ဝင်ရိုးစွန်းအလင်းတန်းတွေကို အလှပဆုံး မြင်တွေ့နိုင်မယ့် ကမ္ဘာပေါ်က နေရာ(၅)ခု

ကမ္ဘာ့တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းမှာ မျက်စိနဲ့ မမြင်တွေ့နိုင်တဲ့ သံလိုက်စက်ကွင်းတွေ ရှိပါတယ်။ သံလိုက်စက်ကွင်းတွေရဲ့ ဆွဲငင်အားကြောင့် ၀င်ရိုးစွန်းနှစ်ဘက်က လေထုထဲမှာ အလွန်သေးငယ်တဲ့ အမှုန်လေး တွေရှိနေပါတယ်။ လေထုကို ဖြတ်သန်းသွားတဲ့ နေရောင်ခြည်ဟာ အမှုန်လေးတွေကို လျှပ်စစ်ဓာတ်အားဖြည့် ပေးသလို ဖြစ်နေတာကြောင့် အမှုန်လေးတွေဟာ ကောင်းကင်ယံထက်မှာ နီယွန်ရောင်စုံနဲ့ လှပစွာ လင်းလက်တောက်ပနေပါတယ်။ ဒီအလင်းတန်းဖြစ်စဉ်ကို ၀င်ရိုးစွန်းအလင်းတန်း(Auroa Borealis) လို့ သိပ္ပံပညာရှင်တွေက အမည်သတ်မှတ်ပေးထားပါတယ်။

ဝင်ရိုးစွန်းအလင်းတန်းတွေဟာ နေရာတိုင်းမှာ ဖြစ်ပေါ်လေ့ရှိတာတော့ မဟုတ်ပါဘူး။ ကမ္ဘာ့တောင်ဘက်စွန်းနဲ့ မြောက်ဘက်စွန်းဒေသတွေမှာသာ မြင်တွေ့ရနိုင်တာပါ။ ကောင်းကင်ယံပေါ်က ၀င်ရိုးစွန်းအလင်းတန်းတွေကို မော့ကြည့်ပြီး ရှုစားချင်တဲ့ စာဖတ်ပရိသတ်တွေအတွက် အလင်းတန်းကို အလှပဆုံးမြင်တွေ့နိုင်မယ့် ကမ္ဘာပေါ်က နေရာ(၅)ခုကို ဖော်ပြပေးလိုက်ပါတယ်။

အဘစ်စကို ၊ ဆွီဒင်နိုင်ငံ (Abisko , Sweden)

Curiosity

ထူးခြားတဲ့ သံလိုက်စက်ကွင်း ဖြစ်စဉ်တွေ ဖြစ်ပွားလေ့ရှိတဲ့ ဒီနေရာဟာ ကမ္ဘာပေါ်မှာ ၀င်ရိုးစွန်းအလင်းတန်းတွေကို စောင့်ကြည့်ဖို့ အကောင်းဆုံး နေရာလို့ သိပ္ပံပညာရှင်တွေက သတ်မှတ်ကြပါတယ်။ (၄၃)မိုင်ရှည်လျားတဲ့ အဘစ်စကို ရေကန် ကြီးကြောင့် အဲဒီနားတစ်ဝိုက်က ကောင်းကင်ယံဟာ နေ့၊ညမရွေး အမြဲလိုလို လှပစွာ အပြာရောင်သန်းနေပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီဖြစ်စဉ်ကို Blue hole of Abisko အမည်ပေးထားပါတယ်။

READ
ကိုယ့်အပေါ် ရိုင်းရိုင်းစိုင်းစိုင်းပြောတဲ့သူတွေနဲ့ကြုံလာရင် ဘယ်လိုတုန့်ပြန်မလဲ

လက်ပ်လန်း ၊ ဖင်လန်နိုင်ငံ (Lapland, Finland)

CNBC
CNCB

လက်ပ်လန်းကတော့ ဖင်လန်နိုင်ငံရဲ့ မြောက်ဘက်စွန်းမှာရှိတဲ့ ဒေသပါ။ အဲဒီမှာရှိတဲ့ ကက်စလော့တာနန် အာတိတ် အပန်းဖြေစခန်း(Kakslauttanen Arctic Resort) ဟာ ကမ္ဘာ့အကောင်းဆုံး အပန်းဖြေ စခန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အပန်းဖြေစခန်းရဲ့ ခေါင်မိုးတွေကို ဖန်သားတွေနဲ့ ဆောက်လုပ်ထားတဲ့အတွက် သင်ဟာ လှဲလျောင်း အနားယူရင်း ၀င်ရိုးစွန်းအလင်းတန်းတွေကို ကြည့်ရှုခံစားနိုင်မှာပါ။

ထရောမ်ဆို ၊ နော်ဝေနိုင်ငံ (Tromso, Norway)

Curiosity

နော်ဝေနိုင်ငံ မြောက်ဘက်ပိုင်းရဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ၀င်ရိုးစွန်းအလင်းတန်းတွေကို မြင်တွေ့ရဖို့ ရာခိုင်နှုန်း အများဆုံးနေရာလို့ သိပ္ပံပညာရှင်တွေက သတ်မှတ်ထားပါတယ်။ မြောက်ဝင်ရိုးစွန်းရဲ့ (၇၀)ဒီဂရီစောင်းနေတဲ့ နေရာမှာတည်ရှိပြီး တောင်ကြားထဲမှာရှိတဲ့ ထရောမ်ဆိုမြို့ဟာ မြို့ပတ်ဝန်းကျင် ဘယ်နေရာသွားသွား ၀င်ရိုးစွန်းအလင်းတန်းတွေကို မြင် တွေ့နိုင်တဲ့ နေရာတစ်ခုပါ။

အလာဆကာ ၊ ယူအက်စ်အေ (Alaska, USA)

Curiosity

အလာဆကာ ပြည်နယ်ထဲက အလာဆကာ တက္ကသိုလ်မှာ ၀င်ရိုးစွန်း အလင်းတန်းတွေကို ခန့်မှန်းနိုင်တဲ့ စနစ်တစ်ခုရှိပါ တယ်။ အလာဆကာ ပြည်နယ်ကို အလည်သွားရင်တော့ အလင်းတန်းတွေကို အပင်ပန်းခံ ထိုင်စောင့်စရာမလိုပဲ အလာဆကာ တက္ကသိုလ်နဲ့ ဆက်သွယ်ပြီး ဘယ်အချိန်၊ ဘယ်နေရာမှာ ၀င်ရိုးစွန်းအလင်းတန်းတွေ ထွက်ပေါ်လာမလဲ ဆိုတာ ကို ကြိုတင်သိရှိနိုင်ပါတယ်။

READ
အမျိုးသားတွေဟာ လက်တွဲဖော်တွေအပေါ် တစ်နှစ်ကို(၃၈၈)ကြိမ်လောက် လျစ်လျူရှုတတ်ကြ

အိုက်စလန်နိုင်ငံ (Iceland)

Curiosity

ဝင်ရိုးစွန်းအလင်းတန်း ကြည့်ချင်သူတွေ အများဆုံး သွားရောက်လေ့ရှိတဲ့ နိုင်ငံကတော့ အိုက်စလန်ပါ။ နှစ်စဉ် စက်တင်ဘာလကနေ ဧပြီလအထိ (၈)လကြာအောင် ၀င်ရိုးစွန်းအလင်းတန်းတွေကို မြင်တွေ့နိုင်ပါတယ်။ ကမ္ဘာပေါ်မှာ အချိန် အကြာဆုံး ၀င်ရိုးစွန်းအလင်းတန်းတွေ ထွက်ပေါ်တတ်တဲ့ နေရာပါ။

Source : Curiosity

SHARE