သေချာသတိထားပြီး လုံးဝ မပေါ့ဆသင့်တဲ့ နှလုံးရောဂါရဲ့ လက္ခဏာရပ်(၅)မျိုး

Pixabay-Pexels

နှလုံးရောဂါဆိုတာ အင်မတန်ကို ကြောက်ဖို့ကောင်းတဲ့ ရောဂါတစ်ခုပါ။ လူတစ်ယောက်ဟာ Heart attack ရုတ်တရက် ဖြစ်ခဲ့ရင် အသက်ရှင်နိုင်ခြေ တော်တော်နည်းပါးတယ်။ ဒီလိုမျိုး Heart attack ဖြစ်တယ်ဆိုတာကလည်း ချက်ချင်းကြီး ကောက်ကာငင်ကာ ဖြစ်တတတ်တဲ့ အရာမဟုတ်ပါဘူး။ ဒီလိုမျိုး Heart attack မဖြစ်ခငလမှာ သင့်ရဲ့ ခန္ဓာကိုယ်ကနေ သင့်မှာ နှလုံးရောဂါရှိနေပြီဆိုတဲ့ သတင်းကို ခန္ဓာကိုယ်တုံ့ပြန်မှုတွေနဲ့ သတင်းပို့ပေးလေ့ ရှိပါတယ်။ အဲဒီလို သတင်းပို့တဲ့ အခါမှာ နားလည်သိကျွမ်းတဲ့ ဆရာဝန်တွေနဲ့ သေသေချာချာ တိုင်ပင်ပြီး ကုသသင့်ပါတယ်။ ရောဂါဆိုတဲ့အရာမျိုးက မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။ ဖြစ်လာပြီဆိုမှ အသိနောက်ကျလို့ ဆုံးရှုံးသွားတဲ့ အသက်တွေ အများကြီးပါ။ ဒါ့ကြောင့် ဒီနေ့မှာတော့ လူတိုင်း သိထားသင့်တဲ့ နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာ ၅ ခုကို ပြောပြပေးချင်ပါတယ်။

Pixabay-geralt

၁။ ရင်ဘတ်အောင့်ခြင်း

READ
အပူအစပ်စားပြီးလို့ လျှာကျက်တာကိုမြန်မြန်အေးအောင်လုပ်နည်း

နှလုံးရောဂါနဲ့ ရင်ဘတ်အောင့်တယ်ဆိုတာ ဒွန်တွဲနေတတ်တဲ့ အရာဆိုတာကတော့ လူတိုင်း သိရှိကြပြီး ဖြစ်မှာပါ။ အဓိကကတော့ နှလုံးသွေးကြောပိတ်သွားတာကြောင့်ပါ။ အဲဒီလိုအခြေအနေမှာ ရင်ဘတ်အောင့်တာအပြင် နှလုံးထဲကနေ စူးကနဲဖြစ်လာမယ်၊ ကိုယ့်ရဲ့ ရင်ဘတ်ပေါ်မှာ တစ်ခုခုက ဖိထားသလိုမျိုးကြီး ခံစားနေရတာတို့ ဖြစ်တတ်တပါတယ်။

၂။ ဘယ်ဖက်လက်မောင်းကိုက်ခြင်း

နောက်ထပ် နှလုံးရောဂါလက္ခဏာတစ်ခုကတော့ ဘယ်ဖက်လက်မောင်းတွေ ကိုက်ခဲတာ ဖြစ်ပါတယ်။ နှလုံးရောဂါ ရှိတဲ့ လူတွေဆီမှာ နှလုံးကနေ ဖြစ်လာတဲ့ နာကျင်ခံစားမှုဟာ ဘယ်ဖက်လက်ဆီကို ရောက်သွားတတ်ပါတယ်။ အကြောင်းကတော့ ဘယ်ဖက်လက်ဆီကိုသွေးကောင်းကောင်းမရောက်တာကြောင့် နှလုံးရောဂါရှိတဲ့ လူတွေဟာ လက်မောင်းကိုက်တဲ့ ဝေဒနာကို ခံစားတတ်ရပါတယ်။

၃။ အလိုလိုနေရင်း မောပန်းနေတတ်ခြင်း

နှလုံးရောဂါ ရှိတဲ့ လူတော်တော်များများဟာ ရုတ်တရက်ကြည့်လိုက်ရင် မောပန်းပြီး အားနည်းတဲ့ ပုံပေါက်နေတတ်ပါတယ်။ နှလုံးရောဂါ မဖြစ်ခင်တုန်းကတော့ လှေကားတတ်တာတွေ၊ လမ်းအကြာကြီး လျှောက်တာတွေကို လုပ်နိုက်ပေမယ့် နှလုံးရောဂါရှိနေပြီဆိုရင် အဲဒီလူက တစ်ခုခု လုပ်တာနဲ့ကိုတင် မောပန်းပြီး ဟောဟဲဟောဟဲ ဖြစ်နေတတ်ပါတယ်။

READ
ဆေးလိပ်သောက်တဲ့သူတွေဟာ အိုမင်းရင့်ရော်မှုဒဏ်ကို နှစ်ဆ မြန်မြန်ခံစားရနိုင်
Pixabay-Free-Photos

၎။  နှလုံးခုန် မမှန်ခြင်း

နှလုံးရောဂါဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ အထင်ရှားဆုံး လက္ခဏာကတော့ နှလုံးခုန်တဲ့ စည်းချက် မမှန်တော့တာပါ။ နှလုံးရောဂါရှိတဲ့ လူတွေရဲ့ နှလုံးသွေးကြောဟာ ကောင်းကောင်း အလုပ်မလုပ်နိုင်တော့တာကြောင့် ရုတ်တရက် နှလုံးခုန် မြန်လာတာမျိုးတွေ၊ နှလုံးသွေးကြောကျဉ်းတာကြောင့် နှလုံးခုန်နှုန်း နှေးသွာတမျိုးတွေ ဖြစ်တတ်ပါတယ်။

၅။ ချွေးစေးတွေ ပြန်နေခြင်း

နှလုံးရောဂါရှိတဲ့ လူတစ်ယောက်ဟာ ဘာမှ ပင်ပင်ပန်းပန်း လုပ်ထားတဲ့ အလုပ်မျိုးမရှိပဲနဲ့ သူ့အလိုလို နေရင်းနဲပကို ချွေးစေတွေ ပြန်လာတတ်ပါတယ်။ အဲဒီလိုမျိုးဖြစ်နေပြီဆိုရင်တော့ အကောင်းဆုံးက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ နှလုံးနဲ့ပတ်သတ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်တာ အကောင်းဆုံးပါပဲ။

Pixabay-un-perfekt

Pyi Hein Kyaw

SHARE