ကိုယ်အလေးချိန်လျှော့ဖို့အတွက် သကြားပါဝင်မှုကိုရှောင်ကျဉ်နိုင်ယမ့် နည်းလမ်း(၅)မျိုး

Twitter/AHA

အဆီ၊ အရေးအကြောင်းတွေနဲ့ နာတာရှည်ရောဂါတွေကို တိုက်ထုတ်ချင်ပါသလား။ အဲတာဆိုရင်တော့ သင်စားသုံး မယ့်အစားအစာထဲမှာ သကြားပါဝင်ပမာဏကို တတ်နိုင်သမျှလျော့ချဖို့လိုအပ်ပါတယ်။

သကြားပါတဲ့အစားအစာတော်တော်များများ ကယ်လိုရီပါဝင်မှုအရမ်းများတာကြောင့် ကိုယ်အလေးချိန်ကိုတိုးစေပါ တယ်။ အ၀လွန်ခြင်းကြောင့် သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါအပါအ၀င် နာတာရှည်ရောဂါ တော်တော်များများကိုဖြစ်ပွားစေပါတယ်။

သကြားဟာ အသားအရေကိုပြန်လည်ပြုပြင်တဲ့နေရာမှာ အရမ်းကိုအနှောက်အယှက်ပေးတာကြောင့် သင့်ရဲ့နဂို  ရှိရင်းစွဲအသက်ထက်ပိုပြီးကြီးရင့်စေပါတယ်။ နောက်ဆုံးရလဒ်ကတော့ အရေးအကြောင်းတွေထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

American Heart Association အဖွဲ့ရဲ့ပြောပြချက်အရ အမေရိကန်နိုင်ငံသားတစ်ယောက်ဟာ တစ်ရက်ကို ပျှမ်းမျှ သကြားလက်ဖက်ရည်ဇွန်း(၂၂)ဇွန်းကိုစားလေ့ရှိပါတယ်။ ဒါဟာ မစားသုံးသင့်တဲ့ အချိုပမာဏပဲဖြစ်ပါတယ်။

Freepik/NLE

အကြံပြုရမယ်ဆိုရင် အမျိုးသမီးတွေဟာ သကြားကို တစ်နေ့မှာ လက်ဖက်ရည်ဇွန်း(၆)ဇွန်းသာစားသုံးသင့်ပြီး  အမျိုးသားတွေကတော့ (၉)ဇွန်းထက်မပိုတဲ့ပမာဏကိုစားသုံးသင့်ပါတယ်။

ဒါ့ကြောင့် သကြားစားသုံးမှုကိုဆင်ခြင်နိုင်ဖို့နဲ့ လူငယ်ဘ၀နဲ့ကျန်းမာရေးကိုပြန်လည်စတင်နိုင်ဖို့ သကြားကို ချင့်ချိန်သုံး စွဲသင့်တဲ့အကြောင်းလေးကို စာဖတ်သူအားလုံးသိရှိစေဖို့ဖော်ပြပေးလိုက်ပါတယ်နော်။

ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေကို တတ်နိုင်သမျှ အိမ်မှာ ၀ယ်မဆောင်ထားပါနဲ့

အဖြူရောင်၊ အညိုရောင်ရှိတဲ့သကြားတွေ၊ ပြောင်းဖူးရည်၊ pancake syrups၊ ယိုတွေ၊ ဂျယ်လီတွေ၊ပျားရည်နဲ့ သကာရည်တွေဖြစ်တဲ့ သကြားပါဝင်တဲ့ပစ္စည်းအားလုံးကို ဖြစ်နိုင်ရင် အိမ်မှာတောင် မဆောင်ထားပါနဲ့။ ရှိနေရင် စားမိသွားမှာစိုးလို့ပါ။သကြားကို များသောအားဖြင့် အစားအစာထုတ်လုပ်သူတွေက ကုန်ပစ္စည်းသက်တမ်းကြာရှည်ခံ ဖို့အတွက်နေရာမှာအသုံးပြုကြတာဖြစ်တဲ့အတွက်ကြောင့် တတ်နိုင်သမျှ သကြားပါဝင်မှုများတဲ့ အစားအစာတွေကို  ရှောင်ကျဉ်သင့်ပါတယ်။ဥပမာ – ခရမ်းချဉ်သီးအချဉ်ရည်မှာလည်း သကြားဓာတ်များစွာပါဝင်တာကြောင့် သင့်တင့် မျှတစွာပဲစားသုံးသင့်ပါတယ်။

ဝှက်ထားတဲ့သကြားတွေကို ရှာဖွေပါ။

READ
ဆဲလ်ဖုန်းတွေကိုဘောင်းဘီအိတ်ထဲ ထည့်ခြင်းရဲ့ကြီးမားတဲ့အန္တာရယ်

အခုလိုဖယ်ရှားမှုတွေလုပ်လိုက်လို့ စားစရာထဲမှာအန္တရာယ်ကင်းသွားပြီထင်ပါသလား။ မထင်ပါနဲ့။ ဘာလို့ဆို ကုန်ပစ္စည်းထုတ်လုပ်သူတော်တော်များများက သူတို့ရဲ့ကုန်ပစ္စည်းထဲမှာ သကြားပါဝင်မှုနည်းတယ်ဆိုပြီး အမျိုးမျိုးပြောပြီးထုတ်လုပ်ထားကြတာဖြစ်ပေမယ့် ကြာရှည်ခံဖို့အတွက် သကြားပမာဏများများကိုသာ အသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့် သကြားပမာဏများမများကို ကိုယ်တိုင်သာရှာဖွေနိုင်မှ အန္တရာယ်ကင်းနိုင်ပါ လိမ့်မယ်။ အဖျော်ယမကာ၊ သစ်သီးဖျော်ရည်၊ ပျားရည်၊ မုယောသကြားရည် စတာတွေဟာ သကြားပမာဏ ပါဝင်မှုအများဆုံးနဲ့ပြုလုပ်ထားတဲ့ ထုတ်ကုန်တွေပဲဖြစ်ပါတယ်။

Freepik/SBeav

ကိုယ်ဘယ်လို အအေးမျိုးသောက်သင့်သလဲဆိုတာ ဆုံးဖြတ်နိုင်ပါစေ။

ဆိုဒါတစ်မျိုးတည်းက တစ်ရက်နီးပါးကိုသကြားဓာတ်ပေးနိုင်ပါတယ်။ ဒါပေမယ့် သင်သဘောကျကြိုက်နှစ်သက်ဆုံး စွမ်းအားဖြည့်သောက်စရာကို ကြည့်ပြီးပြီလား။ အဲ့ဒီစွမ်းအားဖြည့်အချိုရည်တွေထဲမှာ သကြားထက်ဆိုဒါပါဝင်မှု  ပိုများနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ အားဖြည့်အချိုရည် (၂၀)အောင်စရှိတဲ့ဘူးတစ်ဘူးမှာ သကြား(၃၅)ဂရမ်ပါဝင်ပါ တယ်။ (၃၂)အောင်စရှိတဲ့ အားဖြည့်အချိုရည်မှာဆိုရင် သကြားပမာဏဟာ (၅၆)ဂရမ်နဲ့(၇၆)ဂရမ်ကြားမှာရှိနေ တာကြောင့် ကလေးတွေနဲ့ဆယ်ကျော်သက်တွေအတွက် နေ့စဉ်သကြားပမာဏဟာ (၄)ဆကနေ (၆)ဆအထိရှိနိုင်  ပါတယ်။

ကျန်းမာရေးအတွက် ထုတ်ထားတဲ့ အစားအစာတွေမှာလည်း သကြားပါဝင်ပါတယ်နော်။

READ
အန္တရာယ်ကြီးမာတဲ့ သွေးခဲခြင်း၊ သွေးကြောပိတ်စို့ခြင်းကို ဘယ်လိုကာကွယ်မလဲ

ဈေးကွက်မှာရောင်းချနေတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတော်တော်များများမှာလည်း သကြားပမာဏများပြား စွာပါဝင်နေတတ်ပါတယ်။ အုတ်ဂျုံမှုန်းကတော့ သကြားပမာဏသင့်တင့်မျှတစွာပါဝင်တာကြောင့် ကျန်းမာရေးနဲ့ညီ ညွတ်တဲ့အတွက် ရွေးချယ်စားသုံးသင့်ပါတယ်။ ဒါပေမယ့်လည်း သူ့မှာလည်း သကြားပမာဏ(၁၅)ဂရမ် ပါဝင်ပါသေးတယ်။ ပြောရမယ်ဆိုရင် အဆီကျတယ်၊ ကျန်းမာရေးကောင်းစေတယ်လို့ သတ်မှတ်ထားတဲ့ ဒိန်ချဉ်တောင်မှ သကြား(၃၀)ဂရမ်ပါဝင်တာကြောင့် သကြားအများဆုံး သုံးထားတဲ့ရေခဲမုန့်(၂)ခုပမာဏလောက်ကို ရှိနေပါတယ်။

Wikimedia Commons

အစားထိုးစားသုံးခြင်း။

သင်စားတဲ့အစားအစာထဲမှာ သကြားကိုရှောင်ပြီးစားဖို့ ဘယ်လိုအစားအစာမျိုးကိုရွေးချယ်စားရမလဲ ၊ ဘယ်လိုကန့် သတ်ပြီးစားသောက်ရမလဲပဲဖြစ်ပါတယ်။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေကို အစားထိုးစားသုံးသင့်ပါ တယ်။ ဒါပေမယ့် သူတို့မှာလည်း သကြားပမာဏပါဝင်မှုတွေရှိပါတယ်။ ပန်းသီးတစ်လုံးမှာ သကြားပမာဏ(၂၀)ဂရမ်၊ ငှက်ပျောသီးမှာ (၁၄)ဂရမ်နဲ့ အာလူးမှာ(၇)ဂရမ်ရှိပါတယ်။ ဒါပေမယ့် သစ်သီးတွေထဲမှာပါတဲ့အချိုတွေဟာ သင့်ရဲ့ ဆာလောင်မှုကိုကျေနပ်စေပြီး သင့်ရဲ့ခန္ဓာကိုယ်ထဲ သကြားဝင်ရောက်မှုကို နှေးကွေးစေပါတယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေမှာ ကျန်းမာရေးကိုအထောက်အကူပြုနိုင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ  ၀င်တဲ့အပြင် ကယ်လိုရီအစား အခြားအာဟာရဓာတ်ကိုရရှိစေပါတယ်။

ဒီလိုသကြားပမာဏကိုလျော့သုံးလိုက်မယ်ဆိုရင် ခန္ဒာကိုယ်လည်း အလေးချိန်ကျလာမှာဖြစ်တဲ့အပြင်  အ၀လွန်ခြင်းကြောင့် ဖြစ်တဲ့ရောဂါတွေလည်း မဖြစ်တော့ဘူးပေါ့နော်။ ဒီ့ထက်ပိုကောင်းတာကတော့ ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေကို စားသုံးတဲ့အတွက်ကြောင့် သင့်ရဲ့အသားအရေကလည်း အရင်ကထက်ကို ပိုကောင်းလာမှာအမှန်ပါပဲ။

Thae Su

SHARE