ပျော်ပျော်နေတတ်ပြီး ခင်ဖို့ကောင်းတဲ့သူတွေရဲ့ အကျင့် (၆) မျိုး

ပျော်ပျော်နေတတ်တဲ့သူတွေ တွေ့ဖူးလား….သူတို့ကို မြင်ရင် အရမ်းစိတ်ချမ်းသာရပါတယ်။ သူတို့မှာ ဘာအပူအပင်မှ မရှိသလိုပဲ။ သူတို့ကို ကြည့်လိုက်ရင် အမြဲပျော်နေတတ်တယ်။ သူတို့ ဘာလို့အဲ့ဒီလိုမျိုး ပျော်နေကြတာလဲ သင်စဉ်းစားဖူးလား။ တကယ်တော့သူတို့မှာ အဲ့ဒီလို ပျော်ပျော်နေတတ်အောင် ကူညီပေးနေတဲ့ အလေ့အကျင့်တွေရှိနေလို့ပါ။ သူတို့ အဲ့ဒီအကျင့်တွေကို မွေးရာပါ ရလာတာမဟုတ်ပါဘူး။ အနည်းအကျဉ်းတော့ မွေးရာပါရှိနိုင်ပေမယ့် များသော အားဖြင့်တော့ သူတို့ အဲ့ဒီအလေ့အကျင့်တွေကို မွေးယူခဲ့ရတာပါ။ သူတို့လိုပဲသင်လည်း အဲ့ဒီအလေ့အကျင့်တွေကို မွေးယူနို်င်ပါတယ်။ အောက်မှာ အဲ့ဒီအလေ့အကျင့်လေးတွေကို ဆက်ဖတ်ရအောင်။

 

 

(၁) သူတို့က အကောင်းမြင်တတ်တယ်။

သူတို့က အမြဲတမ်းလိုလို အကောင်းမြင်တတ်ကြပါတယ်။ အဆိုးဆုံး အခြေအနေရောက်နေရင်တောင် အကောင်းမြင် တတ်ကြပါတယ်။ အကောင်းမြင်လို့ရမယ့် အရာတွေကို ရွေးချယ်ကြည့်ရှုတတ်ကြပါတယ်။ သူတို့ရဲ့ အကောင်းမြင်ခြင်းက ဘေးက လူကို ကူးစက်စေပြီး စိတ်သက်သာရာ ရစေပါတယ်။ သူတို့ရဲ့ အလှတရားကို မြင်နိုင်တဲ့စိတ်ဟာ အရမ်းချီးကျူးဖို့ ကောင်းပါတယ်။

 

READ
နာရီဝက်တမှေးအိပ်ခြင်းဟာ ကိုယ်ခံစွမ်းအားတက်စေကြောင်း ပညာရှင်များတွေ့ရှိ

 

(၂) သူတို့ ပိုင်ဆိုင်ထားတာတွေအတွက် ကျေးဇူးတင်တယ်။

သူတို့က သူတို့မှာမရှိတာတွေကို တမ်းတာနေမယ့်အစား သူတို့မှာ ရှိတဲ့အရာလေးတွေကို တန်ဖိုးထားတတ်ကြပါတယ်။ အဲ့ဒီလို ပိုင်ဆိုင်ခွင့်ရတဲ့အတွက် လောကကြီးကို ကျေးဇူးတင်တတ်ကြပါတယ်။ လောကကြီးမှာ လောဘဆိုတာ ရပ်တန့် လေ့မရှိပဲ ကျေနပ်ရောင့်ရဲမှသာ အချိန်တိုင်း ပျော်နိုင်မယ်ဆိုတာကို သူတို့ သိထားကြပါတယ်။

 

 

(၃) သူတို့ကိုယ်သူတို့ ဘယ်သူနဲ့မှ မနှိုင်းယှဉ်ဘူး။

သူတို့က ဘယ်တော့မှ သူတို့ကိုယ် သူတို့ သူများနဲ့ မနှိုင်းယှဉ်တတ်ပါဘူး။ သူတို့ကိုယ် သူတို့ပဲ ပြိုင်ပါတယ်။ မနေ့ကထက်  ပိုပြီးတိုးတက်လာအောင် ကြိုးစားကြလေ့ရှိပါတယ်။ သူများနဲ့လိုက်ပြိုင်ပြီး စိတ်ညစ်နေမယ့်အထဲမှာ သူတို့မပါပါဘူး။ သူတို့ဟာ အဲ့ဒီလို စိတ်ထားကြောင့်လည်း အမြဲလို စိတ်ချမ်းသာနေတတ်ကြပါတယ်။

 

 

(၄) သူတို့က ခွင့်လွှတ်တတ်တယ်၊  စွန့်လွှတ်တတ်တယ်။

သာမန်လူတွေက လက်လွှတ်လိုက်ရရင် ဆုံးရှုံးလိုက်ရရင် ဆောက်တည်ရာမဲ့ ဖြစ်တတ်ကြပေမယ့် ပျော်ပျော်ရွှင်ရွှင် နေထိုင် တတ်သူတွေကတော့ လောကဓံကို သာမန်လူတွေထက် ပိုပြီး ခံနိုင်ရည်ရှိတတ်ကြပါတယ်။ သူတို့ဆီမှာ အငြိုးထားတတ် တဲ့စိတ်ထားမျိုးလည်း မရှိတတ်ကြဘူး။ အငြိုးထားတာဟာ သူတို့ကို လောင်ကျွမ်းစေတဲ့ အရာမှန်း သူတို့ ကောင်းကောင်း သိကြပါတယ်။

READ
အချစ်ဆိုတာ စိတ်ထဲရှိနေရုံနဲ့မပြီးဘဲ ၊ ချစ်ပြတတ်ဖို့လည်းလိုပါသေးတယ်

 

 

(၅) သူတို့က ပျော်စရာတွေကို ခံစားတတ်တယ်။

သူတို့က ပျော်စရာတွေကို မြင်အောင် ကြည့်တတ်ပြီး ခံစားတတ်ကြတယ်။ တကယ်တော့ ပတ်ဝန်းကျင်မှာ အမြဲလိုလို ရယ်စရာ မောစရာ အခိုက်အတန့်လေးတွေ ရှိတတ်ပါတယ်။ သင်ရဲ့ တင်းမာနေတဲ့ စိတ်ကြောင့်သာ ပတ်ဝန်းကျင်က ရယ်စရာလေးတွေကို မမြင်နို်င်တာပါ။ ဒါပေမယ့် ပျော်ပျော်နေတတ်သူတွေကတော့ အဲ့ဒီ ပျော်စရာလေးတွေကို မြင်အောင် ကြည့်တတ်ကြပါတယ်။

 

 

(၆) သူတို့က ကြင်နာတတ်ကြတယ်။

 

ပျော်ရွှင်တဲ့သူအများစုဟာ အခြားသူတွေအပေါ်ကြင်နာလေ့ရှိပြီးပေးကမ်းကူညီလေ့လည်းရှိပါတယ်။သင်လည်း
အခြားသူတွေကို ကူညီတဲ့အခါရရှိတဲ့ ပီတိကိုခံစားဖူးမှာပါ။ ဒီတော့ အခုအချိန်ကစပြီး ကြင်နာတတ် အောင်ကြိုး
စားကြည့်ပါ။

SHARE