beyonce ဟာ မော်ဒယ်လောက၊ ရုပ်ရှင်လောက၊ ဖက်ရှင်လောက အစရှိတဲ့ နယ်ပယ်ပေါင်းစုံမှာ အောင်မြင်ကျော်ကြားနေတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ Seulgi ဟာ သူမရဲ့ ဝတ်စားဆင်ယင်ပုံတွေနဲ့ ဖက်ရှင်ကို အမြဲတမ်း ခေတ်မီလှပေအောင် ဝတ်ဆင်တတ်ပြီး သူမရဲ့ လေးစားအားကျရတဲ့ Role Model ဟာ Beyonce ဖြစ်ကြောင်း အင်တာဗျုးမှာ မကြာခဏ ပြောဖူးပါတယ်။

၅။ Seulgi ဟာ ကမ္ဘာ့အလှပဆုံး မျက်နှာပိုင်ရှင်စာရင်းထဲမှာ (၂)ကြိမ်တိုင်တိုင် ပါဝင်ခဲ့ဖူးပါတယ်

 

 

View this post on Instagram

 

내 양말 내려줄 사람

A post shared by 슬기 Seulgi (@hi_sseulgi) on

Seulgi ရဲ့ ချောမောလှပပုံကတော့ တော်တော်များများ ပြောစရာမလိုအောင် သိရှိကြပြီး ဖြစ်မှာပါ။ ဒါ့အပြင် ၂၀၁၅ ခုနှစ်တုန်းက ကမ္ဘာ့အလှပဆုံး မျက်နှာ်ပိုင်ရှင် စာရင်းထဲမှာ အဆင့် ၇၁ အထိ ရောက်ရှိခဲ့သလို ၂၀၁၆ ခုနှစ်တုန်းကလည်း အဆင့် ၂၉ အထိေ၇ာက်ရှိခဲ့တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE