ခရီးသွားတဲ့အခါ ဟင်းလင်းပြင်မှာတဲထိုးအိပ်စက်ခြင်းဖြင့် ရရှိနိုင်တဲ့အကျိုးကျေးဇူး ၅ ခု

pexels/Pixabay

အခုခေတ်မှာ လေအေးပေးစက်မရှိတဲ့ အိပ်ခန်းဆိုလို့ မရှိသလောက်ပါပဲ။ အိပ်တာတင်ကိုမဟုတ်ဘဲ အလုပ်လုပ်လည်း air con နဲ့ အခန်း၊ ကားစီးလည်း air con နဲ့ အိမ်ပြန်ရောက်တော့လည်း လတ်ဆတ်တဲ့လေ မရှိတော့တဲ့ air con ခန်းထ်ဲမှာပဲ အမြဲတမ်းလိုလိုနေနေကြပါတော့တယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင် air con လည်း မရှိသေး၊ နေ့လည်နေ့ခင်းဆို အိမ်ရှေ့ကကွပ်ပစ်လေးပေါ်မှာ စာအုပ်လေးဖတ်ပြီး မှိန်းရတာ အရသာတစ်ခုဆိုတာ မှတ်မိကြရဲ့လား။ အခုတော့ အားလုံးနီးပါး တိုက်ခန်းတွေနဲ့ဖြစ်နေကြပြီမလို့ ဟင်းလင်းပြင်မှာအိပ်ဖို့ဆိုတာ တော်ရုံဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။

အပြင်ဖက်ဟင်းလင်းပြင်မှာ အိပ်စက်ခြင်းဟာ လူ့ခန္ဓာကိုယ်အတွက် အကျိုးဖြစ်စေပါတယ်လို့ ကော်လိုရာဒို တက္ကသိုလ်မှ သုတေသီတွေကရှာတွေ့ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ခရီးသွားတဲ့အခါ ဖြစ်နိုင်ရင် ဟင်းလင်းပြင်မှာ အိပ်ပေးပါလို့ အကြံပေးချင်ပါတယ်။ ဟင်းလင်းပြင်ဆိုတဲ့နေရာမှာ ခရီးသွားရင်သုံးတဲ့ tent လေးတွေလည်း ပါဝင်ပြီး အိပ်စက်တဲ့အခါ ဘေးနားမှာ ဖုန်းတို့၊ လက်ပ်တော့တို့လိုမျိုး စက်ပစ္စည်းတွေ ဘာမှမထားထားရပါဘူးတဲ့။ ဘယ်လိုအကျိုးကျေးဇူးတွေ ပါဝင်မလဲဆိုတာ Bright Side မှ ကိုးကားဖော်ပြသွားမှာမလို့ ကြည့်လိုက်ကြရအောင်ပါနော်။

READ
အချို(သကြား)ဓာတ်အစားများခြင်းကပေးတဲ့ ဆိုးကျိုးများကိုပုံဖော်ထားတဲ့ဓာတ်ပုံများ
Pavel Ilyukhin/Shutterstock

(၁) ကျွန်တော်တို့ဦးနှောက်လေးကောင်စွာ အလုပ်လုပ်နိုင်ဖို့ဆိုရင် အောက်ဆီဂျင်လုံလောက်စွာရရှိစေဖို့က သိပ်ကိုအရေးကြီးပါတယ်။ ဒါကြောင့်ရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်ဟာ လုံလောက်တဲ့အပြင် သန့်ပါသန့်စင်မယ်ဆိုရင်တော့ အတိုင်းထက်လွန်ပဲပေါ့။

(၂) နောက်တစ်ချက်ကတော့ ဟင်းလင်းပြင်မှာအိပ်စက်ခြင်းဟာ သင့်ရဲ့စိတ်ဖိဆီးမှုတွေကို လျော့ကျစေပါတယ်တဲ့။ ကျွန်တော်တို့အခန်းထဲမှာပဲ နေမယ်ဆိုရင် အလုံပိတ်နံရံတွေရယ်၊ အိမ်ထောင်ပရိဘောဂတွေရယ်ကိုသာ တွေ့မြင်ရမှာပါ။ ခရီးသွားတဲ့အခါ ဟင်းလင်းပြင်မှာ tent လေးထိုးပြီး အိပ်လိုက်တဲ့အခါ သစ်ပင်တွေ၊ တောင်တန်းတွေ သို့မဟုတ် တဖြူးဖြူးတိုက်ခတ်နေတဲ့ လေတွေနဲ့ ပင်လယ်ကြီး အစရှိတဲ့ သဘာဝပတ်ဝန်းကျင်တွေ

(၃) ဂျပန်ကလေ့လာတွေ့ရှိချက်တစ်ခုမှာတော့ တစ်နေ့ကို လူနေထိုင်အိမ်တွေ၊ စက်တက်ယဉ်တွေမရှိတဲ့ သစ်တောလို၊ တောင်ပေါ်လိုနေရာမျိုးမှာ ၂ နာရီလောက်အချိန်ဖြုန်းရုံနဲ့ သွေးတိုးတာ၊ ကယ်လိုစရောမြင့်တက်တာ၊ သွေးခုန်နှုန်းနှေးတာ၊ သွေးဖြူဥများတာ အစရှိတဲ့ ကျန်းမာရေးပြဿနာတွေကို မဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့အပြင် သက်သာပျောက်ကင်းစေနိုင်ပါတယ်တဲ့။ ဒါကြောင့် ဂျပန်တို့ ကိုရီးယားဖက်တို့က လူကြီးတွေ တောင်တက်တာမျိုးတွေ လုပ်လေ့ရှိကြတယ်မဟုတ်လား။

fxxu/Pixabay

(၄) စမတ်ဖုန်းတွေ၊ ကွန်ပြူတာ၊ တီဗီကစလို့ မီးရောင်တွေအဆုံး ကျွန်တော်တို့မှာရှိတဲ့ melatonin ဓာတ်ဖြစ်ပေါ်မှုကို လျော့နည်းစေတယ်ဆိုတာ သင်သိပါသလား။ မနက်မိုးလင်းကနေ မိုးချုပ်အထိ အလုပ်လုပ်လည်း ဒီစက်ပစ္စည်းတွေ၊ အနားယူချိန်မှာလည်း ဒီစက်ပစ္စည်းတွေနဲ့ ထိတွေ့နေရပြီး စက်ပစ္စည်းတွေမရှိတောင် မီးချောင်းတို့ မီးသီးတို့က မီးရောင်တွေကြောင့် အချိန်မှန်အိပ်စေပြီး အချိန်မှန်နိုးထစေမယ့် melatonin ဓာတ်ကို သွာသွားထိခိုက်စေပါတယ်။ နောက်ပြီး melatonin ဟာ နေရောင်နဲ့ လရောင်အစရှိတဲ့ သဘာဝအလင်းရောင်ခြည်တွေနဲ့တွေ့မှ ဖြစ်ပွားမှုနှုန်းမြင့်တဲ့အတွက် ကျန်းမာသန်စွမ်းပြီး အိပ်ချိန်မှန်ချင်တယ်ဆိုရင်တော့ အမြဲတမ်းမဟုတ်တောင် ရံဖန်ရံခါတော့ ဟင်းလင်းပြင်မှာထွက်အိပပေးသ့င်ပါတယ်။

READ
(၂)ရက်လောက် ရေစိမ်ထားတဲ့ ကြွက်နားရွက်မှိုစားမိခဲ့တဲ့ (၇)နှစ်သမီးလေးရဲ့ အဖြစ်

(၅) သဘာဝနေရောင်ခြည်နဲ့ထိတွေ့မှုရှိဖို့ဆိုတာ လူ့ခန္ဓာကိုယ်အတွက် သိပ်ကိုလိုအပ်တဲ့အချက်တစ်ခုပါ။ နေရောင်ခြည်ထိတွေ့မှုမရှိတဲ့လူနဲ့ ထိတွေ့မှုရှိတဲ့လူနဲ့ယှဉ်ကြည့်မယ်ဆိုရင် သိသာစေတဲ့အချက်တစ်ခုကတော့ အသားအရည်စိုပြေပြီး အရောင်တောက်တာပါပဲ။ ကော်လိုရာဒိုတက္ကသိုလ်ကတော့ သဘာဝနေရောင်ခြည်တင်မဟုတ်ဘဲ ညအခါထွက်ပေါ်လာတဲ့ရောင်ခြည်တွေဟာလည်း အိပ်မပျော်ဖြစ်ခြင်းကို ပပျောက်စေပါတယ်တဲ့။

pexels/Pixabay

Penny

SHARE