သက်ရှိ မျိုးစိတ်(၅)မျိုးရဲ့ မျိုးတုန်းပျောက်ကွယ်သွားခဲ့ရတဲ့ အကြောင်းအရင်းများ

ပထမဦးဆုံးအကြောင်းပြချက်ကတော့ ကမ္ဘာကြီးကပြောင်းလဲလာလို့ပါပဲ။ လောကရဲ့နိယာမအရ ဖြစ်ပြီးရင်ပျက်တတ်တဲ့ သဘာဝကိုတော့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဘယ်ရာမှ တည်မြဲခြင်းသဘောတရားမရှိဘဲ အချိန်ကာလတစ်ခုအကြာမှာ ပျောက်ကွယ်သွားခြင်းကို လူသားတွေရဲ့အဆိုအရတော့ မျိုးသုဉ်းပျောက်ကွယ်ခြင်းလို့ ဆိုကြပါတယ်။

အမွှေးရှည်ရှိတဲ့ ဆင်ကြီးတွေ၊ ဒိုင်နိုဆောတွေကို ယနေ့ခေတ်မှာ မမြင်ရတော့တာဟာ မျိုးသုဉ်းပျောက်ကွယ်ခြင်းကြောင့်ပါပဲ။ ဒါဟာ သဘာဝတရားကြီးရဲ့ ဝမ်းနည်းဖွယ်ရာ ဓလေ့တစ်ခုပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဗဟုသုတရစေရန်အလို့ငှာ ကမ္ဘာပေါ်မှာ မျက်စိရှေ့မှာတင် မျိုးသုဉ်းပျောက်ကွယ်သွားခဲ့တဲ့ တိရိစ္ဆာန် (၅) မျိုးကို ရွေးချယ်ပြီး ဘာကြောင့် မျိုးသုဉ်း ပျောက်ကွယ်သွားခဲ့ရတယ် ဆိုတာကို ဖော်ပြပေးချင်ပါတယ်။

Tecopa pupfish

ကယ်လီဖိုးနီးယားမှာ တွေ့ရတတ်တဲ့ tecopa pupfish လေးတွေဟာ ရေပူစမ်းတို့လို နွေးထွေးတဲ့အပူချိန်ရေထဲမှာ ကျက်စားတတ်ကြတဲ့ ငါးအုပ်စုလေးတွေပဲဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်လောက်မှာတော့ ရေပူစမ်းတွေ၊ ရေနွေးစိမ်ကန်တွေခေတ်စားလာခဲ့ပြီး စီးပွားရေးအရ သဘာဝရေပူစမ်းတွေကို လူများအတွက် အသုံးချဖို့ သိမ်းပိုက်လိုက်ပြီးချိန်မှာတော့ tecopa pupfish တွေတဖြည်းဖြည်းမျိုးသုဉ်းသွားခဲ့ပါတယ်။ ရေနွေးပိုင်းတွေမှာ နေလို့မဖြစ်နိုင်တောတာကြောင့် အနီးအနားမှာရှိတဲ့ မြစ်ရေထဲသို့ ပြောင်းရွှေ့ကျက်စားခဲ့ကြရပြီး ရေအေးတွေကြောင့် သေဆုံးခဲ့ရပါတယ်။

E.Theriot / U.S Fish and Wildlife Service
Great auk

အတ္တလန်တစ်မြောက်ပိုင်းမှာ နေထိုင်ကျက်စားခဲ့ကြတဲ့ ငှက်မျိုးစိတ်ပဲဖြစ်ပါတယ်။ ပင်ကွင်းငှက်တွေနဲ့ ဆင်တူတဲ့ သွင်ပြင်ရှိပြီး အသားကြောင့် လူသားတွေရဲ့အမဲလိုက်ခြင်းကို အလွန်အကျွံခံခဲ့ရတာကြောင့် ၁၉ ရာစုအကျော်လောက်မှာ မျိုးသုဉ်းသွားခဲ့ကြပါတယ်။

READ
သမိုင်းတစ်လျှောက်အကြမ်းကြုတ်ဆုံး ပြစ်မှုများကို ကြူးလွန်ခဲ့သူအမျိုးသမီးများ
John James Audubon, Bird Artist of America (1785-1851)
Tasmanian tiger

