သင့်မှာ ဒီလိုသူငယ်ချင်းမျိုးတွေရှိရင် ဂုဏ်ယူလိုက်ပါ

လူဆိုတာမျိုးက အဖွဲ့အစည်းအသိုင်းအ၀ိုင်းနဲ့ နေထိုင်ကြတာပါ။ ကိုယ်ရွေးချယ်ပေါင်းသင်းတဲ့ အပေါင်းအသင်း မိတ်ဆွေတွေပေါ်မူတည်ပြီး ကို်ယ့်လျှောက်မယ့် ဘ၀အပေါ်မှာ အကောင်းအဆိုးများစွာကျရောက်နိုင်ပါတယ်။ မိတ်ဆွေတွေအများကြီးရှိတဲ့ အထဲမှာမှ မိမိအတွက်အမြဲစစ်မှန်တဲ့ မိတ်ဆွေစစ်တွေကို သတိသမ္ပဇဉ်နဲ့ ရွေးချယ်နိုင်ကြပါတယ်။ အောက်မှာဖော်ပြထားတာတွေကတော့ herinterest မှာတွေ့ရှိလာတဲ့ ထားရှိသင့်တဲ့ မိတ်ဆွေအမျိုးအစားတွေပါ။

နားထောင်ပေးနိုင်မယ့်သူ

လူသားတွေ ဖြစ်ကြတဲ့အလျောက် စိတ်တွေဟာ တသမတ်တည်း တည်မနေနိုင်ပါဘူး။ စိတ်ဓာတ်တက်ကြွတဲ့ အခါရှိသလိုပဲ စိတ်အားလျော့တဲ့ အခါတွေလည်းရှိကြပါတယ်။ စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ ကိုယ့်ရဲ့ ရင်တွင်းခံစားချက်တွေ၊ လျို့ဝှက်ချက်တွေကို ဖွင့်ထုတ်နိုင်ဖို့အတွက် စိတ်ရှည်လက်ရှည်နားထောင်ပေးမယ့်သူ လိုအပ်ပါတယ်။

အကြိုက်ချင်းတူညီသူ

အပေါင်းအသင်းရှိနေပေမယ့်လည်း ကိုယ်နဲ့ အစစ အရာရာ ထပ်တူနီးပါး အကြိုက်တူတယ်ဆိုတာမျိုးက ရှားပါတယ်။ ကိုယ်နဲ့ စိတ်ဝင်စားမှု ၊ ယုံကြည်တာတွေ ၊ ၀ါသနာဓာတ်ခံတွေရော ထပ်တူကျတဲ့ မိတ်ဆွေမျိုးပါ။ အမျိုးသမီးတွေ အနေနဲ့ကတော့ ကိုယ် Shopping သွားတဲ့အခါ ကိုယ်နှစ်သက်တဲ့ ပစ္စည်းတွေကို သူငယ်ချင်းကလည်း ကြိုက်နှစ်သက်တာမျိုးပါ။

READ
တစ်ပတ်(၂) ကြိမ် သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းခြင်းဖြင့် အမျိုးသမီးများ ပိုမိုကျန်းမာနိုင်

အကြိုက်ချင်းမတူတဲ့သူ

ဒီမိတ်ဆွေအမျိုးအစားမျိုးကလည်း ရှိသင့်ပါတယ်။ ကိုယ်နဲ့ တွေးခေါ်ယူဆပုံချင်း ၊ ၀ါသနာစရိုက်မတူညီတဲ့ သူတွေပါ။ ကိုယ်နဲ့ ဆန့်ကျင်ဘက်အကျင့်စရိုက်ရှိတာကြောင့် အမြဲတမ်းတော့ ဒီလူကိုနှစ်သက်နေမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အဲဒီမိတ်ဆွေတွေကပဲ ကိုယ်ရဲ့ အားနည်းချက်၊ မှားနေတဲ့ အယူအဆတွေကို ထောက်ပြနိုင်ပါတယ်။ ဒါကြောင့် ဒီမိတ်ဆွေအမျိုးအစားတွေကလဲ အရေးပါပါတယ်။

အားပေးဖေးမပေးတဲ့သူ

လူ့ဘ၀မှာ ဆောင်ရွက်စရာကိစ္စတွေတကယ်ကို များပါတယ်။ ဒီကြားထဲမှာမှ ဘ၀အတက်အကျနဲ့ ကြုံလာတဲ့အခါမှာ တခါတလေတော့ စိတ်ခွန်အားတွေလည်း ကျဆင်းရပါတယ်။ အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့ အခါမျိုး၊ ကိုယ်မှန်းထားသလို ဖြစ်မလာပဲအဆင်မပြေတဲ့ ကိစ္စတွေကိုရင်ဆိုင်လာရတဲ့အခါမှာ စိတ်ခွန်အားပေးနိုင်မယ့် မိတ်ဆွေမျိုးတွေဟာ အမှန်တကယ် လိုအပ်ပါတယ်။ မိတ်ကောင်းဆွေကောင်းတွေရဲ့ အားပေးမှုနဲ့ ထောက်ပံ့ပေးမှုတွေကနေပြီး အချို့သောဘ၀ရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ပါတယ်။

SHARE