နေအိမ်တိုင်းမှာ လျှပ်စစ်မီးနဲ့ပတ်သတ်ပြီး သတိထားသင့်တဲ့ အချက်(၅)ချက်

Pixabay-image4you

လျှပ်စစ်အန္တရာယ်ဆိုတာ မဖြစ်ခင်ကတည်းက သေသေချာချာ ကြိုတင်ကာကွယ်သင့်တဲ့ အရာပါ။ အဲဒါကို သတိမထားမိပဲ ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါ ဖြစ်နေတဲ့ အချိန်ဖြစ်တာကြောင့် လူတိုင်းအိမ်မှာနေရင်း လျှပ်စစ်မီးကို အချိန်ပြည့် သုံးနေရတာကြောင့် လျှပ်စစ်မီးနဲ့ ပတ်သတ်တဲ့ အန္တရာယ်တွေကို သေသေချာချာ သတိထားသင့်ပါတယ်။ အထူးသဖြင့် အပြင်ကို ခဏထွက်တဲ့အချိန်ကျရင်လည်း လျှပ်စစ်မီးနဲ့ ပတ်သတ်တဲ့ ခလုတ်တွေကို သေသေချာချာ စစ်ဆေးပြီးမှ အပြင်ထွက်သင့်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ နေအိမ်တိုင်းမှာ လျှပ်စစ်မီးနဲ့ ပတ်သတ်ပြီး သတိထားသင့်တဲ့ အချက် ၅ ချက်ကို Shwemom ပရိသတ်ကြီးသိအောင် ပြောပြပေးချင်ပါတယ်။

Pixabay-falconp4

၁။ လျှပ်စစ်ကြိုးတွေကို ထိလိုက်တဲ့အချိန် အရမ်းပူနေရင် သတိထားသင့်ပါတယ်

မီးပလပ်ပေါက် တော်တော်များများနဲ့ မီးကြိုးတွေဟာ လျှပ်စစ်အသုံးပြုပါများရင် အရမ်းကို ပူလာတတ်ကြပါတယ်။ အဲဒီအချိန်မျိုးတွေမှာ ဘာမှမဖြစ်ဖူးထင်ပြီး ဆက်မသုံးကြပါနဲ့ ။ ဒီအတိုင်းအေးသွားအေင် ခဏထားလိုက်ပါ။ ပြီးမှ ဆက်သုံးတာ စိတ်အချရဆုံးပါပဲ။ မဟုတ်ရင် ကိုယ်လျှပ်စစ်မီးနဲ့ ပတ်သတ်တာ တစ်ခုခုသုံးနေတုန်း ဝါယာရှော့ခ်တွေ ဖြစ်တတ်ပါတယ်။

READ
လေ့လာမှုတွေအရ အဖောက်ပြန်တတ်ဆုံး လူ(၅)မျိုး

၂။ မီးချောင်းတွေ၊ မီးလုံးတွေ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေရင် သတိထားပါ

လျှပ်စစ်မီးချောင်းတွေ၊ မီးလုံးတွေ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတာ သရဲခြောက်တာ မဟုတ်ပါဘူး။ လျှပ်စစ်မီးလုံးထဲမှာရှိတဲ့ ဝါယာကြိုး၊ ဒါမှမဟုတ် circuit က တစ်ခုခုလွတ်ပြီး ချို့ယွင်းနေလို့ပဲ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်နေရင်တော့ မိန်းချပြီး လျှပ်စစ်မီးလုံးကို သေသေချာချာ ဖြုတ်ပြီး စစ်ဆေးသင့်ပါတယ်။ မဟုတ်ရင်တော့ ရေရှည်မှာ လျှပ်စစ်မီးသီး ကျွမ်းသွားနိုင်ပါတယ်။

Pixabay-Comfreak

၃။ မီးပလပ်ခုံတွေကို နံရံအတွင်းမှာ သေသေချာချာ တပ်ဆင်အသုံးပြုပါ

တစ်ချို့အိမ်တွေက နံရံနဲ့ဆက်ထားတဲ့ မီးပလပ်ခုံတော်တော်များများဟာ ပလပ်ပေါက်ထိုးလိုက်တာနဲ့ လှုပ်နေတာမျိုးတွေ၊ ပလပ်ပေါက် လွတ်နေတာမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီလိုအချိန်ကျရင် ရသလောက်မှေးပြီး မသုံးပါနဲ့။ မီးပြင်ဆရာခေါ်ပြီး မီးပလပ်ခုံကို နံရဲ့အပေါက်ထဲ သေသေချာချာ ပြန်လည်တပ်ဆင်ပြီး အသုံးပြုတာ အန္တရာယ်အကင်းဆုံးပါပဲ။

READ
အပေါင်အနေဖြင့် ၀တ်လစ်စလစ်ပုံများထားပြီး ပိုက်ဆံချေးသည့်စနစ်တရုတ်မှာခေတ်စားနေ

၎။ အိမ်မှာ ကြွက်တွေရှိရင်လည်း လျှပ်စစ်မီးကြိုးတွေကို သေသေချာချာ သတိထားပါ

ကြွက်ဆိုတဲ့ အမျိုးက မြင်သမျှ၊ တွေ့သမျှအရာအားလုံးကို လိုက်လံကိုက်ဖြတ်တတ်တဲ့ တိရစ္ဆာန်တွေပါ။ အထူးသဖြင့် တီဗ္ဗီအောက်က ဝါယာကြိုးတွေ၊ ဗီရိုအနောက်တွေမှာရှိတဲ့ ဝါယာကြိုးတွေ ပြတ်နေတာတွေက သူတို့ရဲ့ လက်ချက်တွေပါ။ ဒါ့ကြောင့် အိမ်တစ်အိမ်မှာ ကြွက်တွေရှိရင် အဲဒီကြွက်တွေကို ဖမ်းပြီး အိမ်အပြင်လွှတ်လိုက်တာ အန္တရာယ်အကင်းဆုံးပါပဲ။

Pixabay-Capri23auto

၅။ ဝါယာညှော်နံ့ရရင် သတိထားပါ

တစ်ခါတစ်လေကျရင် ကိုယ့်အိမ်ထဲမှာနေပြီး ဝါယာညှော်နံ့ရရင်ရင် သတိထားပါ။ အဲဒါဟာ ဝါယာကြိုးထဲမှာ ဝါယာရှော့ခ် ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။ တော်တော်များများက အဲဒီလိုအချိန်မျိုးကျရင် ဟိုနားဒီနားလျှောက်ကြည့်ပြီး တစ်ခြားအိမ်က ဝါယာညှော်နံ့ရတယ်ထင်ပြီး ပေါ့ပေါ့ဆဆ နေတတ်ကြပါတယ်။

Pyi Hein Kyaw

SHARE