အမေရိကန်ကို ပြောင်းရွေ့အခြေချပြီးမှ ချမ်းသာလာခဲ့တဲ့ ဘီလျံနာသူဌေး(၅)ဦး

Twitter/ElonMusk

အမေရိကန်ပြည်ထောင်စုဆိုတဲ့ နေရာကြီးဟာ ကမ္ဘာပေါ်က တခြားနိုင်ငံတွေထက် ဘီလျံနာတွေကို ဖြစ်စေရောက်စေတဲ့ နေရာကြီးတစ်နေရာပါ။ စတော့အိတ်ချိန်းတွေ၊ ငွေကြေးဈေးကွက်တွေနဲ့၊ ဈေးကွက်စီးပွားရေးတို့အပြင် အမေရိကန်နိုင်ငံရဲ့ စီးပွားရေးမှာ လူတိုင်းလိုလို ချမ်းသာကြွယ်ဝနိုင်ပါတယ်လို့  ကမ္ဘာ့အချမ်းသာဆုံးလူတွေကို လေ့လာသုံးသပ်တဲ့ အဖွဲ့ဖြစ်တဲ့ Wealth-Xအဖွဲ့ကြီးက ဆိုပါတယ်။ အမေရိကန်နိုင်ငံက ဘီလျံနာတွေ၊ မီလျံနာတွေဟာ တကယ်တော့ အမရေိကန်နိုင်ငံမှာ မွေး၊ အမေရိကန်နိုင်ငံမှာကြီးတဲ့ တကယ့်အမေရိကန်တွေတော့ မဟုတ်ပါဘူး။ တကယ်တော့ သူတို့ဟာ အမေရိကန်နိုင်ငံမှာ လာရောက်အခြေချနေထိုင် ပြောင်းရွေ့ပြီမှ သန်းကြွယ်သူဌေး ဖြစ်လာခဲ့ကြသူတွေပါ။

အဲဒီလူတွေကတော့ – 

  • Sergey Brin
YouTube/ABCNews

Larry Page လို့ ဆိုလိုက်တာနဲ့ ကမ္ဘာပေါ်မှာ လူတိုင်းသိတဲ့ နည်းပညာကုမ္ပဏီကြီး Google ကို တည်ထောင်ခဲ့သူလို့ သိကြမှာပါ။ တကယ်တော့ Google ကို တည်ထောင်ခဲ့တာဟာ Larry Page တစ်ယောက်တည်းနဲ့ တည်ထောင်ခဲ့တာမဟုတ်ပါဘူး။ Sergey Brinလို့ ခေါ်တဲ့ လူတစ်ယောက်လည်းပါဝင်ပါသေးတယ်။ သူနဲ့ Larry Page တို့ဟာ Google ရယ်လို့ ဖြစ်လာမယ့် ကုမ္ပဏီကြီးတစ်ခုကို အတူတူစတင်ထောင်ခဲ့ကြတာပါ။ Google ရဲ့ ပထမရုံးခန်းနေရာဟာ ကယ်လီဖိုးနီးယားမှာ တည်ရှိပါတယ်။ ကားဂိုဒေါင်တစ်လုံးထဲမှာပဲ Google စတင်ခဲ့ပါတယ်။ နာမည်အရင်း Sergey Mikhaylovich Brin ရဲ့ မွေးရပ်မြေဟာ အခု ရုရှားနိုင်ငံဖြစ်နေပြီဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုကပါ။ သူ အသက် ၆ နှစ်အရွယ်မှာပဲ အမေရိကန်ဆီကို မိသားစုလိုက်ပြောင်းရွေ့လာခဲ့ကြတာပါ။ အခုလက်ရှိမှာတော့ Sergey Brin ရဲ့ ပိုင်ဆိုင်မှုကတော့  အမေရိကန်ဒေါ်လာ ၅၇.၅ ဘီလျံ  ဖြစ်ပါတယ်။

