‘Queens of Intros’ လို့တင်စားခံထားရတဲ့ အမျိုးသမီး Kpop idol (၅) ယောက်

ig/@ennie.nation,@krystalfx__jsj

ကိုးရီးယားပရိတ်သတ်တွေရဲ့ ရွေးချယ်မှုအရ ဒီအမျိုးသမီး kpop idol ငါးယောက်ဟာ ကိုယ်ပိုင်ဟန်ရှိပြီး ထူးခြားတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားသူအဖြစ် သတ်မှတ်ခံထားရသူတွေပဲ ဖြစ်ပါတယ်။ ပထမဆုံး သီချင်းအဖွင့်မှာတင် တကယ့်ကို ဆွဲဆောင်မှုရှိရှိ ညို့အားပြင်းပြင်းနဲ့ ဦးဆောင်နိုင်သူတွေဖြစ်လို့ ‘Queens of Intros’ လို့ ခေါ်ဝေါ်တတ်ကြပါတယ်ဆိုတဲ့အကြောင်းကို koreaboo ကခုလိုဖော်ပြထားပါတယ်။ ကဲ ဘယ်သူတွေက ဘယ်လောက်တောင် ဆွဲဆောင်မှုရှိနေလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

Nayeon (TWICE)

https://www.instagram.com/p/B3HO4BjAyzd/?utm_source=ig_embed&utm_campaign=loading

ချောမောပြီး ချစ်စရာကောင်းလွန်းတဲ့ TWICE အဖွဲ့ဝင် Nayeon ရဲ့ စင်မြင့်ပေါ်က ဖျော်ဖြေမှုတွေက တကယ့်ကို ဆွဲဆောင်မှုရှိလွန်းနေပါတယ်နော်။ တစ်ခါတစ်လေမှာ သူ့ရဲ့ ပြီးပြည့်စုံတဲ့ intro တွေကြောင့်လည်း သူမကို “Queens of Intros” လို့ခေါ်ကြတာ ဖြစ်ပါတယ်။

Jennie (BLACKPINK)

https://www.instagram.com/p/CBAn7SQCxnx/

BLACKPINK အဖွဲ့ဝင် Jennie ရဲ့ အားပြင်းတဲ့ ဆိုဟန်နဲ့ ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ ပုံစံကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူလည်း ဖြစ်ပါတယ်။ ထူးခြားပြီး ညို့ဓာတ်ပါတဲ့ ကိုယ်ပိုင်ဟန်တွေကြောင့်ပဲ “Queen of Intros” လို့ သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။

READ
Paris မှာ အတူတူ ပြန်တွဲတွေ့ရတဲ့ သူတို့နှစ်ယောက်

Seulgi (Red Velvet)

https://www.instagram.com/p/BucYDoPAKoX/?utm_source=ig_embed&utm_campaign=loading

Red Velvet အဖွဲ့ရဲ့ Seulgi ဟာလည်း သူမရဲ့ လန်းဆန်းတက်ကြွတဲ့ ပုံစံနဲ့ အမိုက်စား အကတွေက တစ်ဘက်လလူကို ငေးမောသွားအောင် ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ သူမရဲ့ အဖွင့်ကောင်းတဲ့ သီချင်းတွေကြောင့်ပဲ သူမကို “Queen of Intros” အဖြစ် ခေါ်တွင်ကြပါတယ်။

Taeyeon (Girl’s Generation)

Girl’s Generation အဖွဲ့ဝင် Taeyeon က တကယ့်ကို အမိုက်စား တင်ဆင်မှုတွေနဲ့ ဆွဲဆောင်နိုင်စွမ်းရှိမှုတွေကြောင့် အဖွဲ့ရဲ့ Genie အဖြစ် သတ်မှတ်ခံထားရသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

READ
Live ဗီဒီယိုဖိုင်အတွက် ပြန်ဖြေရှင်းခဲ့တဲ့ ဇေရဲထက်

Krystal (f(x))

f(x) အဖွဲ့ဝင် Krystal ဟာ အဖွဲ့ရဲ့ သီချင်းတော်တော်များများ intro ကို သီဆိုထားသူဖြစ်ပြီးတော့ သူမရဲ့ လှုပ်ရှားမှုတိုင်းက အားလုံးကို အသက်ရှုမှားလောက်အောင် ဆွဲဆောင်နိုင်လို့ ‘Queens of Intros’ ဆိုပြီး ခေါ်တွင်ပါတယ်။

Khin

SHARE