Crush ကပြန်မကြိုက်တဲ့အခါ ခံစားရမယ့် ဝေဒနာ (၅) မျိုး

မိန်းကလေးတွေဟာ တစ်ခါတလေမှာ အချစ်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို နားမလည်နိုင်တဲ့ အချိန်တွေရှိပါတယ်။ အခုဖော်ပြပေးတဲ့ လက္ခဏာတွေဖြစ်နေပြီဆိုရင်တော့ သင်ဟာ တစ်ဖက်သက်အချစ်ကို ခံစားနေရတဲ့သူဖြစ်ပါတယ်

(၁) ပထမဦးဆုံးအတွေးထဲမှာသူ

မိုးလင်းလို့ မျက်လုံးနှစ်လုံး ပွင့်တာနဲ့ အရင်ဆုံး ရောက်လာတဲ့အရာက သူ ပဲဖြစ်နေပါမယ်။ သူ့အကြောင်းတွေးလိုက်တာနဲ့ တစ်ပြိုင်နက်ကို ရင်တွေခုန်သလိုလို၊ ပျော်သလိုလိုဖြစ်ပြီး နိုးနိုးချင်းပြုံးစိစိ ဖြစ်နေပါလိမ့်မယ်။ ဒါ့အပြင် တစ်ပြိုင်နက်တည်း သူ့ရဲ့ ဥပေက္ခာတွေက အတွေးထဲဝင်လာပြီး ဝမ်းနည်း လာပြန်မယ်။ တစ်ချိန်တည်းမှာ ဝမ်းနည်း ဝမ်းသာခံစားရပြီး တစ်နေ့လုံး ဒီစိတ်ကြီးကပဲ ကိုယ့်ကို စိုးမိုးနေမှာဖြစ်ပါတယ်။

(၂) သင့်အမှားမဟုတ်ပဲကိုယ့်ကိုယ်ကိုအပြစ်တင်မယ်

သူဖုန်းမကိုင်ရင်ဖြစ်ဖြစ်၊ အဆက်အသွယ်သိပ်မလုပ်ဖြစ်တဲ့ အခါတွေကျရင်ပဲဖြစ်ဖြစ် သင့်ကိုယ်သင် အပြစ်မကင်းသလို ခံစားနေရပါလိမ့်မယ်။ သင့်ရဲ့ ချို့ယွင်းမှု၊ အားနည်းမှုတွေ အတွက်လည်း စိတ်မကောင်းတွေဖြစ်နေတတ်တယ်။ အလိုလို ဝမ်းနည်းအားငယ်နေတတ်တယ်။

READ
အရမ်းချစ်တတ်တဲ့ ကောင်မလေးတွေကို ဘာလို့ရည်းစားက ထားသွားတာလဲ…

(၃) သူ့ကိုဆုံးရှုံးရမှာကြောက်တယ်

သူ့ကိုဆုံးရှုံးရမှာကို ကမ္ဘာပျက်မှာထက်တောင် ကြောက်နေပါလိမ့်မယ်။ တစ်ယောက်ယောက်နဲ့ ကြိုက်သွားမှာကို တွေးလိုက်တိုင်း ရင်တွေပူလောင်နေမှာပါ။ သူ့ကိုလည်းမဆုံးရှုံးချင်သလို၊ ရဖို့လည်းမကြိုးစားရဲပြန်ဘူး။ အဲလိုဒွိဟတွေကပဲ သင့်ကို နေ့စဉ် ပူလောင်မှုတွေ ပေးနေမှာပါ။

(၄) သူ့ကိုခြေရာခံဖို့ကြိုးစားနေရမယ်

သူဘယ်သွားတယ်၊ ဘယ်သူနဲ့လဲ ဆိုတာတွေကအစ သူ့ကို tag လာတွဲတဲ့ကောင်မလေးတွေ အဆုံး အားလုံးရဲ့ acc တွေကို မွှေနှောက်နေမိမှာပါ။ ခပ်ချောချော ကောင်မလေးတွေနဲ့ တရင်းတနှီးနေတိုင်းလည်း သင့်ရဲ့ သောကတွေက အမြင့်ဆုံးကိုရောက်နေမှာပါ။ ဘာမှန်းမသိ အလိုလို အားငယ်စိတ်တွေလည်း ဝင်နေမှာပါ။

(၅) အသည်းကွဲတဲ့နာကျင်မှုမျိုးကို မကြာခဏခံစားရမယ်

သင်ဘယ်လောက် ကြိုးစားကြိုးစား သူ့ဘက်က ဘာမှမပြောင်းလဲတဲ့အခါ၊ သင့်ကို ဂရုစိုက်မလာတဲ့အခါ သင့်စိတ်တွေ အရမ်းကျသွားမှာပါ။ ဒါတင်မကသေးပါဘူး။ သူလုပ်လိုက်တဲ့ အသေးအမွှား ကိစ္စတိုင်းမှာ သင်အရမ်းထိခိုက် လွယ်နေမယ်။ သူဟာ သင်မဟုတ်တဲ့ အခြားတစ်ယောက်နဲ့တွဲသွားတဲ့အခါ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်လာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ မရှိတော့လောက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ နောက်ထပ် ဘယ်သူ့ကိုမှ မ crushရဲလောက်အောင် ကြောက်သွားမှာပါ။

READ
စိတ်ကောက်တတ်တဲ့ချစ်သူကိုဘယ်လိုချော့မလဲ

Em Em (shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE