မိတ်ကပ်မပါတဲ့ ပင်ကိုယ်ရုပ်ရည်ကို variety show မှာ ချပြရဲကြတဲ့ Female Idol 5 ‌ယောက်

ig/@official.song.jihyo,@leehyori.leehyolee

ကိုးရီးယားရဲ့ အနုပညာရှင်တော်တော်များများက မိတ်ကပ်မပါတဲ့ ပုံစံကို ပရိတ်သတ်တွေဆီမှာ မချပြရဲကြပါဘူး။ မိတ်ကပ်လိမ်းထားတဲ့ ပုံစံနဲ့ မိတ်ကပ်လုံးဝ မလိမ်းထားတဲ့ ပုံစံရဲ့ ကွဲပြားမှုတွေကြောင့် ပရိတ်သတ်တွေဆီမှာ ဝေဖန်ခံရမှာတွေကို ကြောက်တတ်ကြတဲ့ အတွက်ကြောင့်ပါ။ ဒါပေမယ့် ဒီဆယ်လီငါးယောက်ကတော့ ဘယ်သူ့ရဲ့ ဝေဖန်မှုတွေကိုမှ ဂရုမစိုက်ပဲ သူတို့ရဲ့ မိတ်ကပ်မပါတဲ့ နဂိုအလှကို variety show မှာ ပေါ်ပေါ်ထင်ထင်ပဲ ချပြခဲ့ကြပါတယ်။

Song Jihyo

Song Jihyo ကတော့ သဘာဝ အလှပိုင်ရှင်မလေးလို့တောင် ပြောလို့ရပါတယ်နော်။ သူမကို ‘Running Man’ variety show မှာ မိတ်ကပ်မပါပဲ တော်တော်များများ မြင်ဖူးကြမှာပါ။ သူမက ယောကျာ်းလေးတွေနဲ့ တန်းတူ ပြိုင်ဆိုင်နိုင်ပြီး အနိုင်လိုချင်စိတ် ရှိတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမရဲ့ ပဲမများတတ်ပဲ အရမ်းကို သဘာဝဆန်ဆန် ပါဝင်ယှဉ်ပြိုင်တတ်ပုံတွေက ပရိတ်သတ်တွေရဲ့ အချစ်ကို ပိုရရှိခဲ့သူပါ။

READ
မြမြ အကြောင်း ရုပ်ရှင်ရိုက်မယ်လို့ ပြောလိုက်တဲ့ ညိုမင်းလွင်

Jeon Somin

https://www.instagram.com/p/Bh3Md_Dgsn8/?utm_source=ig_embed&utm_campaign=loading

Jeon Somin ဟာလည်း ‘Running Man’ အစီအစဉ်ကို နောက်ပိုင်းမှ ဝင်ရောက်လာခဲ့သူ တစ်ယောက်ပါ။ ဒါပေမယ့်လို့ သူမဟာလည်း သူမရဲ့ နဂိုရုပ်ရည်ကို ချပြရဲပြီး အဖွဲ့သားတွေနဲ့ အလွယ်တကူပဲ ရင်းနှီးမှုကို ရရှိလာသူတစ်ယောက်ပါ။

Lee Hyori

View this post on Instagram

W for winners

A post shared by 이효리 (@hyori.leee) on

သီချင်းအမိုက်စားတွေနဲ့ အကကို ပိုင်နိုင်လှတဲ့ အဆိုတော်၊ သရုပ်ဆောင် Lee Hyori ဟာလည်း သူမရဲ့ မိတ်ကပ်မပါတဲ့ ပုံစံကို variety show မှာ ချပြရဲသူတစ်ယောက်ပါ။ သူမကို တော်တော်များများက ဖက်ရှင်ကျပြီး ယုံကြည်မှုရှိရှိ နေတတ်တဲ့ ပုံစံတွေကြောင့် ပိုသဘောကျတတ်ကြပါတယ်။

READ
စုလှိုင်ဝင်းရဲ့ Instagram ထက်က ပုံအလန်းများ

Girl’s Day’s Hyeri

https://www.instagram.com/p/B6vFqIeBJxr/?utm_source=ig_embed&utm_campaign=loading

Girl’s Day အဖွဲ့ဝင် Hyeri ဟာလည်း variety show တွေမှာ တကယ့်ကို မရှက်မကြောက်ပဲ ပီပီပြင်ပြင် ပါဝင်တတ်သူ တစ်ယောက်ပါ။ သူမရဲ့ မိတ်ကပ်မပါတဲ့ ပုံစံတော်တော်များများကို variety show တွေမှာ တွေ့နိုင်ပါတယ်။

MAMAMOO’s Hwasa

MAMAMOO အဖွဲ့ဝင် Hwasa ကလည်း သူမရဲ့ မိတ်ကပ်မပါတဲ့ ပုံစံကို variety show တွေမှာ ချပြခဲ့သူ တစ်ယောက်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ အစားအသောက်တွေကို အားရပါးရ စားပြသွားတဲ့ သူမရဲ့ ပုံစံက တကယ့်ကို ရိုးရှင်းပြီး ဟန်မဆောင်တတ်တဲ့ ပုံစံကို မြင်နိုင်ပါတယ်နော်။

Khin

SHARE