ပီဇာစားချင်လွန်းလို့်ဆိုပြီး ရဲစခန်းအရေးပေါ်ကို ဖုန်းခေါ်ခဲ့တဲ့ (၅) နှစ်သားလေး

Seminole County

မန်နီဘီရှာရာအမည်ရှိတဲ့ အသက်(၅) နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ ပီဇာစားချင်လွန်းတဲ့အတွက် ဖလော်ရီဒါရဲစခန်းအရေးပေါ်ကို ဆက်သွယ်ခဲ့ကြောင်း unilad အရ သိရပါတယ်။ မန်နီဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက အမဖြစ်သူ မက်ဒေါ်နားနဲ့ ရှိနေခဲ့ပါတယ်။ ဗိုက်ဆာလို့ဆိုပြီး အစ်မဖြစ်သူကို ပြောရာမှ မက်ဒေါ်နားဟာ မီးဖိုဆောင်ကို ကွေကာအုပ်လုပ်ပေးဖို့ ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် မန်နီစားချင်တာက ပီဇာပါ။ အရသာဖွယ်တယ်တယ်နဲ့ ကွေကာအုပ်မဟုတ်ပါဘူး။ ဒါနဲ့ မန်နီဟာ အရေးပေါ်(၉၁၁) ကို ဖုန်းခေါ်ဖို့အကြံရပြီး ပီဇာလာပို့ပေးပါလို့ ပြောလိုက်ပါတယ်။

မက်ဒေါ်နားလည်း မီးဖိုဆောင်ထဲက ပြန်ထွက်လာတော့ ဖုန်းပြောနေတဲ့ မောင်ဖြစ်သူကို ကြည့်ပြီး ကြောင်သွားပါတယ်။ ဒါနဲ့ ဘယ်သူနဲ့များ ဆက်နေသလဲကြည့်လိုက်တဲ့အခါ ရဲစခန်းဆီခေါ်ထားတာကို တွေ့ရတဲ့အတွက် ချက်ခြင်းပဲ ဖုန်းချပစ်ခဲ့ပါတယ်။

Pexels/Muffin

နောက် စက္ကန့်အနည်းငယ်လောက်ကြာတော့ ရဲစခန်းက ဖုန်းခေါ်လာပါတယ်။ အထိတ်ထိတ်အလန့်လန့်နဲ့ မက်ဒေါ်နားက ဖုန်းကိုင်ပြီး ရဲအရာရှိကြီးရဲ့ ပြောစကားကို မျှော်လင့်နေပါတယ်။ ရဲစခန်းကတော့ ခုနက ပီဇာလာပို့ပေးပါလို့ပြောတာဟာ စကားဝှက်တစ်ခုလား၊ အကူအညီတောင်းတာလား စသဖြင့် သေချာအောင် မေးမြန်းပြီးမှ နောက်ဆုံးစိတ်ချသွားတဲ့ပုံနဲ့ ဖုန်းချသွားပါတယ်။

READ
မြောက်အမေရိကသဘာဝဘေးအန္တရာယ်တွေအတွက် ဒေါ်လာ၁သန်းလှူဒါန်းခဲ့တဲ့ Lady Gaga

မကြာခင်မှာပဲ ရဲစခန်းက ရဲသား(၃) ဦးဟာ မန်နီတို့အိမ်ကို ပေါက်ချလာခဲ့ပြီး မန်နီကို ပီဇာတစ်ဘူးလာပေးသွားခဲ့ပါတယ်။  နောက်တစ်နေ့မှာတော့ မန်နီအပါအ၀င် သူ့အမနှစ်ယောက်နဲ့ မန်နီရဲ့မိခင်တို့ဟာ ရဲစခန်းကို ကျေးဇူးတင်တဲ့အနေနဲ့ ပီဇာ(၃)ဘူး လက်ဆောင်ပြန်ပေးခဲ့ကြောင်း သိရပါတယ်။

Seminole County

“ကျွန်တော်တော့ အခုလောက်ဆိုရင် မန်နီက (၉၁၁) ဆိုတာ ဘာလဲလို့ သဘောပေါက်သွားပုံရတယ်။ အရေးတကြီးကိစ္စမဟုတ်ဘူးဆိုရင်တော့ (၉၁၁) ကို ဖုန်းမဆက်သင့်ဘူးပေါ့။ ဒါပေမယ့် နောက်ဆုံးတော့ မန်နီလည်း ပီဇာစားလိုက်ရလို့ ကျွန်တော်လည်း ၀မ်းသာပါတယ်…” လို့ စခန်းမှုးက ဆိုခဲ့ပါသေးတယ်။ အောက်မှာတွေ့ရတဲ့ ဓာတ်ပုံလေးကတော့ ဘယ်လောက်ပဲ ပီဇာစားချင်စားချင်၊ (၉၁၁) ကတော့ ပီဇာမှာဖို့ နံပတ်မဟုတ်ပါဘူး ဆိုတဲ့ စာသားနဲ့အတူ မန်နီရဲ့ ဓာတ်ပုံပါ တွဲတင်ခဲ့တဲ့ ရဲစခန်းဖေ့စ်ဘုတ်စာမျက်နှာမှ ဖြစ်ပါတယ်။

Officers Morales, Mejia, and Hernandez responded to a home on Key Haven Dr., for a well-being check on a 911 call made…

Posted by Sanford Police Department on Friday, 2 August 2019

လင်းလင်း (ShweMom)

SHARE