ဇီကာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကိုယ်ဝန်ဆောင် မိခင်တွေ သိထားသင့်သည့် အချက်များ

ဇီကာဗိုင်းရပ်စ်ကို  တောင်အမေရိကမှာ ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ တခြားနိုင်ငံတွေကို ပျံ့နှံ့သွား ခဲ့တာဖြစ်ပါတယ်။ဇီကာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့ သိထားသင့်တဲ့ အချက်အလက် တစ်ချို့ကို ဝေမျှပေးချင်ပါတယ်။

(၁)ဇီကာကူးစက်နေတဲ့ နေရာတွေကို မသွားပါနဲ့

ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုထိရောက်တာမို့ ဇီကာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေတဲ့နိုင်ငံတွေနေရာ တွေ ဆီသို့ သွားလာခြင်းကို အတတ်နိုင်ဆုံး ရှောင်သင့်ပါတယ်။

Mosquito sucking blood on a human hand
Mosquito sucking blood on a human hand

(၂)အကာအကွယ်မပါပဲ လိင်ဆက်ဆံခြင်းကို ရှောင်ပါ

ဇီကာဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံခြင်းမှတစ်ဆင့်ကူးစက်နိုင်တယ်လို့ ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ (CDC)က အတည်ပြုကြေညာထားပြီးဖြစ်ပါတယ်။ဒါကြောင့်ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ လိင်ဆက်ဆံခြင်းကိုအထူးသတိ ထား ပေးဖို့လိုပါတယ်။

(၃)ကျန်းမာရေးကို အမြဲဂရုစိုက်ပါ

ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအနေနဲ့မိမိရဲ့ကျန်းမာရေးကို အမြဲတမ်း ဂရုစိုက်ပေးပါ။ဇီကာဗိုင်းရပ်စ် ရဲ့ရောဂါလက္ခဏာတွေဖြစ် တဲ့ ဖျားနာတာ၊ခေါင်းကိုက်တာ၊ကြွက်သားနာကျင်တာ အစရှိတဲ့ရောဂါလက္ခဏာတွေပြနေပြီဆိုရင်တော့ မပေါ့ဆသင့်ပဲ အထူးဂရုစိုက်ပေးဖို့လိုပါတယ်။

zika_virus

(၄)ဆေးစစ်ပါ

ဇီကာဗိုင်းရပ်စ်ကို ပျောက်ကင်းအောင်ကုသပေးနိုင်တဲ့ ဆေးဝါးမရှိသေးပါဘူး။ရောဂါဖြစ်ပွားတဲ့နေရာတွေကို သွားရောက် လည်ပတ်မိခဲ့မယ်ဆိုရင်ရောဂါရှိမရှိကိုဆေးရုံတွေမှာသွားရောက်စစ်ဆေးပါ။အမျိုးသမီးဆိုရင်တော့ မိမိမှာ ကိုယ်ဝန်ရှိ၊ မရှိကိုပါ စစ်ဆေးပါ။

READ
ခံတွင်းပိုင်းဆိုင်ရာ ကျန်းမာစေဖို့ အလွယ်ဆုံးနည်းလမ်းများ

(၅)အစိုးရရဲ့ ကျန်းမာရေး အကြံပြုချက်များကို လိုက်နာပါ

SHARE