Mayonnaise ကို ဖန်တီးခဲ့တဲ့ မနော်ရီကာကျွန်းလေးရဲ့ သင်မသိသေးတဲ့ အချက် (၆) ချက်

Shutterstock/ By D.Bond

မနော်ရီကာကျွန်းလေးဟာ မြေထဲပင်လယ်ထဲက Balearic ကျွန်းစုတွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး စပိန်နိုင်ငံရဲ့ လက်အောက်မှာ တည်ရှိနေပါတယ်။ လူဦးရေ ၉ သောင်းကျော်ကျာ်လောက်ရှိနေပြီး ကျွန်းအကျယ်ကတော့ ၂၆၈.၆ စတုရန်းမိုင်သာရှိတဲ့အတွက် သိပ်ကြီးမားတဲ့ ကျွန်းကြီးတော့လည်း မဟုတ်ပါဘူး။ ဒီကျွန်းလေးအကြောင်းကို အနီးအနားကလူတွေနဲ့ တချို့လောက်သာ နာမည်ကြားဖူးကြပြီး များသောအားဖြင့် mayonnaise ကိုသာသိပြီး မနော်ရီကာကျွန်းကိုတော့ သိကြတဲ့လူမရှိသလောက်ပါပဲ။ ဒါကြောင့် ကမ္ဘာကျော်စားစရာတစ်မျိုးဖြစ်တဲ့ mayonnaise ဖြစ်ပေါ်လာရာ မိခင်နယ်မြေဖြစ်တဲ့ မနော်ရီကာကျွန်းလေးရဲ့ လူသိပ်မသိတဲ့ စိတ်ဝင်စားဖွယ် အချက်လေး ၇ ချက်ကို ဖော်ပြပေးချင်ပါတယ်။

(၁) မနော်ရီကာဟာ mayonnaise စတင်ဖြစ်ပေါ်လာခဲ့တဲ့ နယ်မြေဖြစ်ပါတယ်။ ပေါင်မုန့်၊ အသားနဲ့ အသီးအရွက်ကြော်ကစလို့ ဟမ်ဘာဂါတို့လို စားစရာအစုံနဲ့ တွဲဖက်စားသုံးလို့ရတဲ့ မယောနိစ့်ဟာ တစ်ကမ္ဘာလုံးက အကြိုက်ဆုံးဆိုတဲ့ စာရင်းထဲ ပါဝင်နေပါတယ်။ ၁၈ ရာစု၊ ပြစ်သစ်ရဲ့ လက်အောက်ခံနယ်မြေဖြစ်ခဲ့စဉ်တုန်းက mayonnaise ကို စားကောင်းလို့ဆိုပြီး ပြစ်သစ်ကို ပြန်တဲ့အရာရှိတချို့ ယူသွားခဲ့ကြရာမှစလို့ ကမ္ဘာကျော်လာခဲ့တာဖြစ်ပါတယ်။

READ
အရွယ်ရောက်ပြီးသူတွေတိုင်း သွားရောက်လည်ပတ်နိုင်တဲ့ ဂျာမနီနိုင်ငံက “Beer World” ပန်းခြံ
Shutterstock/ By Africa Studio

(၂) ပြင်သစ်တွေက mayonnaise ကို ယူသွားခဲ့ပြီး နောက်ထပ်ကျူးလွန်လာခဲ့တဲ့ ဗြိတိန်တွေကတော့ ဂျင်အရက်ဓလေ့ကို ကမ္ဘာဆီပျံ့အောင် ယူသွားခဲ့သူတွေဖြစ်ပါတယ်။ Xoriguer ဟာ မနော်ရီကာမှာတော့ နာမည်ကြီး ဂျင်အရက်တံဆိပ်တစ်ခုပါ။

(၃) ကမ္ဘာ့ဒုတိယအကြီးဆုံး ဆိပ်ကမ်းဟာ မနော်ရီကာမှာရှိနေပါတယ်။ ရေသယံဇာတကြွယ်ဝပြီး ပတ်ဝန်းကျင်အနေအထားလည်း သိပ်ကောင်းမွန်တာကြောင့် ရှေးတုန်းက နိုင်ငံခြားသားတွေရဲ့ ကျူးကျော်ခြင်းကို ခဏခဏခံခဲ့ရတဲ့ ကျွန်းလေးဖြစ်ပါတယ်။ ဟာဝိုင်အီမှာရှိတဲ့ ပုလဲဆိပ်ကမ်းအပြီး မနော်ရီကာရဲ့ မဟွန်မြို့ဟာ ကမ္ဘာမှာရှိတဲ့ သဘာဝဆိပ်ကမ်းမြို့ထဲက ဒုတိယအကြီးဆုံးဆိပ်ကမ်းတစ်ခုဖြစ်ပါတယ်။

(၄) ၁၉၉၃ ခုနှစ်တုန်းက ယူနက်စကိုရဲ့ သဘာဝပတ်ဝန်းကျင်မြေနေရာ Biosphere Reserve နယ်မြေအဖြစ် သတ်မှတ်ခံထားရတဲ့ ဒေသလေးတစ်ခုပါ။ သစ်ပင်ပန်းမံတွေ၊ မြေမျက်နှာသွင်ပြင်အနေအထားတွေနဲ့ ကမ်းခြေတွေ၊ တောင်ကြားတွေကစလို့ လှိုင်ဂူတွေအထိ မနော်ရီကာဟာ သဘဝဝပတ်ဝန်းကျင်မှာ တော်တော်လေးကို လုံလုံခြုံခြုံနဲ့အစောင့်ရှောက်ခံ အနေအထားမှာရှိလို့နေပါတယ်။ ဒီလိုပတ်ဝန်းကျင်ကို ဆက်လက်ထိန်းသိမ်းဖို့အတွက် ကျွန်းသူကျွန်းသားတွေဟာ သဘာဝတရားကြီကို ကြီးကြီးမားမားပျက်ဆီးစေမယ့် အရာမှန်သမျှ ရှောင်ရှားကြပါတယ်တဲ့။

READ
ရေပေါ်သစ်သားအိမ်လေးတွေနဲ့ အလည်သွားချင်စရာ ဂျပန်ရဲ့ ဗီးနစ်စ်လေး
Shutterstock/ By tuulijumala

(၅) မနော်ရီကာဟာ စပိန်နိုင်ငံရဲ့ဒေသတွေထဲ နေထွက်တာအရင်ဆုံး ထိတွေ့ခွင့်ရတဲ့ အရပ်ဖြစ်ပါတယ်။

(၆) မနော်ရီကာဒေသခံတွေဟာ အနည်းဆုံး ဘာသာနှစ်မျိုးစီ ကိုးကွယ်ကြတယ်လို့ သိရပါတယ်။ Catalonian အနွယ်ဖွားတွေဖြစ်ပြီး စပိန်ဘာသာစကားအပြင် အင်္ဂလိပ်နဲ့ ဂျာမန်ဘာသာစကားတို့ကိုလည်း မွှတ်နေအောင် ပြောတတ်ကြတယ်လို့ ဆိုပါတယ်။

Source: Culture Trip

Penny

SHARE