ဝိတ်ကျအောင် ကြိုးစားနေတဲ့ ကာလတစ်လျှောက် သတိပြုရမယ့် အချက်(၅)ချက်

Pixabay-stevepb

ဝနေတဲ့ လူတစ်ယောက် ပိန်အောင်လုပ်ဖို့ဆိုတာ လွယ်ကူတယ်လို့ ထင်ပါသလား။ တစ်ကယ်တမ်း သေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင်တော့ လွယ်ကူပါတယ်။ နည်းစနစ်တကျ သေသေချာချာ ဆော့မယ်ဆိုရင်ပေါ့။ လူအများစုဟာ Gym မှာ ဝိတ်ကျဖို့ ကစားနေတဲ့ အချိန်တစ်ချိန်ကိုပဲ သေသေချာချာ ကစားလေ့ရှိပြီး ကျန်တဲ့အချိန်တွေမှာတော့ အရင်လိုပဲ နေထိုင်ပြုမူစားသောက်နေတတ်ကြပါတယ်။ အမှန်တစ်ကယ်တော့ အဲဒါအရမ်းမှားပါတယ်။ ကိုယ့်ရဲ့ဘဝနေထိုင်မှုပုံစံတွေကိုပါ လုံးဝပြောင်းလဲပစ်ရမှာပါ။ ဒါ့ကြောင့် ဝိတ်ကျအောင် ကြိုးစားနေတဲ့ ကာလတစ်လျှောက်လုံးမှာ သတိပြုရမယ့်အချက် ၅ ချက်ကို Shwemom ပရိသတ်ကြီးသိအောင် ဝေမျှပေးချင်ပါတယ်။

Pixabay-scottwebb

၁။ ကိုယ့်ကိုယ်ကို သူများနဲ့ဘယ်တော့မှ မနှိုင်းမိပါစေနဲ့

လူတစ်ယောက်နဲ့ တစ်ယောက်စိတ်ချင်းလည်း မတူသလို ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံအချင်းချင်းလည်း လုံးဝမတူပါဘူး။ ကိုယ်နဲ့အတူတူ Gym ဆော့နေတဲ့ လူတစ်ယောက်က ကိုယ့်ထက်ဝိတ်ကျသွားတဲ့ အခြေအနေမှာပဲဖြစ်ဖြစ်၊ ဖြတ်သွားဖြတ်လာ လူတစ်ယောက်ကို ငေးကြည့်ပြီးငါလည်းသူ့လောက်လှရင်ကောင်းမှာပဲဆိုတဲ့ အတွေးတစ်ချက်ဝင်ပြီး ကိုယ့်ကိုယ်ကို သူတစ်ပါးနဲ့ နှိုင်းမိတာမျိုးတွေ ဘယ်တော့မှ မလုပ်မိပါစေနဲ့။ ကိုယ်လုပ်သင့်တဲ့ အရာတစ်ခုကိုလည်း အခုအချိန်မှာ ကိုယ်လုပ်နေပါပြီ။ ဒီလိုအတွေးတွေဝင်တာက ကိုယ့်ကိုယ်ကို ညှဉ်းဆဲနေတာနဲ့ အတူတူပါပဲ။

၂။ ဝိတ်ကျချင်ဇောနဲ့ ဝိတ်ကျဆေးတွေ စွတ်မသောက်ပါနဲ့

ဝိတ်ကျအောင် ဝိတ်ချတယ်ဆိုတာ သဘာဝအတိုင်းပဲ Gym ဆော့တာ အကောင်းဆုံးပါပဲ။ ဝိတ်ကျဆေးဆိုတာ ဘယ်လောက်ပဲ ဝိတ်ကျတယ်ပြောပြော၊ အနည်းနဲ့အများတော့ ဘေးထွက်ဆိုးကျိုးဆိုတာ ရှိတတ်ပါတယ်။ တစ်ချို့ Gym တွေမှာဆိုရင် သူတို့ရောင်းတဲ့ ဝိတ်ကျဆေးတွေကို အတင်းဇွတ်ရောင်းပြီး သောက်ခိုင်းတတ်ပါတယ်။ အဲဒီလို Gym မျိုးရှိရင် အဲဒီ Gym မှာ လုံးဝဆော့မနေပါနဲ့။ သောက်ချင်တယ်ဆိုရင်တောင် တစ်ကယ့် Professional Gym Trainer တွေနဲ့ တိုင်ပင်ပြီး တရားဝင်အသိအမှတ်ပြုထားတဲ့ ဝိတ်ကျဆေးတွေကိုသာ သောက်သုံးတာ အကောင်းဆုံးပါ။

READ
E စီးကရက်ကလည်း ကင်ဆာဖြစ်ပွားစေနိုင်ကြောင်း ဆေးသိပ္ပံပညာရှင်များသတိပေး
Pixabay-Sapper_Designs

၃။ Gym ဆော့နေတဲ့အချိန်မှာ သေသေချာချာ အာရုံနှစ်ပြီးဆော့ပါ

တစ်ချို့ Gym ဆော့တဲ့ လူတွေဟာ ဝိတ်ကလည်းကျချင်သေး၊ ဒါပေမယ့် ဆော့တော့လည်း လျော့တိလျော့ရဲနဲ့ သက်သက်ကြီး Gym မှာ အချိန်လာဖြုန်းနေသလိုပါပဲ။ တစ်ချိုကဆိုရင် Gym ဆော့တဲ့အချိန်ကနည်းနည်း၊ ဖုန်းထိုင်ပွတ်နေတဲ့အချိန်က ခပ်များများရယ်ပါ။ Gym ဆော့တယ်ဆိုတာ သေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင် ပိုက်ဆံလည်းကုန်၊ အချိန်လည်းကုန်၊ ငွေလည်းကုန်၊ လူလည်း ပင်ပန်းပါတယ်။ ဒါ့ကြောင့် Gym ဆော့တဲ့ အချိန် ၁ နာရီကနေ ၂ နာရီကြားလောက်လေးကို သေသေချာချာ အာရုံလေးနှစ်ပြီး ဆော့သင့်ပါတယ်။

၎။ ကယ်လိုရီများတဲ့ အစားအစာတွေကို လျှော့စားပါ

တစ်ချို့လူတွေကျပြန်တော့လည်း Gym တော့ သေသေချာချာဆော့ပြီး အစားအစာကို လျော့မစားနိုင်ကြပါဘူး။ ဒါ့ကြောင့် ကိုယ်စားတဲ့ ကယ်လိုရီတွေ လောင်ကျွမ်းဖို့သက်သက် Gym ဆော့နေသလိုဖြစ်ပြီး နဂိုရှိနေတဲ့ အဆီတွေကတော့ ဒီအတိုင်းက ဒီအတိုင်းပါပဲ။ ဖြစ်နိုင်ရင်တော့ ကယ်လိုရီများတဲ့ အစားအစာတွေကို တက်နိုင်သမျှရှောင်တာ အကောင်းဆုံးပါပဲ။ ပြီးတော့ အစားအစာစားတဲ့ ပုံစံတစ်ခုကိုလည်း ကိုယ့်ရဲ့ Gym Trainer နဲ့ သေချာတိုင်ပင်ပြီး အဟာရမျှတအောင် စားတာက အကောင်းဆုံးပါပဲ။

READ
လက်ချောင်းလေးတွေကို ကွေး၊ဆန့်ရုံဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ
Pixabay-stevepb

၅။ အိပ်ချိန်တစ်ခုကို သတ်မှတ်ပြီး သေချာအိပ်ပါ

ဝိတ်ကျအောင်ကြိုးစားနေတဲ့ လူတစ်ယောက်ဟာ အိပ်ချိန်မှန်ဖို့လည်း အရေးကြီးပါတယ်။ အိပ်ချိန်မမှန်ရင် ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်က အားနည်းနေတတ်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး ၈ နာရီ အိပ်သင့်ပါတယ်။ အကောင်းဆုံးကတော့ ည ၁၁ နာရီလောက်အိပ်ပြီး မနက် ၇ နာရီလောက်ထတာ အကောင်းဆုံးပါပဲ။ ပြီးတော့ အိပ်ရေးမဝလို့ စိတ်မကြည်မသာဖြစ်ပြီး ခေါင်းနောက်နေရင် Gym ဆော့တဲ့အချိန်မှာ သေချာမဆော့နိုင်ပါဘူး။ ဒါ့ကြောင့် အိပ်ချိန်တစ်ခုကို သတ်မှတ်ပြီး အချိန်မှန်အိပ်တာ အကောင်းဆုံးပါပဲ။

Pixabay-StockSnap

Pyi Hein Kyaw

SHARE