
ဒီနေ့ခေတ်မှာတော့ အာရှတိုက်ကနေ ပျိုမေတွေသည်သည်းလှုပ်နေတဲ့ အမျိုးသားအနုပညာရှင်တွေ၊ မော်ဒယ်မင်းသားတွေ၊ အဆိုတော် အမျိုးသားတွေ တော်တော်များများ ရှိကြပါတယ်။ ဒီလိုမျိုး အောင်မြင်ကျော်ကြားတဲ့ အမျိုးသားအနုပညာရှင်တွေဆိုတာ သူ့ခေတ်နဲ့သူ ရှိတာပါပဲ။ အခုပြောပြချင်တာကတော့ တစ်ခေတ်တစ်ခါတုန်းက ကမ္ဘာကျော် အာရှစတားတွေပါပဲ။ သူတို့တွေဟာ ဒီနေ့ခေတ်မှာတော့ အသက်အရွယ်ကြီးတဲ့ အရွယ်ရောက်နေခဲ့ပါပြီ။ အခု ဖော်ပြမယ့် ဟောင်ကောင်မင်းသားကြီးတွေကတော့ (၁၉၉၀)ပြည့်နှစ်တွေမှာ အာရှတစ်ခွင်တင်မက ဟောလိဝုဒ်ရုပ်ရှင်လောကအထိပါ ထိုးဖောက်နိုင်တဲ့အထိ အောင်မြင်ခဲ့တဲ့ မင်းသားတွေပဲ ဖြစ်ပါတယ်။
၁။ Chow Yun-fat
View this post on Instagram
ဟောင်ကောင်မင်းသားကြီး Chow Yun-fat ကတော့ အခုအချိန်အထိကို နာမည်ကြီးနေဆဲဖြစ်တဲ့ ဟောင်ကောင်မင်းသားကြီးတစ်ယောက်ပါပဲ။ အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ Chow ဟာ ငယ်စဉ်တုန်းက လျှပ်စစ်မီးလုံးဝမရရှိတဲ့ Lama ကျွန်းစုတွေပေါ်မှာ ကြီးပြင်းခဲ့ရသူတစ်ယောက်ပါ။ ရုပ်ရှင်လောကကိုလည်း သူကိုယ်တိုင် လမ်းတစ်ခုဖောက်ပြီး ဝင်ရောက်ခဲ့သလို A Better Tomorrow ဇာတ်ကားနဲ့ စတင်နာမည်ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် God Of Gameblers ဇာတ်ကားတွေ၊ Prison On Fire ဇာတ်ကားတွေ၊ Hard Boiled, The Killer အစရှိတဲ့ ဇာတ်ကားတွေမှာသာမက Bulletproff Monk, Pirates of the Caribbean: At World’s End, The Corruptor အစရှိတဲ့ နာမည်ကြီး Hollywood ဇာတ်ကားတွေမှာပါ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးတစ်ယောက် ဖြစ်ပါတယ်။
၂။ Aaron Kwok
View this post on Instagram
Aaron Kwork ကတော့ ဟောင်ကောင်ရဲ့ နာမည်ကြီး သရုပ်ဆောင်၊ အဆိုတော်တစ်ယောက် ဖြစ်ရုံသာမက အကပညာမှာလည်း တော်တော်လေးကို ထူးချွန်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ Cold War, The Monkey King, After This Our Exile, Divergence, Port of Call အစရှိတဲ့ ဇာတ်ကားတွေနဲ့ နာမည်ကြီးမင်းသားတစ်ယောက် ဖြစ်ခဲ့သူပါပဲ။ ဒါ့အပြင် ၁၉၉၁ ခုနှစ်၊ ဟောင်ကောင်အကယ်ဒမီပေးပွဲမှာဆိုရင်လည်း After This Our Exile ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့သလို ၂၀၀၅ ခုနှစ်မှာဆိုရင်လည်း Golden Horse Awards ဆု ၂ ဆုကို ပိုင်ဆိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။
၃။ Tony Leung Ka-fai

အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ Tony Leung Ka-fai ဟာဆိုရင်လည်း တစ်ချိန်တုန်းက ဟောင်ကောင်ရဲ့ လျှမ်းလျှမ်းတောက် မင်းသားကြီးတစ်ဦးဖြစ်ခဲ့သူပါပဲ။ Tony ကို အကောင်းဆုံး ဥပမာပေးရမယ်ဆိုရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံက ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားကြီး ဒွေးလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ Tony ဟာ သရုပ်ဆောင်ပိုင်းမှာ မျက်လုံးနဲ့ပါသရုပ်ဆောင်ပြီး စကားပြောနိုင်သူတစ်ယောက်မို့လို့ပါပဲ။ ဒါ့အပြင် ဟောင်ကောင်အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ၄ ကြိမ်တိုင်တိုင် ရရှိခဲ့တဲ့ မင်းသားကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။
၎။ Simon Yam
View this post on Instagram
မင်းသားကြီး Simon Yam ကတော့ အခုအချိန်မှာဆိုရင် အသက် ၆၅ နှစ်ရှိနေပြီပဲ ဖြစ်ပါတယ်။ တစ်ခြားမင်းသားတွေလို အယ်ဒမီဆုတွေ မရရှိခဲ့ပေမယ့် တစ်ချိန်တုန်းကတော့ မိန်းကလေးတော်တော်များများ အရူးအမူးကြိုက်ခဲ့ရတဲ့ မင်းသားကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ Election, IP Man, Kill Zone, The Theieves အစရှိတဲ့ နာမည်ကြီးဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို Tomb Raider, Exiled, Wake Of Death တို့လို Hollywood ဇာတ်ကားတွေမှာပါ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးတစ်ယောက် ဖြစ်ပါတယ်။
၅။ Andy Lau
View this post on Instagram
၁၉၉၀ ခုနှစ်ဝန်းကျင်ရဲ့ ရွှေရောင်မင်းသားကြီးတွေထဲမှာ ချန်ထားလို့ မရတဲ့ မင်းသားကြီးတစ်ယောက် ရှိပါသေးတယ်။ သူကတော့ Andy Lau ပဲ ဖြစ်ပါတယ်။ အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ Andy Lau ဟာ ဒီနေ့ဒီအချိန်ထိ ဟောင်ကောင်ရုပ်ရှင်လောကမှာ ကျင်လည်နေသေးတဲ့ မင်းသားကြီးတစ်ယောက် ဖြစ်ပါတယ်။ ဟောင်ကောင်ရဲ့ နာမည်ကြီး ဇာတ်ကားတိုင်းလိုလိုမှာ အမြဲတွေ့ရှိရသလို Jackie Chan, Stephen Chou, Chow Yun-fat အစရှိတဲ့ မင်းသားကြီးတွေရဲ့ တွဲဖက်သရုပ်ဆောင်တစ်ယောက်ဆိုလည်း မမှားပါဘူး။
Pyi Hein Kyaw