မိုက်ခ်တိုင်ဆန်ဆီက ၀ယ်ယူခဲ့တဲ့အိမ်ကြီးကို အရှုံးခံပြီးရောင်းမယ့် 50 Cent

ရက်ပ်အဆိုတော် 50 Cent ဟာ ၂၀၀၇ ခုနှစ်တုန်းက မိုက်ခ်တိုင်ဆန်ဆီကနေ ၀ယ်ယူခဲ့တဲ့ အိပ်ခန် (၂၁) ခန်းပါ အိမ်ကြီးကို ယူရိုငွေ (၁၂) သန်းအရှုံးခံပြီး ပြန်ရောင်းခဲ့ကြောင်း သိရပါတယ်။

TNI press

Connecticut ပြည်နယ်မှာတည်ရှိပြီး မီးဖိုခန်း (၉) ခန်း၊ ရေချိုးခန်း (၂၅) ခန်းနဲ့ နန်းတော်အလားမှတ်ရတဲ့ အိမ်ကြီးကို ယူရို (၂.၃) သန်းနဲ့ ရောင်းချဖို့လုပ်နေပြီး ရသမျှကို ရံပုံငွေအသင်းအဖွဲ့တစ်ခုဆီ လှူဒါန်းမှာဖြစ်ကြောင်း သိရပါတယ်။

နာမည်ရင်း တတိယမြောက် ကားတစ် ဂျိမ်းစ် ဂျက်ဆင်ဟာ  (၁၇) ဧက ကျယ်ဝန်းတဲ့ ဒီ အိမ်ကြီးအတွက် ယူရိုငွေ (၁၄.၂) သန်းပေးချေခဲ့ရပါတယ်။ အသက် (၄၃) နှစ်အရွယ်ရှိပြီးဖြစ်တဲ့ ရက်ပ်ပါဟာ ရောင်းလို့ ရတဲ့ငွေတွေကို သူ့ရဲ့ G-Unity ရံပုံငွေ ဖောင်ဒေးရှင်းမှာပဲ ဖြည့်တင်းမှာဖြစ်ပြီး အမေရိကန်နိုင်ငံက ၀င်ငွေနည်းတဲ့ လူ့အဖွဲ့အစည်းတွေကို ရှေးရှု့တဲ့ NGO တွေဆီ ခွဲဝေထောက်ပံ့ပေးမှာ ဖြစ်ကြောင်းသိရပါတယ်။

READ
Jonas ကို လက်တွဲဖော်အဖြစ်ရွေးရတဲ့ အကြောင်းအရင်းကို Chopra ဖွင့်ဟ
TNI press
TNI press
TNI press

အိမ်တွင်း၊ အိမ်ပြင် ရေကူးတွေပါဝင်ပြီး ရေပူစိမ်ကန်တွေပါတယ်။ ဒီ့အပြင် ကလပ်၊ အိမ်တွင်း ဘတ်စ်ကတ်ဘောကွင်း၊ ဂိမ်းကစားတဲ့အခန်းများ၊ အသံသွင်း စတူဒီယို၊ Gym၊ အစည်းအဝေးခန်း၊ အိမ်တွင်း ရုပ်ရှင်ရုံ၊ ရဟတ်ယာဉ်ရပ်နားကွင်း၊ ကာဆီနို၊ ရေကန်နဲ့ အလှဆင်ထားတဲ့ လှိုဏ်တို့ ပါဝင်သေးကြောင်း သိရပါတယ်။

TNI press
TNI press
TNI press

စစချင်း ရောင်းဖို့လုပ်တုန်းက ယူရို (၃.၈) သန်းနဲ့ ဈေးခေါ်ခဲ့ပါတယ်။ ငှားရမ်းမယ်ဆို တစ်လကို ယူရို (၇၇၀၀၀) နဲ့ သတ်မှတ်ထားပါတယ်။ ဒီ့အပြင် ၂၀၁၇ ခုနှစ်တုန်းက ဖောက်ခံရတဲ့ အိမ်ကြီးတစ်လုံးလည်း Farmington မြို့မှာ ရှိပါသေးတယ်။ သူက အဲ့ဒီ့အိမ်ကြီးကို ရောင်းလိုက်ပြီတောင်မှတ်ပြီး မေ့လျော့နေခဲ့ကြောင်း အင်စတာဂရမ်မှာ တင်ဖူးပါတယ်။

TNI press
TNI press
TNI press
TNI press

လက်ဝှေ့ကျော် မိုက်ခ်တိုင်ဆန်ဟာလည်း အရင်ဇနီး မော်နီကာနဲ့ ၂၀၀၃ ခုနှစ်က ကွာရှင်တော့ အိမ်ကြီးကို နစ်နာကြေးသဘောမျိုးနဲ့ ပေးခဲ့တာပါ။ ဒါပေမယ့် ၂၀၁၂ ခုနှစ်မှာ ယူရို ၃၁ သန်း ပြန်ဝယ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ့နောက်မှာမှ 50 Cent ဆီ ရောင်းချခဲ့တာပါ။

READ
ချစ်သူရဲ့ မိဘတွေနဲ့ တွေ့ဆုံခဲ့တဲ့ ဥက္ကာမင်းမောင်
TNI press

Ref: The Sun

Matthew (ShweMOM)
SHARE