အကြားအာရုံကို ပျက်စီးစေနိုင်တဲ့ အကြောင်းရင်း(၅) ချက်

လူတစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ရာမှာ အကြားအာရုံဟာ အရေးကြီးပါတယ်။ တစ်ဖက်သားပြောတာ ကိုယ်မကြားတဲ့အခါ အချင်းချင်းဆက်သွယ်ရေးမှာ အနှောင့်အယှက်ကြီးစွာ ဖြစ်နိုင်ပါတယ်။ အကြားအာရုံ ဆုံးရှုံးခြင်းကြောင့် ကိုယ့်ရဲ့ လူမှုဆက်ဆံရေးနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာပါ ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်ပါတယ်။ အကြားအာရုံကို ချို့ယွင်းစေတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။

အလုပ်အကိုင်

pixabay

ကိုယ်လုပ်နေတဲ့ အလုပ်အကိုင်ဟာ အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။ အလုပ်ဟာ တကယ်တမ်း အကြားအာရုံပျောက်ဆုံးရခြင်းရဲ့ အဓိကအကြောင်းရင်းမဟုတ်ပေမယ့် အလုပ်ချိန်တွင်းမှာ ကြုံတွေ့ရတဲ့ ဆူညံသံတွေကြောင့် အကြားအာရုံဆုံးရှုံးနိုင်ပါတယ်။ ဥပမာ အသံအတိုးအကျယ်ကို တိုင်းတာတဲ့ယူနစ်ဖြစ်တဲ့ ဒက်ဆီဘယ်(၈၅) ကျော်နေတဲ့ အသံတွေကို နားထောင်ရင်း တစ်သက်လုံး နားထိုင်းသွားနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အမေရိကန်နိုင်ငံသား (၁၀) သန်းခန့်ဟာ အသံကြောင့် အကြားအာရုံဆုံးရှုံးနိုင်တဲ့ ဝေဒနာကို ခံစားနေရပြီး သန်း(၃၀)ဟာ နေ့စဉ် အန္တရာယ်များတဲ့ ဆူညံသံတွေနဲ့ ထိတွေ့နေရကြောင်း သိရပါတယ်။

READ
Folliculitis (မွေးညင်းပေါက်ရောင်တဲ့ရောဂါ)အတွက် အစွမ်းထက်တဲ့ မီးဖိုချောင်သုံးပစ္စည်းများ

တေးဂီတ

pixabay

တေးဂီတဟာလည်း နားကို ထိခိုက်ပြီး အကြားအာရုံဆုံးရှုံးစေနိုင်ပါတယ်။ နားကြပ်ဖုန်းတွေကို အသံအကျယ်ကြီးဖွင့်ပြီး သီချင်းတွေနားထောင်တာဟာလည်း အကြားအာရုံပျက်စီးစေနိုင်ပါတယ်။ အထူးသဖြင့် အချိန်အတော်ကြာအောင် သီချင်းအကျယ်ကြီး ဖွင့်ပြီး သီချင်းနားထောင်တတ်သူတွေဟာလည်း အကြားအာရုံထိခိုက်ပျက်စီးနိုင်ကြောင်း သိရပါတယ်။

ကား သို့မဟုတ် စက်ဘီး

pixabay

ယာဉ်မောင်းနှင်တာဟာလည်း အကြားအာရုံကို ထိခိုက်ချို့ယွင်းစေပါတယ်။ မီးပွိုင့်တွေက ဆူညံသံတွေဟာ နားကို ဖိအားဖြစ်စေတယ်လို့ သိရပါတယ်။

ဆေးလိပ်သောက်ခြင်း

pixabay

ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကိုထိခိုက်စေရုံတင်မကပဲ အကြားအာရုံကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်ဟာ သွေးဖိအားတက်စေတဲ့အပြင် ခန္ဓာကိုယ်တွင်းက သွေးကြောတွေကိုပါ ကျုံ့စေနိုင်ပါတယ်။ ဒါကြောင့် သွေးကြောတွေဟာ ကျဉ်းသွားတာကြောင့် ခန္ဓာကိုယ်ထဲက အရေးကြီးတဲ့နေရာတွေကို သွေးမရောက်တော့ပါဘူး။ ခန္ဓာကိုယ်အရေးကြီးအစိတ်အပိုင်းထဲမှာ နားလည်းပါတာကြောင့် အကြားအာရုံချို့ယွင်းတဲ့အဖြစ်ကိုပါ ရောက်သွားတာ ဖြစ်ပါတယ်။

ဆေးဝါးများ

pixabay

အချို့ဆေးဝါးတွေဟာလည်း အကြားအာရုံကို ချို့ယွင်းပြီး နားထိုင်းစေပါတယ်။ ပဋိဇီဝဆေးတွေ၊ ကင်ဆာဆေးဝါးတွေနဲ့ အကိုက်အခဲပျောက်ဆေး၊ နှလုံးရောဂါဆေး အချို့ကလည်း အကြားအာရုံကို ထိခိုက်ပျက်စီးစေပါတယ်။

READ
မိုးတွင်းမှာ ငါးစားရင်ဖြစ်လာနိုင်တဲ့ ဆိုးကျိုး(၅)ခု

လင်းလင်း (ShweMom)

Ref: elitereaders

SHARE