ကမ္ဘာပေါ်က အလှပ၊ အဆန်းကြယ်ဆုံး ရေကူးကန်(၆)ခု

Pixabay,RVCJ,Remote Lands

ရေကူးကန်ဆိုတိုင်းကို လူတွေက အိမ်မှာဆိုရင် ရိုးရိုးတန်းတန်းရေကူးကန်အနေနဲ့ပဲ တည်ဆောက်ကြတာများပါတယ်။ ဟိုတယ်တစ်ခုတည်းတော့မယ်ဆိုရင်တောင် ရေကူးကန်ပါမပါမေးပြီးမှတည်းကြတာပါ။ ဒါကြောင့် ရေကူးကန်ဆိုတာ ဟိုတယ်တိုင်းအတွက် အရေးကြီးတဲ့အရာတစ်ခုပါ။ အခုပြောပြချင်တာကတော့ RVCJ သတင်းဌာနရဲ့ ဖော်ပြချက်ကို မှီငြမ်းပြီး ကမ္ဘာပေါ်ရှိ လှပအဆန်းကြယ်ဆုံး ရေကူးကန် ၆ခုအကြောင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

၁။ One & Only Reethi Rah, Maldives

Maldives မှာ တည်ရှိတဲ့ အကြီးဆုံးကျွန်းစုပေါ်က One & Only Resort အတွက်တော့ ရေကူးကန် အထွေအထူး မလိုအပ်လှပါဘူး။ သမုဒ္ဒရာကြီးဟာ အလွန်ကြီးမားတဲ့ ရေကူးကန်ကြီးလို့တောင် ပြောလို့ရပါတယ်။ နေရာတိုင်းမှာ ရေပြာပြာတွေ၊ သဲဖြူတွေရှိနေပြီး အလွန်လှပတဲ့ ရှုခင်းတွေနဲ့ အိန္ဒိယသမုဒ္ဒရာကြီးကိုပါ တွေ့မြင်နေရမှာ ဖြစ်ပါတယ်။

၂။ Infinity Pool, Singapore

စင်ကာပူနိုင်ငံ၊ Marina ပင်လယ်အော်မှာတည်ရှိတဲ့ ဒီရေကူးကန်ဟာ တော်တော်လှပတဲ့ ရေကူးကန်တစ်ခုလို့ ပြောရပါမယ်။ ဟိုတယ်ခေါင်မိုး အပေါ်ဆုံးထပ်မှာ တည်ဆောက်ထားတာ ဖြစ်လို့ Marina ပင်လယ်အော်ကြီးတစ်ခုလုံးကို မြင်နိုင်တာကြောင့် နေဝင်ချိန်ဆိုရင် အရမ်းလှပတဲ့ သက်ရှိပန်းချီကားတစ်ချပ်ကို Infinity Pool ရေကူးကန်ကနေ ရှု့စားနိုင်မှာ ဖြစ်ပါတယ်။

READ
ကျောချမ်းစရာတွေ ပြည့်နေတဲ့ အာရှရဲ့ ကြောက်စရာအကောင်းဆုံးနေရာများ

၃။ Hanging Gardens Ubud Hotel,Bali

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းစုပေါ်မှာ တည်ရှိတဲ့ ဒီရေကူးကန်ဟာ အထပ်နှစ်ထပ်ပါရှိပါတယ်။ အပေါ်ထပ်ကနေ ရေကူးပြီး ရှု့ခင်းကြည့်မယ်ဆိုရင်တော့ အနီးအနားပတ်ဝန်းကျင်က အရာအားလုံးဟာ ကိုယ်တစ်သားထဲရှိနေမှာဖြစ်ပါတယ်။ အောက်အထပ်ကနေကြည့်မယ်ဆိုရင်တော့ သဘာဝတရားကြီးရဲ့ ရင်ခွင်ထဲကို ခိုလှုံနေတဲ့ ခံစားချက်မျိုးရရှိမှာ ဖြစ်ပါတယ်။ ဘေးပတ်ဝန်းကျက်ကလည်း စိမ်းစိုနေတဲ့အပြင် မိုးသစ်တောကြီးကလည်း ကိုယ့်မျက်စိရှေ့အနီးလေးမှာ ရှိနေတာကြောင့် အလွန်လှပတဲ့ နေရာလေးတစ်ခုလို့ ပြောရပါမယ်။

၎။ Gold Energy Pool, Tibet

The Gold Energy Pool

တိဗက်နိုင်ငံ၊ လာဆာမြို့မှာ တည်ရှိတဲ့ အဆိုပါရေကူးကန်ဟာ ရွှေအစွမ်းတွေနဲ့ ပြည့်နှက်နေတဲ့ ရေကူးကန်တစ်ခုပါ။ ရေကူးကန်ထဲကရေတွေကလည်း ရွှေရောင်ဖုံးလွှမ်းနေပြီး ရေကူးကန်ရဲ့ အောက်ခြေမှာ (၁၄)ကာရတ်ရှိတဲ့ ရွှေရောင်သစ်ရွက်တွေနဲ့ အလှဆင်ထားပါတယ်။

၅။ Cave Pool, Greece

READ
မမေ့နိုင်စရာ မင်္ဂလာအမှတ်တရလေးတွေ ဖန်တီးဖို့ ကမ္ဘာ့အကောင်းဆုံးနေရာများ

ဂရိနိုင်ငံ၊ ဆန်တိုရီနီမြို့ရှိ တောင်အတွင်းထဲမှာ တည်ရှိနေတဲ့ Cave Pool ဟာအရမ်းနာမည်ကြီးပါတယ်။ ဒါ့အပြင် ဂူထဲမှာတည်ဆောက်ထားတဲ့ ဟိုတယ်တွေကလည်း တော်တော်လှပပါတယ်။ သဘာဝဂူအတွင်းမှာ ဖြစ်တည်နေတဲ့ ရေကူးကန်ဖြစ်တာနဲ့အညီ အပြင်မှာ ဘယ်လောက်ပူပူ ဂူအတွင်းမှာတော့ အချိန်တိုင်း အေးစက်နေကြောင်း သိရပါတယ်။

၆။ Violin Shaped Swimming Pool, American

အမေရိကန်နိုင်ငံ၊ နယူးရော့ခ်မြို့မှာ တည်ရှိတဲ့ အဆိုပါရေကူးကန်ရဲ့ ထူးခြားချက်ကတော့ ရေကူးကန်ရဲ့ပုံစံဟာ တယောပုံစံ တည်ဆောက်ထားတာပါ။ မှန်ရောင်ရှိတဲ့ ကြွေပြားတွေနဲ့ ဆောက်လုပ်ထားပြီး ညဘက် ရောင်စုံမီးတွေ ရေကူးကန်ထဲမှာထွန်းလိုက်ပြီး အပေါ်စီးက ကြည့်လိုက်ရင် အရမ်းလှပတဲ့ ရောင်စုံတယောလေးတစ်ခုအဖြစ်တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီရေကူးကန်ဘေးမှာ လာရောက်ဖျော်ဖြေချင်တာ တေးဂီတသမားတော်တော်များရဲ့ အိမ်မက်လဲ ဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE