သမိုင်းတစ်လျှောက် ဝင်ငွေအများဆုံးရရှိခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင်ကား ၅ ကား

pinterest;Karen Waulk/today in history

ဒီကနေ့မှာတော့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် သမိုင်းတစ်လျှောက်ဝင်ငွေအများဆုံး ရရှိခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင်ကားကောင်း ၅ ကားကို နံပါတ် ၅ ကနေစပြီး ဖေါ်ပြပေးလိုက်ပါတယ်။ ဒီဇာတ်ကားတွေထဲမှာ ဘယ်ဇာတ်ကားကို အကြိုက်ဆုံးလဲ ။

5. Avengers: Infinity War (2018)

ကမ္ဘာကြီးကို ဖျက်စီးပစ်မယ့် Thanosရဲ့ ရန်ကနေ ကာကွယ်နိုင်ဖို့အတွက် Iron Man, Thor, the Hulk နဲ့ အခြား စွမ်းအားရှင်တွေက စုပေါင်းပြီးတော့Thanos ကို တိုက်ခိုက်ကြတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ရိုက်ကူးရေးအတွက် ဒေါ်လာ ၃၁၆ သန်းပဲ အသုံးပြုခဲ့ပေမဲ့  ဒေါ်လာ၂.၀၅ ဘီလျံ ဝင်ငွေကို ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။

4. Star Wars: The Force Awakens (2015)

Galactic Empire ကို ရှုံးနိမ့်ခဲ့ပြီးနောက် နှစ်ပေါင်း ၃၀ အကြာမှာ စကြာဝဠာပေါ်ကို Kylo Ren ဆီကနေ ခြိမ်းခြောက်မှုတွေ ထပ်မံရရှိခဲ့တဲ့အခါ Rey နဲ့ Finn တို့နှစ်ယောက် ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို စောင့်ကြည့်ရမှဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒေါ်လာ ၃၀၆ သန်းနဲ့ ရိုက်ကူးထားပြီး ပြန်လည်ရရှိတဲ့ ဝင်ငွေကတော့ ဒေါ်လာ ၂.၀၇ ဘီလျံဖြစ်ပါတယ်။

READ
ဆယ်ကျော်သက်တစ်ဦးရဲ့ 3D ကော်ဖီ ပုံဖော်လက်စွမ်းပြထားမှုများ

3. Titanic (1997)

လူတိုင်းသိကြတဲ့ နာမည်ကျော် ဒီအချစ်ဇာတ်လမ်းလေးကတော့ ရိုက်ကူးရေးအတွက် ဒေါလာ သန်း ၂၀၀ အသုံးပြုခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၂.၁၉ ဘီလျံကို ရရှိခဲ့တာဖြစ်ပါတယ်။

2. Avatar (2009)

ဒီဇာတ်လမ်းကလည်း Avatarsမျိုးနွယ်စုက ဂြိုလ်သူမလေးနဲ့ Jake Sully ဆိုတဲ့ လူသားတို့ရဲ့ကြားက ချစ်ခြင်မေတ္တာကို ရိုက်ကူးပြထားတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒေါ်လာ ၂၃၇ သန်းအသုံးပြုရိုက်ကူးခဲ့ပြီး ဒေါ်လာ ၂.၇၉ ဘီလျံဝင်ငွေရရှိခဲ့ပါတယ်။

1. Avengers: Endgame (2019)

ဒီဇာတ်ကားကတော့ မကြာသေးခင်ကမှ ရုံတင်ပြသသွားခဲ့တဲ့ ဇာတ်ကားပြီး ရိုက်ကူးဖို့အတွက် ဒေါ်လာ ၃၆၅ သန်းအသုံးပြုခဲ့ပြီး ဒေါ်လာ ၂.၇၉၅ ဘီလျံ ဝင်ငွေရရှိခဲ့ပါတယ်။

READ
ချစ်သူသက်တမ်း(၈)နှစ်ပြည့်သွားတဲ့ နိုင်းဝမ်းတို့ စုံတွဲ

Source: pastemagazine

SHARE