ကိုးရီးယားဇာတ်လမ်းတွဲတွေဆိုတာ ကျွန်တော်တို့နိုင်ငံမှာဆိုရင် လူကြိုက်အများဆုံးနဲ့ လူကြည့်အများဆုံး ရုပ်သံစီးရီးတွေလို့ ပြောလို့ရပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရင် ကိုရီးယားဇာတ်လမ်းတွဲတွေဆိုတာ အခုဆိုရင်တော့ ကမ္ဘာ့အနှံ့ကို ထိုးဖောက်ဝင်ရောက်ပြီး တော်တော်လေးကို အောင်မြင်မှု ရရှိနေတဲ့ ရုပ်သံစီးရီးလို့တောင် ပြောနိုင်ပါတယ်။ ဒါ့အပြင် ကိုရီးယားဇာတ်လမ်းတွဲတွေမှာ ပါဝင်တဲ့ အကြောင်းအရာတွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေ၊ ရိုက်ကူးတင်ဆက်ပုံတွေဟာ လူမျိုးဘာသာ အသက်အရွယ်အပိုင်းအခြားမရွေး ကြည့်ရှု့ခံစားနိုင်တဲ့အတွက်ကြောင့်လည်း အခုလိုမျိဲး အောင်မြင်နေရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ၂၀၂၀ ခုနှစ်အတွင်း ပရိသတ်အားပေးမှု အများဆုံး အမိုက်စား K-dramas ၅ ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။
၁။ The Uncanny Counter
ဒီစီးရီးကတော့ လက်ရှိ လူငယ်တွေကြားမှာ တော်တော်လေးကို လူကြိုက်များပြီး ရေပန်းစားနေတဲ့ ကိုရီးယားဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ မတူညီတဲ့ စွမ်းအားကိုယ်စီကို ပိုင်ဆိုင်ထားတဲ့ လူ (၄) ယောက်ကနေပြီးတော့ နိုင်ငံအတွင်းရှိ မကောင်းဆိုးဝါးပူးကပ်နေတဲ့ လူဆိုးတွေကို လိုက်ရှာပြီး မကောင်းဆိုးဝါးတွေကို လိုက်လံနှိမ်နင်းရတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေနဲ့ ဒီ ၄ ယောက်စလုံး ကြုံတွေ့လာတဲ့ အခါမှာ မိသားစုပုံစံမျိုးပူးပေါင်းပြီး မကောင်းဆိုးဝါးတွေကို ဘယ်လိုမျိုးလိုက်လံနှိမ်နင်းမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ Sejeong, Jo Byung-gyu, Yoo Jun-sang အစရှိတဲ့ နာမည်ကြီး အနုပညာရှင်တွေ ပါဝင်အားဖြည့် သရုပ်ဆောင်ထားတာကြောင့် တော်တော်လေးကို ကြည့်လို့ကောင်းတဲ့ K-drama တစ်ကားပဲ ဖြစ်ပါတယ်။ အပိုင်း ၁၆ ပိုင်းအထိရှိပြီး လက်ရှိအရှိတော့ အပိုင်း ၁၀ အထိ ထွက်ရှိထားပြီး ဖြစ်ပါတယ်။
၂။ Hot Stove League
ဒီကိုရီးယာစီးရီးကလည်း နောက်ထပ်လူငယ်အကြိုက် ကိုရီးယားစီးရီးတစ်ခုပါပဲ။ အရှုံးတွေနဲ့ပဲ တောက်လျှောက်ရင်ဆိုင်နေရတဲ့ Baseball အသင်းတစ်သင်းဟာ ဘယ်လိုပုံစံမျိုးနဲ့ come back ဖြစ်လာမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတဲ့ စီးရီးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီစီးရီးမှာ အဓိကပေးသွားတဲ့ message ကတော့ အရှုံးတွေနဲ့ ဘယ်လောက်ပဲ ရင်ဆိုင်နေရပါစေ၊ ကိုယ်ကိုယ်တိုင်က လက်လျှော့လိုစိတ်မရှိဘူးဆိုရင် အဲဒီအရှုံးတွေဟာ တစ်ချိန်ကျရင် ကိုယ့်ဘဝရဲ့ အချိုမြိန်ဆုံး အောင်မြင်မှုတစ်ခု ဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲဆိုတာပါပဲ။ အပိုင်း ၁၆ ပိုင်းသာရှိတဲ့ ဒီစီးရီးထဲမှာတော့ Namgoong Min, Park Eun-bin, Jo Byung-gyu တို့လို လူငယ်အကြိုက် အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။