မျိုးသုဉ်းပျောက်ကွယ်ခဲ့ရတဲ့အထဲ သြစတြေးလျတိုက်မှာ ရှိခဲ့ဖူးတဲ့ tasmanian ကျားတွေဟာ နာမည်အကြီးဆုံး ဖြစ်ပါတယ်။ သားပိုက်ကောင်လို ဝမ်းဗိုက်နားမှာ အိတ်ပါရှိပြီး သားပေါက်လေးတွေကို အဲဒီအိတ်ထဲမှာ ပြုစုကြပါတယ်။ ၁၉၀၀ ခုနှစ်ထဲမှာတော့ အဆိုပါကျားတွေကို လယ်သမားများက စတင်အမဲလိုက်ခဲ့ရာ တစ်ဖြည်းဖြည်းမျိုးသုဉ်းခဲ့ရပါတယ်။ ၁၉၃၆ ခုနှစ်မှာတော့ နောက်ဆုံးကျန်ရှိခဲ့တဲ့ အထီးကောင်ဟာ တိရိစ္ဆာန်ရုံစောင့်ရဲ့ ပေါ့ဆမှုကြောင့်သေဆုံးခဲ့ရပါတယ်။ ကျားနာမည်ဟာ Benjamin လို့ခေါ်ပြီး သူ့ရဲ့နွေးနွေးထွေးထွေးနဲ့ အိပ်လို့ရမယ့်နေရာကို အစောင့်က မေ့ပြီး သော့ခတ်ထားမိတာကြောင့် အေးခဲပြီး သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

Baker; E.J. Keller
Cordoba fighting dog

Cordoba မျိုးစိတ်ဟာ ခွေးမျိုးစိတ်ထဲ သိပ်ကိုရှားပါးလွန်းတဲ့ အမျိုးအစားပဲဖြစ်ပါတယ်။ နာကျဉ်မှုနဲ့ အကြောက်တရားကို ခံစားတတ်တဲ့ အသိကောရှိရဲ့လားလို့ ပြန်မေးခွန်းထုတ်ခဲ့ရတဲ့ ခွေးဖိုက်တာတွေပဲဖြစ်ပါတယ်။ သူတို့ကို ၁၉ ရာစု၊ အာဂျင်တီးနားမှာ ခွေးချင်းပြန်တိုက်တဲ့ လောင်းကစားပွဲတွေမှာ အများဆုံးအသုံးပြုကြပါတယ်။ စတင်တိုက်ခိုက်ပြီဆိုကတည်းကိုက သားကောင်သေမှ ရပ်ပစ်တတ်တဲ့ခွေးမျိုးတွေမို့ ယနေ့ခေတ် ကြမ်းလှပါချည်ရဲ့ဆိုတဲ့ bulldog တွေနဲ့ ဒိုဗာမင်ခွေးမျိုးတွေတောင် မယှဉ်နိုင်ကြပါဘူး။ ဒီလိုရန်လိုတဲ့ စိတ်ထားကြောင့်ပဲ Cordoba တွေ မျိုးပွားရာမှာ အခက်အခဲဖြစ်လာခဲ့ပါတယ်။ အထီးနဲ့အမနှစ်ကောင်ကို မျိုးပွားဖို့အတွက် ထားပေးရင်းနဲ့ အချင်းချင်း ပြန်လည်တိုက်ခိုက်မှုတွေဖြစ်ပွားတာကြောင့် အချိန်ကြာလာတဲ့အခါမှာတော့ မျိုးသုဉ်းခဲ့ကြတာပဲဖြစ်ပါတယ်။

READ
အင်္ဂလန် ဘုရင်မကြီးရဲ့ လူသိနည်းသေးတဲ့ လုပ်ပိုင်ခွင့် သြဇာအာဏာများ
wikimedia.org
Stephen island wren

ဒီငှက်မျိုးစိတ်တွေဟာ နယူးဇီလန် ကမ်းရိုးတန်းအနားမှာရှိတဲ့ ကျွန်းငယ်လေးမှာ နေထိုင်ကျက်စားကြတဲ့ ငှက်မျိုးစိတ်ဖြစ်ပါတယ်။ Stephen ငှက်ရဲ့သဘာဝသက်တမ်းကိုက (၁)နှစ်သာရှိတာမို့ ၁၉၅၀ ခုနှစ်မှာတော့ မျိုးသုဉ်းခဲ့တာပဲဖြစ်ပါတယ်။

John Gerrard Keulemans (1842-1912)

Source: Elite Readers

Penny

 

SHARE