သင့်ကိုအလေးအနက်ထားပြီးချစ်တဲ့ ယောက်ျားတစ်ယောက်ရဲ့အပြုအမူ (၅)မျိုး

လူတစ်ယောက်ရဲ့ စိတ်ရင်းကို သူ့ရဲ့ အပြုအမူမှာ အထင်အရှားတွေ့မြင်လို့ ရပါတယ်။ ခုဖော်ပြပေးမယ့် အရာလေးတွေက သင့်ကို အလေးနက်ထားပြီးချစ်တဲ့ ယောက်ျားလေးတစ်ယောက် ဆီမှာ တွေ့ရမယ့် အပြုအမူလေးတွေ ဖြစ်ပါတယ်။ သင့်ချစ်သူက ဒီအရာလေးတွေနဲ့ ကိုက်ညီနေရင်တော့ သင်အရမ်းကို ကံကောင်းပါတယ်နော်။

(၁) သင့်ကိုမတိုင်ပင်ပဲအစီအစဉ်မဆွဲဘူး

ဘယ်အရာကိုပဲ လုပ်လုပ်၊ ဆုံးဖြတ်ချက်မချခင်၊ အစီအစဉ် မဆွဲခင်မှာ သင့်ကို အမြဲတိုင်ပင်တတ်တဲ့သူမျိုးပါ။ သင့်ကို မတိုင်ပင်ပဲ ဘယ်အရာကိုမှ သူလုပ်လေ့မရှိပါဘူး။ သင်ပေးတဲ့ အကြံတိုင်းကိုလည်း ပေါ့ပေါ့တန်တန် သဘောမထားပဲ အလေးအနက်ထားပြီး စဉ်းစားပေးတတ်တဲ့သူမျိုးပါ။

(၂) အချိန်မှန်သတင်းပို့တယ်

သင်နဲ့ အတူမရှိတဲ့ အချိန်တွေကျရင် သူဘယ်ရောက်နေတယ်၊ ဘာလုပ်နေတယ် ဆိုတာတွေကို အမြဲတမ်း သတင်းပို့နေတတ်တဲ့သူပါ။ ဘယ်လောက်ပဲ အလုပ်များများ ခဏတဖြုတ်လောက် သင့်ကို မကြာမကြာဆက်သွယ် သတင်းပေးနေမှာပါ။ အကြောင်းရင်းကတော့ သူ့ကြောင့်သင့်ကို စိတ်မပူစေချင်လို့၊ သင့်ကို သူသတိရကြောင်း ပြချင်လို့ ပဲဖြစ်ပါတယ်။

READ
ချစ်သက်တမ်းကြာရှည်စေဖို့ ၂ဦးစလုံးလိုအပ်တဲ့အရည်အသွေး(၇)ခု

(၃) ပြသနာတွေကိုသင်ကိုယ်တိုင်ဖြေရှင်းနိုင်မယ်လို့ယုံကြည်တယ်

ပြသနာတစ်ခုခုရှိလာတဲ့ အခါတွေမှာ သင်ကိုယ်တိုင် ကိုယ့်အားကိုယ်ကိုးပြီး ဖြေရှင်းနိုင်တယ်လို့ ယုံကြည်ပေးတဲ့သူမျိုးပါ။ တော်ရုံတန်ရုံကိစ္စတွေဆို သင့်ကို လွှတ်ထားပြီး ကိုယ်တိုင်ဖြေရှင်းစေပါတယ်။ ဒါပေမယ့် သင်မလုပ်နိုင်တာ့တဲ့ အခါတွေမှာလည်း သင့်ကို ကူညီဖို့ အမြဲ အဆင်သင့် ရှိနေတတ်ပြန်တယ်။

(၄) သင့်အလုပ်တွေကိုကူညီပေးတယ်

တစ်ခါတလေ သင်ဟာ အိမ်ရှင်းနေတာမျိုး၊ အလုပ်တစ်ခုခုကို လုပ်နေတဲ့အချိန်မျိုးမှာ သင့်ချစ်သူရောက်လာတယ်ဆိုပါစို့။ အဲလိုအချိန်တွေကျရင် သင်ဘာပဲလုပ်နေလုပ်နေ သူကူညီမှာပါ။ ဘာကြောင့်လဲဆိုရင် သူအရမ်းချစ်ရတဲ့ သင်တစ်ယောက်လုံး ပင်ပန်းနေတာ သူမကြည့်ရက်တဲ့ အတွက်ကြောင့် သူကိုယ်တိုင် ဝင်ကူညီပေးတာဖြစ်ပါတယ်။

(၅) သင့်ကိုဘယ်တော့မှမသိမ်ငယ်စေဘူး

တွဲလာတာကြာလာတာနဲ့အမျှ သင့်အပေါ်ကို လေးစားမှု၊ ဂရုစိုက်မှုတွေ လျော့သွားမယ့်သူ မဟုတ်ပါဘူး။ သင့်ရဲ့ အားနည်းချက်တွေကြောင့် ဘယ်တော့မှ သင့်ကို အနိုင်ယူမှာ မဟုတ်သလို သင့်အမှားတွေကိုလည်း ခဏခဏ ပြန်ဖော်နေတတ်တဲ့သူ မဟုတ်ပါဘူး။ သူနဲ့သင်ဟာ အခြေအနေဘယ်လောက်ကွာကွာ ဘယ်တော့မှ သင့်ကိုသိမ်ငယ်စေမယ့်သူ မဟုတ်ပါဘူး။

READ
ဘယ်သူမှမရှိတဲ့အခါတိုင်း ချစ်သူတွေလုပ်လေ့ရှိတဲ့အရာတွေကို ပုံဖော်ထားတဲ့အနုပညာရှင်

Em Em (shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE