အရေးပေါ်အချိန်တွေမှာ အရမ်းအသုံးဝင်မယ့် နေ့စဉ်သုံးပစ္စည်း (၆) မျိုး

livewire/Freepik

သင့်ရဲ့ တွေးခေါ်နိုင်စွမ်းဟာ သင်ရနိုင်တဲ့ အကြီးမားဆုံး စွမ်းအားဖြစ်ပါတယ်။ အရေးပေါ် အခြေအနေတွေ ရောက်လာတဲ့အခါ ဘေးမှာ အသင့်ရှိပြီးသား ပစ္စည်းတွေကို အသုံးချတတ်ခြင်းက သင့်ရဲ့ အသက်ကိုတောင် ကယ်နိုင်ပါတယ်။ အရေးပေါ်အခြေအနေတွေရောက်လာတဲ့အခါ အသုံးချလို့ရမယ့် ပစ္စည်း (၆) မျိုးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပီကေခွံနဲ့ မီးမွှေး

© Survival Skills / facebook

ခဲရောင်တစ်ဘက်ပါတဲ့ ပီကေခွံကို တစ်ဝက်ခေါက်ချပြီး ထောင့်ဖြတ် ညှပ်ချလိုက်ပါ။ အခွံကို ပြန်ဖြန့်လိုက်မယ်ဆိုရင် ရလာတဲ့ အဖျားရှူးစက္ကူရဲ့ အရင်းဘက်ကို ဓာတ်ခဲရဲ့ တစ်ဘက်စီမှာ ဖိထားပါ။ ဖိထားတဲ့ဘက်ကလည်း ပီကေခွံရဲ့ ခဲရောင်ဘက် ဖြစ်ဖို့လိုပါတယ်။ ပြီးတော့ ဟပ်ချလောင်း… မီးထတောက်ပါပြီနော်။

ဒီနည်းက ခဲရောင်ပါတဲ့ ပီကေခွံတွေမှာပဲ အလုပ်ဖြစ်တာပါ။ မီးတောက်က အန္တရာယ်ရှိနိုင်တာမို့ သတိထားဖို့ လိုပါတယ်။

(၂) ဘရာ မျက်နှာဖုံး

© drinkerofbleach / imgur

အဆိပ်ရှိတဲ့ အငွေ့တွေ၊ မီးခိုးငွေ့တွေ အရမ်းမွှန်ပြီး အသက်အန္တရာယ်ကြုံနေရတဲ့ အချိန်မျိုးမှာ နှာခေါင်းအုပ်စရာ မျက်နှာဖုံး အဝတ် တစ်စုံတစ်ရာ မရှိခဲ့ဘူးဆိုရင် ဘရာကို သုံးလို့ရပါတယ်။ ဘရာအများစုရဲ့ ပုံမှန်ဆိုဒ်တွေကလည်း တစ်ဖက်ကို နှာခေါင်းနဲ့ ပါးစပ်အုပ်လောက်အောင် အရွယ်အစား လုံလောက်ပါတယ်။

READ
လေဆိပ်ဝန်ထမ်းက ကလေးချီထားတဲ့ခရီးသည်ကို လက်သီးနဲ့ထိုးမှု ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေး

ဒါပေမယ့် တကယ်အဆိပ်ပြင်းတဲ့ ဂတ်စ်တွေအတွက်ဆိုရင်တော့ သင့်တော်တဲ့ မျက်နှာဖုံးမျိုး သုံးဖို့သာ အကြံပေးချင်ပါတယ်။

(၃) ရေခဲနဲ့ မီးမွှေး

© wildwoodsurvival

အရမ်းအေးခဲနေတဲ့ ဒေသတွေရောက်လို့ မီးမွှေးဖို့ အရေးပေါ် လိုအပ်တယ်ဆိုရင် ရေခဲနဲ့ မီးမွှေးလို့ရပါတယ်။ အရင်ဆုံး အရောင် အကြည်လင်ဆုံး ရေခဲတစ်တုံးကို ရှာလိုက်ပါ။ ပြီးနောက် သင့်လက်နဲ့ ရေခဲကို ပြောင်ချောချော ဖြစ်သွားအောင် ပုံသွင်းလိုက်ပါ။ ပြီးရင် ဒီရေခဲကို မီးတောက်လာစေဖို့ အလင်းချဲ့ မှန်ဘီလူးအဖြစ် အသုံးပြုလို့ရပါပြီ။

ဒီနည်းက ပြောင်ချော ကြည်လင်တဲ့ ရေခဲရယ်၊ နေရောင်ခြည်ရယ်နဲ့ မီးညှိဖို့ ကောက်ရိုးတို့ စက္ကူတို့ လိုအပ်ပါတယ်။

(၄) အမျိုးသမီးသုံး ပစ္စည်း

© Cindy Nobles / facebook

အမျိုးသမီးလစဉ်သုံးပစ္စည်းမှာ ပါဝင်တဲ့ ဂွမ်းဟာ ပထမကမ္ဘာစစ်တုန်းက ဆေးဘက်ဆိုင်ရာ ခွဲစိတ်မှုတွေမှာ သုံးခဲ့တဲ့ ဆယ်လူလာဂွမ်းကို ထည့်သွင်း ပြုလုပ်ထားတာပါ။ ဒါကြောင့် ဒဏ်ရာအနာတရဖြစ်လို့ ပစ္စည်းကလည်း ဒီပစ္စည်းပဲ အနားမှာ ရှိတယ်ဆိုရင် ဒဏ်ရာကို စည်းတဲ့ ပတ်တီးအဖြစ် သုံးလို့ရပါတယ်။

READ
ကလေးကို မိဘမဲ့ဂေဟာသို့ Delivery သမားနဲ့ ပို့ခိုင်းခဲ့တဲ့ မိခင်

(၅) ခဲပတ်

© aliexpress

Outdoor တွေမှာ အရမ်းအေးလာလို့ အရေးပေါ် ခြုံစရာ အနွေးထည်၊ အဝတ်အထည် မရှိရင် ခဲပတ်ကို အသုံးပြုလို့ရပါတယ်။ ၎င်းက သင့်ရဲ့ ကိုယ်ပိုင် ခန္ဓာကိုယ်အပူချိန်ကို အပူပြန်စေပြီး သင့်ကို နွေးစေမှာပါ။

(၆) ခက်ရင်း

depsophotos/pexels

အိမ်မှာ နေရင်ပဲဖြစ်ဖြစ် ခရီးသွားရင်ပဲ ဖြစ်ဖြစ် ခက်ရင်းတစ်ချောင်း ရဖို့ သိပ်မခက်ပါဘူး။ သင့်ကို တိုက်ခိုက်ဖို့ လုပ်တဲ့ တိရိစ္ဆာန်အရိုင်းကိုပဲ ဖြစ်ဖြစ်၊ သင့်ကို အန္တရာယ်ပြုမယ့် လူစိမ်းတစ်ယောက်ယောက်ကိုပဲ ဖြစ်ဖြစ် ခက်ရင်းတစ်ချောင်းရှိရင် ပြန်ခုခံ တိုက်ခိုက်လို့ရပါတယ်။

 

SHARE