တစ်စုံတစ်ယောက်ကို ဆုံးရှုံးရပြီးနောက် သင် ရရှိလိုက်မယ့် သင်ခန်းစာ (၅)ခု

ဘဝမှာ ကိုယ့်အတွက် အရေးပါသူ တစ်ယောက်ယောက်ကို ဆုံးရှုံးရတာဟာ အင်မတန်မှ ထိခိုက်ကြေကွဲဖွယ်ကောင်းတဲ့ အတွေ့အကြုံပါ။ ကိုယ်ချစ်တဲ့သူကို ဆုံးရှုံးချင်တဲ့သူဆိုတာ ဘယ်ရှိပါမလဲ။ ဒါပေမယ့် အချစ်ဇာတ်လမ်းအားလုံးဟာ နတ်သမီးပုံပြင်လို ကြည်နူးဖွယ်ရာနဲ့ ဇာတ်မသိမ်းနိုင်ကြပါဘူး။ သင် ဘယ်လောက်ပဲ ချစ်ချစ် နောက်ဆုံးမှာ ကိုယ်ထိန်းချုပ်လို့မရနိုင်တာတွေက သူ့အလိုလို အဆုံးသတ်သွားနိုင်ပါတယ်။

ဒါပေမယ့် ဒီနာကျင်မှုတွေကို နှုတ်ဆက်ပြီး ဘဝကို ရှေ့ဆက်စရာ ရှိတာ ရှေ့ဆက်ရမှာပါပဲ။ အရေးကြီးတာက အရှုံးထဲက သင်ခန်းစာ ယူတတ်ဖို့ပါ။ အဆိုးထဲက အကောင်းကို ရှာတတ်ရပါမယ်။ ဒါကြောင့် ဒီတစ်ခါ Shwemom ပရိသတ်ကြီးအတွက် တစ်စုံတစ်ယောက်ကို ဆုံးရှုံးပြီးတဲ့အခါ ကိုယ့်အတွက် ဘယ်လိုအကျိုးရှိတဲ့ သင်ခန်းစာတွေ ယူတတ်ရမလဲ၊ ရနိုင်မလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

(၁) ဘဝမှာ တကယ်အရေးကြီးတာက ဘာလဲဆိုတာ သိလာစေမယ်။ ကားလမ်းတွေ ပိတ်လို့ ဒေါသထွက်တာမျိုးတွေ၊ အလုပ်မှာ အဖွဲ့ထဲက တစ်ယောက်ယောက်က တလွဲလုပ်လို့ စိတ်တိုရတာတွေ၊ သူငယ်ချင်းနဲ့ ရန်ဖြစ်ပြီး စိတ်ကောက်ရတာတွေ၊ ဒီလိုစိတ်ညစ်စရာတွေက အကြီးကြီးလို့ ထင်ဖူးမှာပါ။ ဒါကြောင့် တစ်စုံတစ်ယောက်ကို ဆုံးရှုံးတဲ့ ခံစားချက်တွေ ခံစားပြီးနောက်မှာ ဒီလိုအသေးအဖွဲတွေက ဘာမှ မဟုတ်တော့ပါဘူး။ တော်ရုံကိစ္စကို ခံစားနေတတ်တော့မှာ မဟုတ်ပါဘူး။

READ
ရုံးတွင်းအချစ်ဇာတ်လမ်း၏ ကောင်းကျိုး ဆိုးကျိုးများ
Shutterstock

(၂) ကိုယ်ချင်းပိုစာတတ်သူ ဖြစ်လာမယ်။ ကိုယ်တိုင်က အခက်ခဲဆုံးအခြေအနေကို ကြုံခဲ့ပြီးလို့ ထိခိုက်ပြီးပြီမို့ သူများတွေနေရာမှာလည်း သူလည်း ဒီလိုကြုံရရင် ငါခံစားခဲ့ရသလို ခံစားရမှာပါလားဆိုတဲ့ ကိုယ်ချင်းစာမှုတွေ ခံစားမိတော့မှာပါ။ လူတွေကို ပိုနားလည်လာတတ်မှာပါ။ လူတွေ သူတို့ဘဝမှာ ဘယ်လိုတိုက်ပွဲမျိုး ကြုံနေရလဲဆိုတာ မသိဘဲ သူတို့တွေရဲ့ ဘဝတွေကို မဝေဖန်ပါနဲ့ဆိုတဲ့စကားကို နားလည်လာမှာပါ။

(၃) အသေးအဖွဲလေးတွေလည်း ပိုတန်ဖိုးထားတတ်လာမယ်။ ကြီးကြီးကျယ်ကျယ်တွေမှ တန်ဖိုးထားရမှာ မဟုတ်ဘဲ ကြုံလာသမျှ အခိုက်အတန့်လေးတွေကို အသေးစိတ် ပိုတန်ဖိုးထားလာတတ်ပါလိမ့်မယ်။

(၄) ချစ်ခင်ရသူတွေနဲ့ ဆက်ဆံရေးကို ပိုတန်ဖိုးထားတတ်လာမယ်။ တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရတာဟာ သင် ပိုင်ဆိုင်ထားသေးတဲ့ အခြားအရာတွေရဲ့ တန်ဖိုးကို ပိုသိလာစေပါတယ်။ ချစ်ရတဲ့သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီဆိုရင်လည်း သင့်ဘေးမှာ ရှိနေသေးတဲ့ သင့်ကို ချစ်နေပေးတဲ့သူတွေကို သင်ပိုတန်ဖိုးထားလာမိပါလိမ့်မယ်။

READ
အူကြောင်ကြောင်နဲ့ သိပ်ချစ်တတ်တဲ့ စုံတွဲတွေရဲ့ လက္ခဏာ (၄) မျိုး
Shutterstock

(၅) ပိုပြီး ရဲရင့်လာမယ်။ ဆုံးရှုံးမှုတစ်ခုကို ရင်ဆိုင်လိုက်ရတဲ့အခါ လောကမှာ ဖြစ်ပျက်တာတွေအပေါ် သင့်ရဲ့ အမြင်တွေ ပြောင်းလဲလာမှာပါ။ ရွေးချယ်စရာ မရှိတဲ့ ပြဿနာတွေကို ကြုံလာတဲ့အခါမှာလည်း သင်အရင်ကထက် ပိုရဲရင့်စွာ ရင်ဆိုင်နိုင်လာပါလိမ့်မယ်။ နာကျင်ရမှာတွေကို သိပ်မကြောက်တတ်တော့တာကြောင့် စွန့်စားဖို့လိုတဲ့ အရာတွေအတွက်လည်း စွန့်စားဖို့ ပိုရဲရင့်လာမှာပါ။

Ref: Relrules

SHARE