နိုင်ငံတစ်ချို့မှာပဲ မြင်တွေ့ရမယ့် ထူးထူးခြားခြား ထုံးတမ်းစဉ်လာများ

Pexels/Akhia

နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ကိုယ့်ယဉ်ရိုးရာယဉ်ကျေးမှုနဲ့ ကိုယ်ပါပဲ။ ကိုယ်နိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံရောက်သွားရင် အဲဒီနိုင်ငံရဲ့ ထုံးတမ်းအစဉ်အလာတွေကို သိထားသင့်ပါတယ်။ ဒါ့ကြောင့်လည်း “ရောမရောက်ရင် ရောမလိုကျင့်ရမယ်” ဆိုတဲ့ စကားပုံ ပေါ်လာတာပါပဲ။ အခုပြောချင်တဲ့အကြောင်းအရာကတော့ အခြားနိုင်ငံတွေနဲ့မတူပဲ အနည်းငယ်ပြောင်းလဲပြီး ပုံမှန်မဟုတ်တဲ့ နိုင်ငံအချို့ရဲ့ အကြောင်းအရာတွေကို Shwemom ပရိသတ်ကြီးသိအောင် Brightside သတင်းဌာနရဲ့ ဆောင်းပါးတစ်ပုဒ်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ်။

ဂျပန်နိုင်ငံရဲ့ လမ်းတိုင်းလိုလိုမှာ နာမည်မရှိပါဘူး

© wikipedia

နိုင်ငံတော်တော်များများမှာတော့ ဘာလမ်းညာလမ်း အစရှိသဖြင့် လမ်းနာမည်တွေရှိတတ်ကြပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံမှာ လမ်းနာမည်ဆိုတာမရှိပါဘူး။ ဂျပန်နိုင်ငံက လမ်းတွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရှိ မန္တလေးမြို့က လမ်းတွေနဲ့ ဆင်ပါတယ်။ ဂျပန်မှာ များသောအားဖြင့်လမ်းတွေကို နာမည်ပေးလေ့မရှိပဲ Block တို့၊ Section တို့နဲ့ပဲ သုံးလေ့ရှိပါတယ်။ ဥပမာ- ငါက Block ၆ မှာနေတယ်၊ Section ၃ မှနြေတယ် အစရှိသဖြင့် သုံးနှုံလေ့ရှိပါတယ်။

READ
ကိုယ်ပိုင်စာကြည့်တိုက်တစ်ခုလုံးကို အနုပညာအဖြစ်ပြောင်းလဲခဲ့တဲ့ စာအုပ်ချစ်သူ

စင်ကာပူနိုင်ငံမှာ များသောအားဖြင့် ဝါးလုံးတန်းနဲ့ အဝတ်လှန်းလေ့ရှိပါတယ်

R7 Photo/Shutterstock

အနောက်နိုင်ငံ တော်တော်များများမှာတော့ များသောအားဖြင့် အဝတ်ခြောက်အောင်ဆိုရင်တော့ အဝတ်ခြောက်စက်နဲ့ ရေညှစ်တာပဲဖြစ်ဖြစ်၊ ပင်မင်းဆိုင်ပို့တာပဲဖြစ်ဖြစ် လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် စင်ကာပူနိုင်ငံမှာဆိုရင်တော့ ရေစိုနေတဲ့ အဝတ်တွေကို ဝါးလုံးတန်းရှည်ပေါ်မှာ လွှားထားပြီး အခြောက်ခံလေ့ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်တော့ တစ်နိုင်ငံလုံးနီးပါး ဒီနည်းနဲ့ပဲ အဝတ်အခြောက်ခံလေ့ရှိပါတယ်။ တစ်ချို့ဆိုရင်တောင် ကြိုးတန်းပေါ်မှာတောင် လှန်းထားပြီး အဝတ်အစားကို အခြောက်ခံလေ့ရှိပါတယ်။

သစ်သားရေကန်လေးတွေကိုသာ သုံးလေ့ရှိတဲ့ ဂျပန်နိုင်ငံ

© wikipedia

အာရှနိုင်ငံတော်တော်များများမှာတော့ ရေချိုးကန်ရှိတတ်ကြပါတယ်။ များသောအားဖြင့် အဲဒီရေချိုးကန်ဟာ အုတ်၊ ပလပ်စတစ်၊ စတီး အစရှိတာတွေကိုသာသုံးပြီး ဆောက်လေ့ရှိပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံက ရေချိုးကန်တွေကတော့ ထူးဆန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီရေချိုးကန်ဟာ သသစ်သားနဲ့ ဆောက်ထားတာမို့လို့ပါပဲ။ တော်တော်များများကတော့ ရေချိုးကန်ထဲကရေကို အပေါ်ကနေ သစ်သားပြားလေးနှစ်ချပ်နဲ့ ပိတ်ထားပြီး သူတို့ရေချိုးရင် နွေးအောင်လုပ်ထားလေ့ရှိပါတယ်။ တစ်ချို့ဆိုရင် အဲဒီရေချိုးကန်ထဲတစ်ကိုယ်လုံးစိမ်ပြီး ရေဝင်ချိုးလေ့ရှိပါတယ်။

READ
ကမ္ဘာ့အကြီးဆုံးအရာများရဲ့ အရွယ်အစားကို မြင်သာထင်ရှားအောင် ဖန်တီးထားတဲ့ပုံများ

ကြက်ရင်ပုံနဲ့ အချိုပွဲလုပ်ထားတဲ့ တူရကီပူတင်း

© wikipedia

နိုင်ငံတော်တော်များများကတော့ ကြက်ရင်ပုံဆိုရင် အသားလုံးလုပ်တဲ့နေရာတွေ၊ အကင်တွေ အစရှိတဲ့နေရာတွေမှာ သုံးလေ့ရှိပါတယ်။ ဒါပေမယ့် တူရကီနိုင်ငံကတော့ ကြက်ရင်ပုံကို အချိုပွဲလုပ်တဲ့နေရာတွေမှသြာ သုံးလေ့ရှိပါတယ်။ သူတို့နိုင်ငံအခေါ်အရဆိုရင်တော့ တူရကီပူတင်လို့ခေါ်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ ကြက်ရင်ပုံရယ်၊ နွားနို့ရယ်၊ ထမင်းရယ်၊ သကြားနဲ့ သစ်ကြံပိုးခေါက်တို့ပဲ ဖြစ်ပါတယ်။

မှင်နီကို တောင်ကိုရီးယားမှာ အသုံးပြုခွင့်မရှိပါဘူး

Twitter/ShizukaHaneul

များသောအားဖြင့် ကျွန်တော်နိုင်ငံမှာတော့ မှင်နီတွေကို အမှတ်ခြစ်တဲ့နေရာတွေ၊ ကျောင်းစာအုပ်ထဲမှာ အမှားပါရင် မှင်နီနဲ့ဝိုင်းပြီး ဆရာဆရာမတွေက ထောက်ပြတဲ့အခါတွေမှာသာ မှင်နီကို သုံးလေ့ရှိပါတယ်။ တောင်ကိုရီးယာမှာတော့ လူတစ်ယောက်နာမည်ကို မှင်နီနဲ့ရေးတာကတော့ သေသွားတဲ့သူတွေနာမည်ရေးမှသာ မှင်နီကို အသုံးပြုလေ့ရှိပါတယ်။ ဒါ့ကြောင့် တောင်ကိုရီးယားရောက်သွားခဲ့ရင်တောင် အမှတ်တမဲ့အနေနဲ့တောင် မှင်နီကို အသုံးပြုခွင့် မရှိပါဘူး။

Pyi Hein Kyaw

SHARE