အစားအစာနဲ့ ပတ်သက်ပြီး သင်ဒါတွေ သတိထားမိရဲ့လား

မြန်မာတို့ဟာ မိရိုးဖလာ၊ ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းသူများ ဖြစ်တာနဲ့အညီ နေ့စဉ်စားသောက်ပုံ အလေ့အထ၊ အစားအသောက်နဲ့ ပတ်သက်တဲ့ အယူအဆတွေမှာလည်း ရှေးရိုးအစဉ်အလာကို အများအားဖြင့် ထိန်းသိမ်းထားကြ ပါတယ်။ အစဉ်အဆက်က ယုံမှတ်ခဲ့ကြတဲ့ အစားအသောက်နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများမှာ ကောင်းတဲ့အရာတွေ လည်း ရှိသလို၊ လွဲမှားနေတဲ့ အယူအဆတွေလည်း ရှိနေပါတယ်။ ထိုယုံတမ်းစကားတွေထဲမှာမှ ခေတ်ကာလနဲ့ မကိုက်ညီ တော့လို့ မမှန်ကန်တော့တဲ့အရာတွေရှိသလို၊ လွဲမှားပြီးသား အယူအဆတွေလည်း ရှိနေပါတယ်။ အစားအစာဆိုတာဟာ ကျန်းမာရေးအတွက် အလွန်အရေးကြီးတာမို့ ဒီလိုလွဲမှားနေတဲ့ အယူအဆတွေကို သိရှိထားသင့်ပါတယ်။

လူသိများတဲ့ အစားအသောက်ဆိုင်ရာ ယုံတမ်းစကားများ

  • “အာလူးစားရင် တင်ပါးကြီးတယ်”။ ဒါဟာ မြန်မာလူမျိုးများကြားမှာ ကျော်ကြားတဲ့ အစားအသောက် ဒဏ္ဍာရီတစ်ခု ဖြစ်ပါတယ်။ တကယ်တမ်းမှာ အာလူးဟာ ကာဘိုဟိုက်ဒရိတ်ဓာတ် ပါဝင်ပြီး ခန္ဓာကိုယ်အတွက် အားအင်ဖြစ်စေတာ ဖြစ်ပါတယ်။ အာလူးစားရင် အဆီတက်တယ်လို့ အချို့က ထင်ကြတာလည်း ရှိပါတယ်။ တကယ်တမ်းမှာ အာလူးက အဆီတက်တာ မဟုတ်ဘဲ တွဲဖက်စားသုံးတဲ့ ဆီတွေ၊ ချိစ်တွေကြောင့် အဆီတက်တာ ဖြစ်ပါတယ်။
  • “ကြက်ဥက ၀ိတ်တက်စေတယ်”။ ကြက်ဥအနှစ်မှာ ကိုလက်စထရော အနည်းငယ် ပါဝင်ပေမယ့်လည်း ပုံမှန်စားသုံးမှု ပမာဏအတွက် ကြီးမားတဲ့ ဆိုးကျိုးသက်ရောက်မှု မရှိပါဘူး။ ဒါ့အပြင် ကြက်ဥမှာ ပရိုတင်း၊ အိုမီဂါ သရီးအဆီ၊ ဗီတာမင်နဲ့ သတ္တုဓာတ်များ ပါဝင်လို့ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ပညာရှင်များရဲ့အဆိုအရ တစ်ပတ်မှာ ကြက်ဥ၊ဘဲဥ လေးငါးလုံးခန့် စားသုံးခြင်းဟာ ပုံမှန်ဖြစ်ပြီး သိသာကြီးမားတဲ့ ဆိုးကျိုးမရှိဘူးလို့ သိရပါတယ်။
  • “ငရုတ်သီးစားခြင်းနဲ့ လက်ဖက်စိမ်း (Green Tea)သောက်ခြင်းဟာ အဆီကျစေတယ်”။ ဒါဟာလည်း လွဲမှားနေတဲ့ အယူအဆတစ်ရပ် ဖြစ်ပါတယ်။ ငရုတ်သီးနဲ့ Green Tea တို့ဟာ အစာချေနှုန်းကို မြင့်တက်စေပြီး အဆီကျစေနိုင် တယ်လို့ အများစုက ယုံမှတ်ထားကြပါတယ်။ ဒါပေမယ့်လည်း ထိုယုံကြည်မှုနဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ တွေ့ရှိထားတဲ့ သက်သေပြချက်တစ်ခုမျှ မတွေ့ရှိရသေးပါဘူး။
READ
သင့်ရင်သွေးလေးတွေ ဘာကျွေးကျွေးမငြင်းဘဲ စားစေချင်ရင် ဒီနည်းလေးတွေလုပ်ကြည့်ပါ

တွဲဖက်မစားသင့်သော အစားအစာများ

နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာ ကျန်းမာရေးအတွက် အရေးကြီးလို့ ၄င်းတို့နဲ့ ပတ်သက်တဲ့ အယူအဆအမှားတွေ ကို သိထားသင့်သလို တွဲဖက်မစားသင့်တဲ့ အတွဲအစပ်တွေကိုလည်း သိရှိထားသင့်ပါတယ်။ လူအများစု သိရှိထားပြီး ဖြစ်နိုင်ပေမယ့် သတိပြုနိုင်ဖို့အတွက် တွဲဖက်စားသုံးမိတဲ့အခါ အန္တရာယ်ရှိနိုင်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုပါ တယ်။

  • ကြက်မောက်သီးကို သကြားနဲ့ တွဲစားမိရင် သေတတ်ပါတယ်။
  • ခိုသားနဲ့ ချင်း တွဲစားမိရင် သေတတ်ပါတယ်။
  • ကျွဲခေါင်းသီးနဲ့ လက်ဖက် တွဲစားမိရင် သေတတ်ပါတယ်။
  • ချောကလက်နဲ့ ပဲမြစ် တွဲစားမိရင် သေတတ်ပါတယ်။
  • ကော်ဖီနဲ့ ဂျယ်လီ တွဲစားမိရင် သေတတ်ပါတယ်။
  • ကြက်သားနဲ့ ကြက်ဟင်းခါးသီးကို တွဲဖက်စားသုံးမိတဲ့အခါ အော့အန်တတ်ပါတယ်။
  • စိမ်းစားဥနဲ့ ရေခဲချောင်း တွဲစားမိတဲ့အခါ ရင်ကြပ်ချောင်းဆိုး ဖြစ်တတ်ပါတယ်။
  • သခွားသီးနဲ့ ရေခဲချောင်း တွဲစားမိရင်လည်း ပန်းနာရင်ကြပ် ဖြစ်တတ်ပါတယ်။
READ
မိသားစုနဲ့ ခရီးထွက်မယ်စဉ်းစားထားရင် ဒါလေးတွေ အရင်ဖတ်ကြည့်ပါ။

ရေပန်းစားနေဆဲ ယုံတမ်းစကားများ

အစားအစာတွေနဲ့  ပတ်သက်လို့ ယုံတမ်းစကားတွေ ပြောလေ့ရှိကြရာမှာ နာမည်ကြီး အမှတ်တံဆိပ် စားသောက်ကုန် တွေအထိ ပါဝင်ပါတယ်။ နာမည်ကြီးအမှတ်တံဆိပ် စားသောက်ကုန်တွေနဲ့ ပတ်သက်တဲ့ ယုံတမ်းစကားတွေနဲ့ ကောလာဟလတွေဟာလည်း မြန်မာလူမျိုးများအကြား ပျံ့နှံ့ဝင်ရောက်လျက် ရှိပါတယ်။ ဥပမာအားဖြင့် ခနောကြက်သား မှုန့်ဟာ ကြက်ပေါက်ကလေးတွေနဲ့ ပြုလုပ်ထားတယ်ဆိုတဲ့ ယုံတမ်းစကား၊ ကောလာဟလတစ်ခုလည်း ရှိနေပါတယ်။ တကယ့်အမှန်ကတော့ ခနောကြက်သားမှုန့်ကို အရွယ်ရောက်ပြီးသား ကြက်တွေနဲ့ အရည်အသွေးမြင့် ပါဝင်ပစ္စည်းများ၊ လတ်ဆတ်တဲ့ ဟင်းခတ်အမွှေးအကြိုင်များဖြင့်သာ ကျင့်ဝတ်နဲ့အညီ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ခနောဟာ FSSC 22000 certificate ကို ရရှိထားတဲ့ မြန်မာပြည်တွင်းက တစ်ခုတည်းသော ကုန်အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝအရင်းအမြစ်တွေဖြစ်တဲ့ ပြောင်းဖူးနဲ့ သကြားတို့က ထုတ်လုပ်ထားတဲ့ MSG (19%) ပါဝင်ပြီး တာရှည်ခံ ဓာတုဆေးဝါးတွေ မပါဝင်လို့ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ခနောကြက်သားမှုန့်ဟာ လွယ်လင့်တကူနဲ့ ဟင်းလျာတွေကို အရသာရှိစေပါတယ်။

ခုဆိုရင်တော့ အမှန်လား၊ အမှားလား မသေချာဖြစ်နေတဲ့ အစားအသောက်နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားတွေကို ရှင်းရှင်း လင်းလင်း သိရှိပြီးဖြစ်လို့ ပိုမိုအာဟာရပြည့်ဝ၊ မှန်ကန်စွာ စားသောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးပဲ ကျန်းမာ ရွှင်လန်းကြပါစေ။

Sponsored by Knorr

SHARE