eSports လောကမှ ကမ္ဘာ့အချမ်းသာဆုံး ပလေယာ (၅) ယောက်

သင် ဂိမ်းဆော့ပြီး ကိုယ်ပိုင် ၀င်ငွေရှာဖွေနိုင်မယ်လို့ ယုံကြည်မှုရှိပါသလား။ ကမ္ဘာပေါ်မှာ ဂိမ်းက သူတို့ရဲ့ နေ့စဉ် အသက်မွေးဝမ်ကြောင်းအလုပ်သဖွယ် လုပ်ကိုင်ပြီး ဘဏ်ထဲမှာ ပိုက်ဆံသန်းချီစုဆောင်းထားနိုင်တဲ့ လူတစ်ချို့ရှိပါတယ်။ ဒီထဲကမှ သိပ်ကြိုးစားပြီး စူးစိုက်နှစ်မြုပ်ထားမှုရှိတဲ့၊ ကမ္ဘာပေါ်က နာမည်ကျော် eSports Player တစ်ချို့နဲ့ မိတ်ဆက်ပေးပါရစေ။

ဖော်ပြမယ့် စာရင်းထဲက လူတွေက လက်ရှိအချိန်ထိ ပြိုင်ပွဲအရပ်အရပ်က ဆုအရေအတွက်တွေနဲ့အတူ ကြေးအမြင့်ဆုံးဖြစ်နေတဲ့ ကစားသမားတွေပဲဖြစ်ပါတယ်။

၁။ Amer “Miracle” Al-Barkawi

Miracle အကြောင်းကတော့ သိပ်အထူးအထွေပြောစရာမလိုဘူးထင်ပါတယ်။ ဒီ ပိုလန်နိုင်ငံသားတစ်ဝက် ဂျော်ဒန်းနီးယံ တစ်ဝက် သွေးနှောတဲ့ ကစားသမားကတော့ လက်ရှိအချိန်မှာ ငွေတစ်ပုံတစ်ထောနဲ့ ရပ်တည်နေသူပါ။ ပြိုင်ပွဲပေါင်း (၄၂) ခုမှ ၀င်ငွေ ကန်ဒေါ်လာ စုစုပေါင်း (၃.၂) မီလီယံအထိရရှိခဲ့တယ်။ ကမ္ဘာပေါ်မှာ ၀င်ငွေအကောင်းဆုံး ကစားသမားတွေထဲ ဒုတိယနေရာမှာရှိနေသူဖြစ်ပါတယ်။

၂၀၁၅ မှာ the Balken Bears ကို ပြန်ဝင်ရောက်ခဲ့ပြီး လများမကြာတဲ့နောက်မှာ အလွတ်တမ်း ကစားသမားတစ်ယောက်အနေနဲ့ တစ်ဖန်ပြန်ဖြစ်ခဲ့ပါတယ်။ ဒီလိုကြောင့်နဲ့ပဲ ကမ္ဘာ့ MMR ထိပ်ဆုံးနေရာသို့တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

အဲ့ဒီ့နောက်မှာ OG နဲ့ ချိတ်ဆက်ခဲ့ပြီး သူတို့လည်း Miracle ရဲ့ စွမ်းပကားတွေနဲ့ တော်တော်လေးကောင်းချီးခံစားခဲ့ကြရပါတယ်။ အခုနောက်ပိုင်းမှာ  သူဟာ Liquid နဲ့ပူးပေါင်းခဲ့ပြီး လက်ရှိအချိန်ထိ ပြိုင်ပွဲ (၁၇) ပွဲအနိုင်ယူထားပါတယ်။

UUD2

 

၂။ Lee “Faker” Sang Hyeok

Faker ဟာ ကမ္ဘာ့ အချမ်းသာဆုံး League of Legend player အဖြစ်ကြေညာခံခဲ့ရသူတစ်ယောက်ဖြစ်တယ်။ ဒီ အသက် (၂၂) နှစ်အရွယ် ကိုရီးယာလူငယ်လေးဟာ ကန်ဒေါ်လာ (၁.၁၇) မီလီယံလောက်ကို စီမံကိုင်တွယ်နေပါတယ်။ Dota 2 လောက ရဲ့ တခြားတစ်ဖက်မှာ ကမ္ဘာ့ကြေးအမြင့်ဆုံး ကစားသမားတစ်ယောက်အနေနဲ့ရပ်တည်နေသူဖြစ်ပါတယ်။

READ
ကားပါကင်အတွင်းမှာ ကားတစ်စီးကိုမဖွယ်မရာပြုလုပ်ခဲ့တဲ့ အမျိုးသား

စကားသိပ်မပြောပေမယ့် မာန်ထက်သန်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး League of Legends မှာ အမြဲတမ်းအနေနဲ့ အကောင်းဆုံးကစားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူပါ။

