ချစ်သူက သင့်ကို လမ်းခွဲချင်ရင် လုပ်လေ့လုပ်ထရှိတဲ့ အချက်(၅)ချက်

Pixabay-makunin

ချစ်သူနှစ်ယောက်ဟာ နှစ်တွေဘယ်လောက်ပဲ တွဲလာတွဲလာ တစ်ဖက်လူက ကိုယ်နဲ့ ရှေ့ဆက်ပြီး လက်မတွဲချင်တော့ဘူးဆိုရင် ဘယ်လောက်ပဲ ကိုယ့်ဘက်ကကြိုးစားကြိုးစား ဘာမှအဆင်မပြေနိုင်တော့ပါဘူး။ အဲဒီအချိန်မှ အချစ်မရှိတော့ပဲ ကိုယ်တို့နှစ်ယောက်ကြားမှာ သံယောဇဉ်တွေပဲ ရှိနေသေးရင် စိတ်ပြတ်ဖို့ဆိုတာ တော်ရုံမလွယ်ကူပါဘူး။ ဒါ့ကြောင့် ကိုယ့်ဘက်ကနေလည်း တစ်ဖက်ချစ်သူ ဘယ်လ်ုပုံစံ ဘယ်လိုမျိုးအချိုးတွေ ချိုးနေရင် ကိုယ့်ကို လက်တွဲဖြုတ်ချင်နေပီလဲဆိုတာ ကိုယ့်ဖက်က အရင်ကြိုသိနေဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် တစ်ဖက်ချစ်သူက ဘယ်လိုပုံစံ ဘယ်လိုအချိုးတွေ ချိုးနေရင် ကိုယ့်နဲ့လက်တွဲဖြုတ်ချင်နေလဲဆိုတာ သိသာစေတဲ့ အချက် ၅ ချက်ကို ရေးသားတင်ပြလိုပါတယ်။

၁။ တစ်ဖက်ချစ်သူကနေ ကိုယ့်ကို Brake ယူရအောင်၊ ငါတစ်ယောက်တည်း ခဏလောက် နေကြည့်ချင်တယ်၊ ငါအေးအေးဆေးဆေး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်နေချင်သေတယ် အစရှိတဲ့ အဓိပ္ပာယ်မဲ့စကားတွေ ပြောလာပြီဆိုရင် သင့်ချစ်သူက ကိုယ်နဲ့ လက်တွဲဖြုတ်ချင်နေပြီဆိုတဲ့ အသိက်ု ခေါင်းထဲထည့်ထားပါ။ ဘာ့ကြောင့်လဲဆိုတော့ သူသာကိုယ့်အနားမှာရှိတာ ပျော်ရင်၊ ကိုယ့်ကိုတစ်ကယ်ချစ်ရင် ဒီလိုမျိုးစကားတွေကို ပြောထွက်မှာ မဟုတ်ပါဘူး။

READ
မိုင် (၈၀၀၀) ကျော်ခြားနားနေပေမယ့် လမ်းတစ်ဝက်မှာ ဖြတ်တွေ့ကြတဲ့ ချစ်သူနှစ်ဦး
Pixabay-Antranias

၂။ ကိုယ်နဲ့အတူတူ ရှိနေတဲ့အချိန်တွေ၊ ဖုန်းပြောနေတဲ့အချိန်တွေမှာ အပြစ်မရှိအပြစ်ရှာပြီး ကိုယ့်ကိုပြောနေတာတွေ၊ တစ်ချိန်က အကြောင်းအမျိုးအမျိုးကြောင့် ကိုယ်မှားခဲ့တဲ့ အကြောင်းအရာတွေကို အားရပါးရ ပါးစပ်အရသာခံပြီး ပြန်ပြောနေတာမျိုးတွေ၊ ကိစ္စသေးသေးလေးကို အကြီးကြီးဖြစ်အောင် တမင်တကာ ဖန်တီးယူနေတဲ့ ပုံစံတွေ၊ ရန်ဖြစ်တာနဲ့ ပြတ်မယ်လို့ လွယ်လွယ်ကူကူ ပြောတတ်တဲ့ ပုံစံတွေဟာ သင့်ချစ်သူမှာ ရှိနေတယ်ဆိုရင်တော့ သူသင့်ကို ဖြတ်ဖို့ နည်းလမ်းတစ်ခုမဟုတ် တစ်ခု ရှာနေတာပဲ ဖြစ်ပါတယ်။

၃။ ကိုယ့်အပြင်နောက်တစ်ယောက်နဲ့ ချိန်းတွေ့နေတာကို ကိုယ်သိသွားမှ Dating လုပ်နေတာပါတို့၊ ဒီအတိုင်း စိတ်အပျင်းပြေအောင် နောက်တစ်ယောက် Date ကြည့်တာပါတို့၊ ဒီအတိုင်းလေး Date တာတို့ အစရှိတဲ့ တောင်စဉ်ရေမရ စကားတွေ ပြောနေတဲ့လူတစ်ယောက်ရဲ့ ပါးစပ်ကနေ သင့်ကိုပဲ တစ်ကယ်ချစ်တာပါ၊ သင့်ကလွဲပြီး သူ့ဘဝမှာ နောက်ထပ် နားလည်ပေးနိုင်တဲ့ လူမရှိတော့ပါဘူးလို့ ပြောနေရင်လည်း မယုံပါနဲ့။ သူသာတစ်ကယ်ချစ်ရင် third person ဆိုတာ ပေါ်လာမှာကို မဟုတ်ပါဘူး။

READ
အိမ်ထောင်ရေးမပြိုကွဲဖို့ လိုက်နာသင့်တဲ့ နည်းလမ်း(7)မျိုး
Pixabay-makunin

၎။ ကိုယ်နဲ့ အပြင်သွားဖို့ချိန်းထားတိုင်း အကြောင်းမရှိအကြောင်းရှာပြီး ကိုယ်တို့နှစ်ယောက်ရဲ့ Date ကို နည်းမျိုးစုံနဲ့ ပျက်ဆီးအောင် ဖန်တီးလေ့ရှိပါတယ်။ လူတိုင်းမှာ အကြောင်းအရာမျိုးစုံကြောင့် Date ပျက်တာတွေ ဘာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သုံးခါနဲ့ အထက် တောက်လျှောက် Date ကို ပျက်အောင်လုပ်နေရင်တော့ သင့်ချစ်သူဟာ သင့်အပေါ်မှာ ချစ်တဲ့စိတ်မရှိပဲ လမ်းမခွဲခွဲအောင် တမင်လိုက်လုပ်နေတာပဲ ဖြစ်ပါတယ်။

၅။ ကိုယ်နဲ့ပတ်သတ်ပြီး ဘယ်တော့မှ ဂုဏ်ယူရတာ မရှိတော့တဲ့ပုံစံတွေ၊ ကိုယ့်ကိုဆိုအမြဲလိုလို နှိမ့်ချပြောဆို ဆက်ဆံတတ်တဲ့ အပြုအမူတွေ အစရှိတဲ့ ပုံစံတွေနဲ့ သင့်ကို အချိန်တော်တော်ကြာ ပြောဆိုဆက်ဆံနေရင်တော့ သူကိုယ်တိုင်သင့်ကို လမ်းမခွဲချင်ပဲ သင့်ပါးစပ်ကနေ လမ်းခွဲချင်အောင် လုပ်နေတဲ့ ပုံစံတွေပါပဲ။ တစ်နည်းဖြင့်ဆိုရင်တော့ သူ့အမှားကနေ ကိုယ့်အမှားဖြစ်ချင်နေတတ်တဲ့ သဘောပါပဲ။

Pyi Hein Kyaw

SHARE