ကလေးတွေကို အိမ်မှာ ဖုန်းအသုံးပြုခွင့်ကန့်သတ်ဖို့ ကြိုးစားနေတဲ့ အိုဆာကာမြို့တော်ဝန်

pexels/Kaku Nguyen

အသက် (၅၅) နှစ်ရှိပြီဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ အိုဆာကာမြို့တော်ဝန်က ကလေးတွေဟာ စမတ်ဖုန်းတွေနဲ့ပဲ အချိန်ကုန်နေပြီး ကျောင်းစာကို ချောင်ထိုးထားကြတယ်လို့ ဆိုလိုက်ပါတယ်။ အိုဆာကာမြို့ကတော့ မြို့နေလူဦးရေ (၂.၆) သန်းကျော်ရှိတဲ့ မြို့လေးတစ်မြို့ပဲ ဖြစ်ပါတယ်။ မြို့တော်ဝန် အီချီရိုမာဆုအီဟာ ဇန်န၀ါရီ (၁၅) ရက်နေ့တုန်းက မြို့တော်ခန်းမမှာ ကျင်းပတဲ့ စာနယ်ဇင်းညီလာခံအတွင်း ကလေးတွေရဲ့ ရှေ့ရေးနဲ့ ပတ်သက်လို့ သူစိုးရိမ်ပူပန်နေတာကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

မာဆုအီဟာ ကလေးတွေ ကျောင်းမတက်ချင်ရတဲ့ အကြောင်းရင်းကို စိတ်ဝင်စားသူတစ်ယောက် ဖြစ်ပါတယ်။ စာနယ်ဇင်းပွဲမှာတော့ မာဆုအီက တကယ်လို့သာ ကလေးတွေကို စမတ်အသုံးပြုခွင့် အချိန်အကန့်နဲ့ ပိတ်လိုက်မယ်ဆိုရင် ကလေးတွေက ပိုပြီးအတန်းမှန်မှန်လာတက်ကြလိမ့်မယ်လို့ မြို့တော်ဝန်က ယူဆတာ ဖြစ်ပါတယ်။

pexels/Giftpundits.com

မြို့တော်ဝန် မာဆုအီက စမတ်ဖုန်းကရတဲ့ ကောင်းကျိုးတွေကိုတော့ အတိအကျမဖော်ပြသွားခဲ့ပါဘူး။ ဒါပေမယ့် သူက ကလေးတွေဟာ ညဉ့်နက်သန်းခေါင်ထိ ဖုန်းသုံးတဲ့အတွက် မနက်ရောက်တဲ့အခါ ကျောင်းမှာ စာသင်ဖို့ပျင်းပြီး အိပ်ငိုက်နေကြတာဖြစ်မယ်လို့ ယူဆပုံလည်း ရပါတယ်။ သူဟာ အိုဆာကာမြူနီစပါယ် ပညာရေးဘုတ်အဖွဲ့ကိုလည်း ကလေးတွေရဲ့ အတန်းပုံမှန်တက်နှုန်းနဲ့ စမတ်ဖုန်းအသုံးပြုမှုဟာ ဘယ်လောက် အတိုင်းအတာထိ ဆက်စပ်နေမလဲဆိုတာကိုလည်း လေ့လာဖို့ မှာကြားထားတယ်လို့ သိရပါတယ်။

READ
သူများထက်ထူးပြီး ကျောက်ကပ်တစ်လုံး အပိုပါနေလို့၊ လိုအပ်တဲ့ဆီမှာ လှူမယ့်အမျိုးသမီး

မာဆုအီက ကလေးတွေ စမတ်ဖုန်းသုံးတာနဲ့ ပတ်သက်လို့ ခုလို မပြောခင် ကာဂါဝါ စီရင်စုနယ် အစည်းအဝေးမှာ ဥပဒေပြုအမတ်တွေက မူကြမ်းတစ်ခု ထုတ်ပြခဲ့ပြီးပါပြီ။ ၄င်းဥပဒေမူကြမ်းမှာတော့ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေဟာ ကျောင်းတက်ရက်တွေမှာ (၁) နာရီသာ ဗီဒီယိုဂိမ်းကစားခွင့်ရှိမှာ ဖြစ်ပြီး စနေ၊ တနင်္ဂနွေနဲ့ အခြားအားလပ်ရက်တွေမှာတော့ နာရီ (၉၀) ထိ ဂိမ်းကစားခွင့်ပေးသွားဖို့ ကြံရွယ်ထားကြောင်းလည်း soranews24 အရ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE