
ကမ္ဘာပေါ်က နိုင်ငံတိုင်းမှာ သူ့နိုင်ငံနဲ့သူ မော်ဒယ်ပေါင်းမြောက်ပြားစွာ ရှိပါတယ်။ အနောက်ဥရောပနိုင်ငံတွေ မော်ဒယ်တွေ၊ အရှေ့အလယ်ပိုင်းဒသက မော်ဒယ်တွေ၊ အာရှတိုက်က မော်ဒယ်တွေ အစရှိသဖြင့် အများကြီးရှိကြတဲ့ အထဲကမှ ဒီနေ့မှာတော့ အာရှတိုက်က မော်ဒယ်တစ်ချို့အကြောင်းကို ပြောပြပေးသွားချင်ပါတယ်။ အာရှတိုက်က မော်ဒယ်တွေ ဘယ်လောက်တောင် နာမည်ကြီးသလဲသိချင်ရင် New York, Paris, Milan အစရှိတဲ့ မြို့တွေမှာ ကျင်းပလေ့ရှိတဲ့ Weekly Fashion Shows တွေ ကြည့်ကြည့်ပါ။ အဲဒီဖက်ရှင်ပွဲတွေမှာ ပါဝင်ပြသလေ့ရှိတဲ့ မော်ဒယ်တော်တော်များများဟာ အာရှတိုက်က မော်ဒယ်တွေ အများဆုံးပါပဲ။ ဒါ့ကြောင့် ဒီနေ့မှာတော့ Shwemom ပရိသတ်ကြီးကို ၂၀၂၀ ခုနှစ်ရဲ့ နာမည်အကြီးဆုံးနဲ့ အအောင်အမြင်ဆုံး ဖြစ်ခဲ့တဲ့ အာရှထိပ်သီး အမျိုးသမီးမော်ဒယ် ၅ ယောက်ရဲ့အကြောင်းကို ပြောပြပေးသွားချင်ပါတယ်။
၁။ Fernanda Ly
View this post on Instagram
Fernanda Ly ကတော့ Lousi Vuitton က ပြုလုပ်ကျင်းပခဲ့တဲ့ AW15 ရှိုးပွဲမှာ လူသိများလာခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ်သာ ရှိသေးတဲ့ Ly ဟာ သူမရဲ့ ညှို့ဓာတ်ပါတဲ့ မျက်ဝန်းနဲ့ ပန်းဆီရောင် ဆံပင်ကြောင့် တော်တော်လေး လူသိများတာ ဖြစ်ပါတယ်။ တရုတ်လူမျိုးတစ်ယောက်ဖြစ်ပေမယ့် သြဇီမှာမွေးပြီး သြဇီနိုင်ငံသူအဖြစ် ခံယူထားသူ တစ်ယောက်ပါ။ ဒါ့အပြင့် Ly ဟာ Vogue ဖက်ရှင်မဂ္ဂဇင်းရဲ့ ပင်တိုင်မျက်နှာဖုံးမော်ဒယ် တစ်ယောက်ဆိုလည်း မမှားပါဘူး။
၂။ Soo Joo Park
View this post on Instagram
အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Soo Joo Park ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း မော်ဒယ်တစ်ယောက် ဖြစ်ပါတယ်။ Moschino, Tom Ford, Kenzo, Chanel, Oscar de la Renta အစရှိတဲ့ နာမည်ကြီး အမှတ်တံဆိပ်တွေအတွက် catwalk လျှောက်ပေးခဲ့တဲ့ မော်ဒယ်တစ်ယော် ဖြစ်တဲ့အပြင် Loreal Paris ရဲ့ ပထမဦးဆုံး Asian-American သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ မော်ဒယ်တစ်ယောက်လည်း ဖြစ်ပါတယ်။
၃။ Akimoto Kozue
View this post on Instagram
နာမည်ကြီး ဂျပန်မော်ဒယ်မလေးတစ်ယောက်ဖြစ်တဲ့ Akimoto Kozue ကတော့ တော်တော်လေးကို လှပပြီး ကျက်သရေရှိလွန်းတဲ့ မော်ဒယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ Vogue Nippon, Elle Japan, Nylon Japan အစရှိတဲ့ ဂျပန်ပြည်တွင်း ဖက်ရှင်မဂ္ဂဇင်းတွေရဲ့ပင်တိုင်စံ မျက်နှာဖုံး မော်ဒယ်တစ်ယောက် ဖြစ်တဲ့အပြင် Shibuhara Girls လို့ အမည်ရတဲ့ ဂျပန် TV Show တစ်ခုရဲ့ စူပါစတား တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် Akimoto ဟာ သရုပ်ဆောင်မင်းသမီး နဲ့ DJ တစ်ယောက်အဖြစ်လည်း လုပ်ကိုင်နေတဲ့ မော်ဒယ်တစ်ယောက် ဖြစ်ပါတယ်။
၎။ Jing Wen
View this post on Instagram
တရုတ်နိုင်ငံရဲ့ နာမည်ကျော် မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Jing Wen ကိုတော့ ဖက်ရှင်ပရိသတ်အများစုက Prada ဖက်ရှင်ရှိုးပွဲတွေမှာ ပါဝင်ရင်း သိရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ Jing Wen ဟာ Chanel, Gucci, Valentino အစရှိတဲ့ နာမည်ကြီး အမှတ်တံဆိပ်တွေအတွက်လည်း catwalk ပေါင်းများစွာ လျှောက်ပေးခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် Jing Wen ဟာ ၂၀၁၇ ခုနှစ်တုန်းက models.com ရဲ့ ကမ္ဘာ့ထိပ်ဆုံး မော်ဒယ်အယောက် ၅၀ စာရင်းထဲမှာ ပါဝင်ခဲ့ဖူးပါတယ်။
၅။ Dara Warganegara
View this post on Instagram
Dara Warganegara ကတော့ မော်ဒယ်လောကထဲကို အမှတ်မထင်ပဲ ဝင်ရောက်လာခဲ့တာ ဖြစ်ပြီး ကမ္ဘာကျော် အင်ဒိုနီးရှား ဖက်ရှင်ဓာတ်ပုံဆရာ Glenn Prasetya ရဲ့ အကူအညီပေးမှုတွေကြောင့် အခုလိုမျိုး မော်ဒယ်လောကထဲ ရောက်လာခဲ့တယ်ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် Grazia Indonesia, Marie Clarie Hong Kong အစရှိတဲ့ ဖက်ရှင်မ္ဂဇင်းတွေရဲ့ မျက်နှာဖုံးမှာ အမြဲလိုလို ဖော်ပြခံရတဲ့ မော်ဒယ်တစ်ယောက်လည်း ဖြစ်ပါတယ်။
Pyi Hein Kyaw