  • Hamdi Ulukaya

အမေရိကန်စားသောက်ကုန် ကုမ္ပဏီကြီး Chobani ရဲ့ CEO ဖြစ်သူပါ။ အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ Hamdi Ulukayaဟာ ၂၀၀၇ ခုနှစ်မှာ အငယ်စားစီးပွားရေးလုပ်ငန်းလုပ်ဖို့အတွက် အစိုးရဆီကနေ ချေးငွေ ဒေါ်လာ ၃ ထောင် ရရှိခဲ့ပါတယ်။ အဲဒီ ငွေ ဒေါ်လာ ၃ ထောင်ကို အရင်းပြုပြီး ဒိန်ချဉ်လုပ်ငန်းကို စတင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ သူ့ရဲ့ ကုမ္ပဏီဟာ ဒိန်ချဉ်ရောင်းရငွေ နှစ်စဉ် ဒေါ်လာ ၁ဘီလျံကျော်ရောင်းချနေရပါပြီ။ သူလည်းပဲ အမေရိကန်နိုင်ငံမှာ မွေးတဲ့ လူတစ်ယောက်မဟုတ်ပါဘူး။ အမေရိကန်မှာ တက္ကသိုလ်လာတက်ဖို့အတွက် မွေးရပ်မြေတူရကီကနေ ပြောင်းရွေ့လာခဲ့သူတစ်ယောက်ပါ။

  • Eren Ozmen
READ
ဂီတလောကမှာဝင်ငွေအကောင်းဆုံး ဂီတပညာရှင်(၁၀)ဦး
Facebook/UniversityofNevada

Sierra Nevada Corporation လို့ ခေါ်တဲ့ အာကာသလွန်းပျံကုမ္ပဏီတစ်ခုရဲ့ ဥက္ကဌဖြစ်သူပါ။ သူ(မ)ဟာလည်း အမေရိကန်နိုင်ငံမွေးလာတဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး။ သူ(မ)ရဲ့ နေရပ်ကတော့ တူရကီနိုင်ငံမှာပါ။ ၁၉၉၄ ခုနှစ်မှာတော့ သူ(မ)နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ သူတို့ရဲ့လက်ရှိအိမ်ကို ပေါင်နှံပြီး Sierra Nevada Corporation ကို ဝယ်ယူခဲ့ပါတယ်။ အခုအချိန်မှာတော့ Sierra Nevada Corporation ဟာ အာကာသလွန်းပျံယာဉ်လုပ်ငန်းကနေ ဒေါ်လာသန်းပေါင်းများစွာရရှိနေခဲ့ပါပြီ။ ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ ၁.၄ ဘီလျံပါ။

  •  Jorge Pérez
WikimediaCommons

Jorge Pérez ရဲ့ မွေးရပ်မြေကတော့ အာဂျင်တီးနားနိုင်ငံကပါ။ သူဟာ အမေရိကန်နိုင်ငံကို ပညာသင်ဖို့အတွက်ရောက်ရှိလာခြင်းဖြစ်ပြီး နောက်ပိုင်းမှာတော့ ဘီလျံနာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ မိုင်ယာမီအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကနေ ရရှိခဲ့တာပါ။ အခုအချိန်မှာ အသက် ၇၀ ရှိနေပြီဖြစ်တဲ့ သူဟာ အမေရိကန်နိုင်ငံဆီကို ကောလိပ်တက်ဖို့အတွက် ရည်ရွယ်ချက်နဲ့ ရောက်ရှိလာတာပါ။ နောက်ပိုင်းမှာတော့ သူဟာ မြို့ပြစီမံကိန်းလုပ်ငန်းခွင်မှာ အလုပ်ဝင်လုပ်ခဲ့ရင်းနဲ့ သန်းကြွယ်သူဌေးဘဝကို ရောက်ရှိခဲ့ပါတယ်။ ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ ၁.၉ ဘီလျံပါ။

  • Elon Musk

အထင်ကရ စီးပွားရေးလုပ်ငန်းရှ်တစ်ယောက်ဖြစ်တဲ့  Elon Musk ဟာလည်း အမေရိကန်နိုင်ငံက မဟုတ်ပါဘူး။ တောင်အာဖရိကနိုင်ငံပါ။ သူဟာ တောင်အာဖရိကနိုင်ငံမှာ မွေးဖွားခဲ့ပြီး ကနေဒါနိုင်ငံမှာ အလုပ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန်နိုင်ငံဆီကို ရောက်ရှိလာခဲ့တာပါ။ အမေရိကန်နိုင်ငံကို ရောက်ရှိလာတဲ့ ရည်ရွယ်ချက်ကတော့ ပညာရေးအတွက်ပါပဲ။ Pennsylvania တက္ကသိုလ်တက်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ နည်းပညာနယ်ပယ်မှာ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်လာခဲ့ပြီး  လျှပ်စစ်မော်တော်ကားတွေ ထုတ်လုပ်တဲ့ Tesla ကုမ္ပဏီကို ပူးတွဲတည်ထောင်သူတစ်ယောက် နဲ့ အာကာသခရီးသွားလုပ်ငန်း SpaceX ကို တည်ထောင်သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ ၂၀.၇ ဘီလျံပါ။

Ye Yint Kyaw

SHARE