၃။ Extracurricular
Action-crime ဇာတ်လမ်းမျိုးကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက်တော့ ကြည့်ဖို့အသင့်တော်ဆုံး ကိုရီးယားဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ကျောင်သားအဖွဲ့တစ်ဖွဲ့ကနေ ဝင်ငွေတစ်ခုရအောင် ပြုလုပ်နေတဲ့ ကျောင်းသားတစ်ဦးဟာ မမျှော်လင့်ထားပဲနဲ့ ပြစ်မှုကြီးတစ်ခုကို ကျူးလွန်လိုက်မိပါတယ်။ ကျူရှင်လခတွေပေးဖို့အတွက် ဖြတ်လမ်းလိုက်မိတဲ့ အဆိုကျောင်းသားဟာ သူကျူးလွန်မိခဲ့တဲ့ ပြစ်မှုထဲကို သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေကိုပါ ဆွဲထည့်မလား၊ ကျောင်းသားဆိုတဲ့ ခေါင်းစဉ်အောက်မှာ cover ယူပြီး ဘယ်လိုပုံစံမျိုးနဲ့ ဥပဒေကို လက်တစ်လုံးခြား လုပ်မလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှု့ရမယ့် စီးရီးဇာတ်ကားဖြစ်ပါတယ်။ ၁၀ ပိုင်းသာ ရှိပြီး season 1 အထိပဲ ထွက်ရှိထားသေးတဲ့ Extracurricular စီးရီးကို Netflix က ရိုက်ကူးထုတ်လွှင့်ခဲ့တာပြီး Skycastle, Itaewon class ထဲမှာ လူသိများခဲ့တဲ့ မင်းသား Kim Dong Hee ကတော့ ဒီစီးရီးထုမှာ ပထမဦးဆုံး ခေါင်းဆောင်မင်းသားနေရာက သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
၎။ The World Of The Married
ဒီစီးရီးကတော့ ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူတော်တော်များများ ကြိုက်ခဲ့ကြတဲ့ စီးရီးတစ်ခုပါပဲ။ အိမ်ထောင်ပြုချင်တဲ့လူတွေ၊ အိမ်ထောင်ကျပြီးသားလူတွေတောင် ဒီစီးရီးကို ကြည့်ပြီးသွားရင် ကိုယ့်ရဲ့ partner ကို အနည်းငယ်သံသယဝင်သွားနိုင်လောက်အောင် ကောင်းလွန်းတဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။ ဖောက်ပြန်တယ်ဆိုတာ ဘယ်လိုမျိုးလဲ၊ မျက်နှာပြောင်တိုက်တယ်ဆိုတာ ဘယ်လိုပုံစံပါလိမ့်၊ အရှက်မရှိဘူးဆိုတာ ဘယ်လိုလူမျိုးကို ပြောတာလဲ၊ စနိုက်ကြော်တယ်ဆိုတာက ဒီလိုကြီးကိုး အစရှိတဲ့ message တွေကို ကွက်ကွက်ကွင်းကွင်းကြီး ရိုက်ကူးပြသထားတဲ့ စီးရီးမျိုးပါ။ အပိုင်း ၁၆ ပိုင်းသာ ပါဝင်ပြီး အိမ်ထောင်သည်ဘဝရဲ့ dark side ဆိုတာတွေကို သိချင်တဲ့ လူတွေအတွက်တော့ ကြည့်ရှု့သင့်တဲ့ ကိုရီးယားစီးရီးတစ်ခုပဲ ဖြစ်ပါတယ်။
၅။ The Penthouse: War in Life
ဒီကားကတော့ လက်ရှိအချိန်မှာ လူတိုင်းလိုလို ကြည့်ဖြစ်နေကြတဲ့ ကိုရီးယားစီးရီးတစ်ခုပါ။ အပိုင်း ၂၁ အထိ ထွက်ရှိထားပြီး လက်တလောမှာတော့ season 1 ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ မတူညီတဲ့ အသိုင်းအဝိုင်း ၃ ခုကနေ ပေါက်ဖွားလာခဲ့တဲ့ အမျိုးသမီး ၃ ယောက်ဟာ သူမတူတဲ့ ဘဝပေးအခြေအနေတွေနဲ့ ကြီးပြင်းလာရတာ ဖြစ်ပါတယ်။ ဒီလိုမျိုး အမျိုးသမီး ၃ ယောက်ဟာ ယောကျာ်းတစ်ယောက်တည်းနဲ့ ဘယ်လိုမျိုးတွေ ဆက်ဖြစ်ကြမလဲ၊ သူမတူတဲ့ နည်းလမ်းမျိုးတွေနဲ့ ဘယ်လိုပုံစံမျိုးတွေ ဖောက်ပြန်ကြမလဲဆိုတာကို မထစတမ်းဖြစ်သွာလောက်အောင်ကို ခံစားကြည့်ရှု့ရမယ့် ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။
Pyi Hein Kyaw