အရမ်းချစ်တဲ့ ညီအကိုနှစ်ယောက်ကြားမှာ အမုန်းမီးပွားစေခဲ့တဲ့ စကားလုံး(၅)လုံး

[email protected] theroyalfamily

အင်္ဂလန်နိုင်ငံရဲ့ တော်ဝင်မင်းသားနှစ်ပါးဖြစ်တဲ့ Prince William နဲ့ Prince Harry ကိုတော့ တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ သူတို့နှစ်ဦးဟာ တစ်ချိန်က တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့ ညီအကိုနှစ်ယောက်ဖြစ်ပေမယ့် အခုအချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ခပ်တန်းတန်းဖြစ်သွားခဲ့ကြတာကို သတိထားမိကြမှာပါ။

မကြာသေးအချိန်က ထွက်ရှိခဲ့တဲ့ Prince Harry နဲ့ Meghan Markle အကြောင်းရေးထားတဲ့ စာအုပ်ထဲမှာတော့ Harry နဲ့ William တို့ကြားက ညီအကိုဆက်ဆံရေးကို ခပ်တန်းတန်းဖြစ်သွားစေတဲ့ စကား ၅ လုံးအကြောင်းကို ရေးသားဖော်ပြခဲ့ကြောင်း Daily Star သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

🌏Today at Windsor Castle: The Duke and Duchess of Sussex joined young leaders at a roundtable discussion on gender equality and inclusion. The Duke is President of The Queen’s Commonwealth Trust and The Duchess is Vice-President. Impactful young leaders from around the world including South Africa, Iraq and Malawi led a discussion on how to drive meaningful change and empower women. The roundtable was organised by @queens_commonwealth_trust and @oneyoungworld, both charities support and connect young leaders to bring about change. The Duchess of Sussex is a longstanding supporter of One Young World, having first joined as a Counsellor at the 2014 summit in Dublin. Earlier this week The Duchess of Sussex attended the 10th Annual One Young World Opening Ceremony at The Royal Albert Hall, which brought together 2,000 young leaders from 190 countries.

A post shared by The Royal Family (@theroyalfamily) on

အဆိုပါစာအုပ်ကတော့ စာရေးဆရာ Omid Scobie နဲ့ Carolyn Durand တို့ရေးသားထားတဲ့ Finding Freedom ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ အဆိုပါစာအုပ်ထဲမှာ အဓိကရေးသားထားတာကတော့ Harry တစ်ယောက် Meghan နဲ့ လက်ထပ်ပြီးနောက် နန်းတော်ထဲက ထွက်သွားပြီး တစ်အိုးတစ်အိမ် ထူထောင်ကြတဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ အဆိုပါစာအုပ်ထဲက ရေးသားထားချက်အရဆိုရင် Harry နဲ့ Meghan တို့  စေ့စပ်ပွဲအပြီးမှာ အစ်ကိုဖြစ်သူ Harry က ညီငယ်ဖြစ်သူ William ကို ပြောခဲ့တဲ့ စကားလုံး(၅)လုံးကြောင့်  တော်ဝင်မိသားစုရဲ့ အကွဲအပြဲဇာတ်လမ်းက စတင်ခဲ့တယ်လို့ သိရပါတယ်။

READ
ဗိုက်မှာ ဦးခေါင်းတစ်လုံး အပိုပါလာတဲ့ အိန္ဒိယ,ကလေးငယ်၊ ခွဲစိတ်မှုအောင်မြင်ခဲ့
Amazon.Com

အဆိုပါ စကားလုံး ၅ လုံးကတော့ “Are you sure about this?” ( မင်း .. သေချာရဲ့လား) ပဲ ဖြစ်ပါတယ်။ William တစ်ယောက် Harry ကို ဒီလိုမေးရတာကလည်း အကြောင်းအရင်းရှိပါတယ်။ Harry တစ်ယောက် Meghan နဲ့ မတွဲခင်တုန်းက နှစ်တော်တော်ကြာ Chelsy Davy လို့အမည်ရတဲ့ အာဖရိက စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးနဲ့ တွဲခဲ့ဖူးပါတယ်။ Harry ရဲ့ ငယ်ချစ်ဆိုလည်း မမှားသလို နှစ်ယောက်သားက လက်ထပ်လုနီးပါးအထိ ဖြစ်ခဲ့ပြီးမှ ပြတ်သွားခဲ့တာ ဖြစ်ပါတယ်။

Instagram[email protected] theroyalfamily

အခု Harry တစ်ယောက် လက်ထပ်လိုက်တဲ့ Megan ကတော့ တခုလပ်အမျိုးသမီးဖြစ်တာကြောင့် William က သူ့ညီကို စိတ်ပူတာကြောင့် ဒီအတိုင်းမေးခဲ့တာပါ။ ဒါပေမယ့် Harry ကတော့ သူ့အကိုက သူနဲ့ Megan နဲ့ လက်ထပ်တာကို သဘောမကျလို့ ဒီလိုမေးတယ်လို့ ထင်ခဲ့ပုံပါပဲ။ ဘာပဲဖြစ်ဖြစ် ဘာမဟုတ်တဲ့ ဒီစကား ၅ လုံးကြောင့် သူတို့ညီအစ်ကို ဆက်ဆံရေးက သွေးအေးသွားတာတော့ စိတ်မကောင်း ဖြစ်စရာပါပဲ။ စာဖတ်ပရိသတ်ကြီးကော… ဘယ်သူမှားတယ်လို့ ထင်လဲဗျ။

READ
ရေထဲကို သတို့သားနဲ့အတူ ခုန်ချအောင်ပွဲခံရင်း ၀တ်စုံကြောင့် ရေနစ်မလိုဖြစ်ခဲ့ရတဲ့ သတို့သမီး
Instagram-@ theroyalfamily

Pyi Hein Kyaw

SHARE