ချစ်သူအပေါ် စိတ်နာသွားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပြောင်းလဲသွားမယ့် အမူအကျင့်များ

Image by Goran Horvat from Pixabay

မိန်းကလေးတွေဟာ အရမ်းကို စိတ်နှလုံးနူးညံ့ပြီး စိတ်ဓာတ်လည်း ပျော့ပျောင်းကြပါတယ်။ ဒါဟာ သာမန်မိန်းကလေးတစ်ယောက်ရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ကို စိတ်နာအောင် လုပ်လိုက်မိတယ်ဆိုရင်တော့ အရင်ကနဲ့မတူတော့ပဲ ထူးခြားပြောင်းလဲသွားတဲ့ လက္ခဏာ (၅) မျိုးကိုတွေ့မြင်ရမှာပါ။

(၁) စကားနည်းသွားတယ်

fizkes/Shutterstock

မိန်းကလေးတွေဟာ စိတ်ကြည်နေရင်ဖြစ်ဖြစ်၊ ပျော်နေရင်ဖြစ်ဖြစ် စိတ်လွတ်ကိုယ်လွတ် စကားတွေ ဖောင်ဖွဲ့နေတတ်တဲ့ သူတွေဖြစ်ပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ဟာ အရင်လို စကားတွေလည်း အများကြီးမပြောတော့ဘူး၊ ပေါက်ကရလေးဆယ်တွေလည်း မပြောတော့ဘူး လိုရင်းတိုရှင်းပဲပြောပြီး မလိုအပ်ရင် စကားတွေမပြောတော့ဘူးဆိုရင် သေချာပါတယ်။ သူ့ကိုသင် နာကျင်စေလိုက်ပါပြီ။

(၂) အရွဲ့တိုက်တယ်

 

မိန်းကလေးတွေဟာ နာကျင်သွားပြီဆိုရင် ကြောက်စရာကောင်းလောက်အောင် အရွဲ့တိုက်တတ်ကြပါတယ်။ အရင်က သူတို့ မလုပ်ဖူးတာတွေ၊ သင်မကြိုက်တာတွေ၊ သင့်ကို နာကျင်စေမယ့်အရာတွေကို တစ်ခုပြီးတစ်ခု လုပ်လာတယ်၊ သူ့မျက်နှာမှာလည်း မဲ့ပြုံးတွေကိုပဲ တွေ့နေရပြီး သင်ပြောသမျှကို ဆန့်ကျင်ပြီး အရွဲ့တိုက်နေပြီဆိုရင် သူ့ကိုနာကျင်အောင် သင်လုပ်လိုက်လို့ပါ။

READ
သေဆုံးသွားတဲ့ သမီးကို သုံးပတ်အိမ်မှာထားရှိပြီး၊ အဝတ်လဲ ရေချိုးပေးခဲ့တဲ့ မိခင်

(၃) သူ့ကိုသူနာအောင်လုပ်တယ်

မိန်းကလေးတွေဟာ အသားနာမှာအရမ်းကို ကြောက်ကြပါတယ်။ ကိုယ့်အသားနာမယ့် ကိစ္စတွေဆိုရင် တတ်နိုင်သမျှရှောင်ကြပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ဟာ သူ့ကိုယ်သူနာကျင်အောင်လုပ်တယ်၊ ဒဏ်ရာရအောင် လုပ်တယ်ဆိုရင်တော့ ဒါဟာ သာမန်မဟုတ်ပါဘူး။ သူ့ရင်ထဲက နာကျင်မှုတွေကို အသားနာအောင်လုပ်ပြီး ဖြေဖျောက်လိုက်တာ ဖြစ်နိုင်ပါတယ်။

(၄) ဂရုမစိုက်တော့ဘူး

fizkes/Shutterstock

မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ်ရှိတာကြောင့် အရမ်းကို ဂရုစိုက်တတ်ပြီး နွေးထွေးကြင်နာတတ်ကြပါတယ်။ သူတို့ ချစ်တဲ့သူအပေါ်မှာဆိုရင် ပိုလို့တောင် ဂရုစိုက်တတ်ကြပါသေးတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ဟာ အရင်လို ဂရုမစိုက်တော့ဘူး၊ ကိုယ့်အနားကိုမကပ်တော့ဘူး၊ ကိုယ့်ကို အေးတိအေးစက်ပဲ ဆက်ဆံတယ်ဆိုရင်တော့ သေချာပါတယ် သူ့ကိုသင် နာကျင်အောင် လုပ်လိုက်လို့ပါ။

(၅) အကုန်ပြောင်းသွားတယ်

မိန်းကလေးတစ်ယောက် နာကျင်သွားတဲ့အခါ စိတ်သစ်လူသစ်၊ ပုံစံသစ်နဲ့ နေဖို့ ဆုံးဖြတ်ချက်ချလိုက်ကြပါတယ်။ ဒါကြောင့် သူတို့ ရဲ့ ပြုမူနေထိုင်ပုံ၊ အရာအားလုံးဟာ ပြောင်းလဲသွားပြီး အရင်ကနဲ့ လုံးဝကွဲထွက်တဲ့ လူတစ်ယောက်အသွင်နဲ့ တွေ့မြင်ရရင် အဲဒီ့မိန်းကလေးကို နာကျင်အောင် သင်လုပ်လိုက်မိပါပြီ။

READ
အမှတ်တရအဖြစ် အဖိုးသိမ်းခဲ့တဲ့ ကမ္ဘာစစ်လက်ကျန်ဗုံးကြောင့် ဗျာများခဲ့ရတဲ့မိသားစု

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE