ကမ္ဘာ့အန္တာရာယ်အများဆုံးလေဆိပ်(၅)ခု

လေယာဉ်မှူးတော်တော်များများဟာ လေယာဉ်ကို ကျွမ်းကျင်စွာ မောင်းနှင်နိုင်ကြတယ်ဆိုတာ သံသယ ဖြစ်စရာ မရှိပါ
ဘူး။ ဒါပေမယ့် အဲဒီ ကျွမ်းကျင်လှပါတယ်ဆိုတဲ့ လေယာဉ်မှုတွေ အကြောက်ဆုံးကတော့ ဝေဟင်အနေအထားဖြစ်တဲ့
ရာသီဥတုဆိုးဝါးမှုနဲ့ မြေပြင်အနေအထား မညီမညာ၊ အဟန့်အတားဖြစ်မှုတွေပဲ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ လေဆိပ်
(၅) ခုဟာ ကမ္ဘာပေါ်မှာ အကြောင်းပြချက် အမျိုးမျိုးနဲ့ အန္တရာယ်အရှိဆုံး လေဆိပ်တွေ ဖြစ်ပါတယ်။

(၁) ပါရိုလေဆိပ်၊ ဘူတန်

ဟိမ၀န္တာတောင်ကမ်းပါးမှာ တည်ဆောက်ထားတဲ့ ဘူတန်နိုင်ငံရှိ ပါရိုလေဆိပ်ဟာ အလွန်အန္တရာယ်များတဲ့ လေဆိပ်ဖြစ်
ပါတယ်။ ကမ္ဘာ့အကျွမ်းကျင်ဆုံး လေယာဉ်မှူး ရှစ်ဦးသာ မောင်းနှင်ဆင်းသက်ခွင့် ရထားတဲ့ လေဆိပ်လည်း ဖြစ်ပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် 1.5 မိုင်မှာ တည်ရှိသလို ဘေးပတ်ပတ်လည်မှာလည်း 18000 အမြင့်ရှိတဲ့ ကျောက်
တောင်တွေက ၀န်းရံနေပါတယ်။

(၂) Princess Juliana International လေဆိပ်၊  St. Maarten ကျွန်း

ကာရစ်ဘီယံပင်လယ်ထဲမှာရှိတဲ့ St.Marrten ကျွန်းပေါ်မှာ တည်ဆောက်ထားတဲ့ Princess Juliana International လေ
ဆိပ်ကလည်း ဆင်းသက်ရ ခက်ခဲတဲ့ လေဆိပ်တစ်ခုဖြစ်ပြီး မြေပြင်အနေအထားလည်း အလွန် မျက်စိရှုပ်စရာ ဖြစ်ပါ
တယ်။ လေယာဉ်ပြေးလမ်းဟာလည်း အရမ်းတိုလှပြီး 7,150 ပေသာလျှင် ရှိပါတယ်။ လေယာဉ်တစ်စင်း ဘေးကင်းလုံခြုံ
စွာဆင်းသက်နိုင်ဖို့ အနည်းဆုံး ပေ 8000-10000 ထိ လိုအပ်ပါတယ်။

READ
ခေတ်အဆက်ဆက်ထွန်းကားခဲ့သော ထူးထူးခြားခြားယဉ်ကျေးမှုများ

(၃) Ice Runway လေဆိပ်၊ Antarctica

အန္တာတိကမှာ ရှိတဲ့ Ice Runway  လေဆိပ်ဟာ နာမည်နဲ့လိုက်အောင်ပဲ လေယာဉ်ပြေးလမ်းအဖြစ် ရေခဲပြင်ကိုသာ
အသုံးပြုရပါတယ်။ အရမ်ချော်တဲ့ ရေခဲပြင်ပေါ်မှာ ဆင်းသက်ရတာ ဖြစ်လို့ လေယာဉ်မှူးတွေသာမက အသက်ပေါင်း
များစွာသော ခရီးသည်တွေအတွက်လည်း အန္တရာယ်များပါတယ်။

(၄) Lukla လေဆိပ်၊ နီပေါ

နီပေါမှာရှိတဲ့ Lukla လေဆိပ်ကလည်း ကမ္ဘာ့အန္တရာယ်အများဆုံး လေဆိပ်ထဲမှာ ပါဝင်ပါတယ်။ ယခုအခါမှာတော့ Tenzing-Hillary Airport လေဆိပ်လို့ အမည်ပြောင်းထားပြီး ဧ၀ရက်တောင်ကို တက်ခဲ့တဲ့ အမျိုးသားနှစ်ယောက်ကို
ဂုဏ်ပြုထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ လေယာဉ်ပြေးလမ်း တိုတောင်လှတဲ့အပြင် ပင်လယ်ရေမျက်နှာပြင်အမြင့်ဆုံး
မှာ တည်ရှိတဲ့ လေဆိပ်ဖြစ်တဲ့အပြင် မြေပြင်ဆွဲအားကို တွက်စရ ခက်တယ်လို သိရပါတယ်။ ဒါ့အပြင် ညပိုင်းမှာ လေ
ဆိပ်မှာ အချက်ပြမီး အနည်းငယ်သာရှိလို့ ဆုံးဖြတ်ချက်လည်း မှားယွင်းနိုင်ပါတယ်။

READ
ကမ္ဘာ့အပြင်းဆုံး အရက်များ

(၅) Saba လေဆိပ်၊ ဟော်လန်

ဟော်လန်နိုင်ငံရဲ့ ဒက်ခ်ျကာရစ်ဘီယံပင်လယ်အော်ထဲမှာတည်ရှိတဲ့ Saba လေဆိပ်ဟာ ကမ္ဘာပေါ်မှာတော့ ပြေးလမ်းအတိုဆုံး လေဆိပ် ဖြစ်ပါတယ်။ ပေ 1300 သာ အရှည်ရှိလို့ လေယာဉ်တွေအတွက် အလွန်အန္တရာယ်ရှိပါတယ်။ လေယာဉ်
တစ်စင် ဘေးကင်းစွာ ဆင်းသက်ရပ်နားနိုင်ဖို့ အနည်းဆုံး ပေ (8000) ရှိရမည်ဖြစ်ပြီး အချို့ အလွန်ကြီးမားတဲ့ လေယာဉ်
တွေအတွက်တော့ ပေ (10000) အထိ လေယာဉ်ပြေးလမ်းက လိုအပ်ပါတယ်။

နတ်စည်တော် (Shwemom)

shwemom post photo (1)

source : wonderslist.com

SHARE