Youtube

၃။ Sasha “Scarlet” Hostyn

Scarlet ဟာ eSports လောက မှာ အချမ်းသာဆုံး အမျိုးသမီး StarCraft ပလေယာတစ်ယောက်ဖြစ်ပါတယ်။ အသက် (၂၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကနေဒါနိုင်ငံသူဟာ (၂၀၁၁) ခုနှစ်မှာ စတင်ကစားခဲ့တာဖြစ်ပြီး Zerg အဖွဲ့ဝင်တစ်ယောက်ပါ။ သူမဟာ (၂၀၁၁/၂၀၁၂) NESL Iron Lady Leagues ကိုအောင်နိုင်ခဲ့တယ်။ ဒီ့အပြင် (၂၀၁၂) မှာကျင်းပခဲ့တဲ့ Playhem “Sponsor Me!” မှာလည်း အနိုင်ရှိခဲ့ပါတယ်။ ဂိမ်းပြိုင်ပွဲတွေကနေ ဒေါ်လာ ၂ သိန်း ၇ သောင်း ၄ ထောင် ကျော်ရရှိနေသူဖြစ်ပြီး ရပ်တန့်နေမယ့်ပုံမပေါ်တဲ့သူလည်းဖြစ်ပါတယ်။ (၂၀၁၂) နောက်ပိုင်းမှာတော့ ကနေဒါနိုင်ငံရဲ့ StarCraft II ချန်ပီယံဖြစ်လာခဲ့ပါတယ်။

Wikimedia
imgur

၎။ Kuro “KuroKy” Takhasomi

Dota II နဲ့ eSports လောကမှာ အချမ်းသာဆုံးအဖြစ်ရပ်တည်နေသူကတော့ Kuroky ပဲဖြစ်ပါတယ်။ အသက် (၂၅) နှစ်အရွယ်ရှိပြီ   ဂျာမန်ကစားသမားဟာ တစ်နှစ်ထက်တစ်နှစ်တိုးလာနေတဲ့ ဘဏ်အကောင့်နဲ့ လက်ရှိမှာ ဒေါ်လာ (၃.၆) မီလီယံ ပိုင်ဆိုင်ထားသူပါ။

READ
22.7 ပေါင် အလေးချိန်ရှိ ကမ္ဘာအကြီးဆုံး ရွှေအစိုင်အခဲကြီးကို ရုရှမှာတူးဖော်တွေ့ရှိ

ပြိုင်ပွဲအတွေ့အကြုံ  အလွန်ရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့်လည်း အကြီးမားဆုံးသော နိုင်ငံတကာ ပြိုင်ပွဲတွေမှာဆို အနိုင်ရဖို့ သိပ်အခက်တွေ့ရသူပါ။ (၂၀၁၃) မှာ အဆင့် (၂) အဖြစ်သတ်မှတ်ခံရပြီး ဒါဟာ (၂၀၁၇) မတိုင်ခင်အထိ သူ အမြင့်ဆုံးရောက်ခဲ့ဖူးတဲ့ နေရာဖြစ်ပါတယ်။ နောက်ဆုံးမှာ အနိုင်ယူနိုင်ခဲ့ပြီး (၂) မီလီယံလောက်ကို ပိုက်ပြီး အိမ်ပြန်ခဲ့ပါတယ်။

Gamesport

 

၅။ Gabriel “FalleN” Toledo

အသက် (၂၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဘရာဇီး ဂိမ်မာ ကတော့ Counter-Strike: Global Offensive နဲ့ လက်ရှိမှာ ဆုငွေ ဒေါ်လာ (၇) သိန်း (၇) သောင်းကျော်ကို ရရှိထားတဲ့သူဖြစ်တယ်။ (၂၀၁၂) မှာတော့ “Brazilain e-Sport Organization Games Academy” ကိုတည်ထောင်နိုင်ခဲ့တယ်။

ပရိုလောကကို (၂၀၀၉) ခုနှစ်ကတည်းက ၀င်ရောက်ခဲ့တာဖြစ်ပြီး Firegamers အဖွဲ့ရဲ့ ကစားသမားအဖြစ် ဖိတ်ကြားခြင်းကိုလည်းခံခဲ့ရတယ်၊ WCG (၂၀၀၉) ဘရာဇီး ချန်ပီယံလည်းဖြစ်ခဲ့တယ်။

CS မှာ ဂျွတ်ချင်တဲ့ ကျောင်းသားတွေ သူ့ရဲ့ Academy မှာ အခုဆို  အယောက် (၁၅၀၀)ရှိနေပါပြီ။ သူဆိုသည်မှာကလည်း နိုင်ငံရဲ့ လွှမ်းမိုးမှုအရှိဆုံး eSports ကစားသမားတစ်ယောက်ဖြစ်နေတာကိုး။

Slingshotesport
Youtube

တစ်ချို့လူတွေက ရုံးတွေ ဆိုင်တွေနဲ့ ပျားပန်းခတ်နေတဲ့ အချိန်မှာ တစ်ချို့တွေက ကိုယ်နှစ်သက်ရာ ဂိမ်းမှာ ပျော်ရွှင်စွာ ၀င်ငွေရှာနေကြတယ်။ သင်ဆိုရင်ရော ရှာနိုင်မယ်ထင်ပါသလား။ eSports လောကကြီး ပိုကြီးလာတာနဲ့အမျှ ပိုခမ်းနားတဲ့ ဆုကြေးတွေရှိလာမှာကိုတော့ သံသယဖြစ်စရာမလိုပါဘူး။

Matthew

SHARE