မင်းသမီး Seo Ye-Ji ရဲ့ ပတ်သတ်ပြီး လူသိနည်းသေးတဲ့ စိတ်ဝင်စားဖွယ် အချက်(၅)ချက်

YouTube/It'sOkayNotToBeOkay

Netflix original series တစ်ခုဖြစ်တဲ့ It’s Okay Not To Be Okay ကတော့ လက်ရှိအချိန် ကမ္ဘာတစ်ဝန်းမှာ အအောင်မြင်ဆုံး ဇာတ်လမ်းတွဲတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ ပျိုတိုင်းကြိုက် နာမည်ကြီး မင်းသား ဖြစ်သူ Kim Soo-Hyun ရဲ့ စစ်မှုထမ်းပြီး ပထမဆုံးထွက်ရှိခဲ့တဲ့ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ မင်းသမီးဖြစ်သူ  Seo Ye-Ji ရဲ့ သရုပ်ဆောင်မှုတွေကြောင့် ဒီဇာတ်လမ်းကပိုပြီး နာမည်ကြီးလာခဲ့တယ်လို့ ပရိတ်သတ်များစုက လက်ခံထားပါတယ်။

 

(၁)Seo Ye-Ji အသက် ၃၀ အရွယ် တောင်ကိုးရီးယားမင်းသမီး တစ်ဦးဖြစ်ပြီးတော့ (၂၀၁၃) ခုနှစ်ထဲက အနှပညာလောကထဲကို ဝင်ရောက်ခဲ့သူလဲ ဖြစ်ပါတယ်။ Seo Ye-Ji ဟာ သတင်းတင်ဆက်သူလုပ်ရန် ရည်ရွယ်ခဲ့သူတစ်ဦးလဲ ဖြစ်ပါတယ်။

(၂)Ye-Ji ရဲ့ အနှပညာ လုပ်ငန်းအစကတော့ SK Telecom ရဲ့ကြော်ငြာကနေ စတင်ခဲ့တာဖြစ်ပါတယ်။ (၂၀၁၃) ခုနှစ်ထဲမှာပဲ SK Telecom ကြော်ငြာနှင့်အတူ Potato Star 2013QR3 ဆိုတဲ့ ကိုးရီးယား sitcom show တစ်ခုမှာ မင်းသမီးအနေနဲ့ စတင်ခဲ့ပါတယ်။

(၃) (၂၀၁၄)ခုနှစ်မှာတော့ 33rd MBC Drama Awards မှာ Ye-Ji ရဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ Diary Of A Night Watchman မှာ Best New Actress ဆုအတွက် ဆန်ကာတင်စာရင်း ၀င်ခဲ့ပေမယ့် ဆုတော့မရရှိခဲ့ပါဘူး။

(၄)Ye-Ji ရဲ့အအောင်မြင်ဆုံးနဲ့ လူကြိုက်အများဆုံး ဇာတ်ကောင်နေရာကတော့ It’s Okay Not To Be Okay ထဲက Ko Moon Young ဆိုတဲ့ ဇာတ်ကောင်နေရာပဲ ဖြစ်ပါတယ်။ ထူးထူးခြားခြား အနေနဲ့ကတော့ Big Bang ရဲ့ Let’s Not Fall In Love ဆိုတဲ့ MTV မှာလဲ ဝင်ရောက် သရုပ်ဆောင်ခဲဖူးပါတယ်။

(၅)Ye-Ji သရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်ကောင်နေရာတွေက တစ်ခုနဲ့ တစ်ခု လုံးဝမတူညီပဲ ကွဲပြားခြားနား လွန်းပါတယ်။ Ye-Ji က ကျရာဇာတ်ရုပ်မှာ ကောင်းမွန်စွာ သရုပ်ဆောင်နိုင်သူ အဖြစ်လဲ ချီးမွန်းခြင်း အမြဲခံရတဲ့ မင်းသမီးတစ်ယောက်ဆိုလဲ မမှားပါဘူး။ Ye-Ji က ဟိုမရောက် ဒီမရောက် ကြားနေ Character တွေထက် သူ့အတွက် လုပ်ကွက်ရှိပြီး မတူညီတဲ့ ဇာတ်ရုပ်တွေပဲ ပိုသဘောကျတယ်လို့လဲ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ဖူးပါတယ်။

View this post on Instagram

울언니 갭차이 좀 보소.. Everyone is the same person. SEOYEAJI CLASS…🥰 . . . . . . . . . . #인생의낙 . . . . #예지로운 . . . . . . . . #사랑의총 #빵야 #예지사랑 #yeji #komoonyoung #예지예찬 #서예지 #itsokaytonotbeokay #사이코지만괜찮아 #고문영 #서예지팬 #예지예찬 #saveme #seoyeaji #seoyeji #hwarang #김수현 #오정세 #오늘의훈녀 #사랑해요 #lawlesslawyer #개죽이#hwarangthebeginning #yeajiseo #moorimschool #kdrama #kdramas

A post shared by 서예지 ♾ Seoyeaji archive (@yeajiseo) on

TPS

SHARE