လူယဉ်ကျေးတို့ တစ်ဖက်သားကို ဘယ်တော့မှ မမေးတဲ့ မေးခွန်း (၆) ခု

ဘ၀မှာ နှုတ်ရေးအတတ် ကျွမ်းကျင်ပါးနပ်ခြင်းက အလိမ္မာရှိခြင်းက ပညာရှိခြင်း တစ်မျိုးပါပဲ…။ ဒါတောင် တစ်ခါတစ်လေမှာ လူယဉ်ကျေးတွေလည်း မရည်ရွယ်ဘဲ မေးမိလိုက်တဲ့ မေးခွန်းတွေကြောင့် တစ်ဖက်သားရဲ့ ငြင်းပယ်မှု၊ ကိုယ့်ကို သီးခြားဆန်သွားမှုတွေကို ခံစားရတတ်ပါတယ်။

ဒီတော့ ပြောဆိုဆက်ဆံရာမှာသော်လည်းကောင်း၊ ဆက်ဆံရေးကောင်းတွေကို ဆက်လည် တည်တံ့စေဖို့ အတွက်သော်လည်းကောင်း ရှောင်ရှားသင့်တဲ့ မေးခွန်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒါက အမေလား?
brightside

သင့် ရှေ့မှာ မြင်နေရတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို တော်စပ်လဲ သေချာမသိရင် သူတို့ရဲ့ ဆက်နွှယ်မှုတွေကို ကိုယ့် စိတ်အထင်နဲ့ မမေးသင့်ပါဘူး။ မေးမိတာကြောင့်နဲ့ ကိုယ့်နဲ့ ပြောနေတဲ့ သူရဲ့ စိတ်ထဲမှာ တစ်စုံတစ်ရာ ဖြစ်သွားစေတတ်ပြီး စကားစတွေလည်း ပြတ်သွားတတ်ပါတယ်။ အခန့်မသင့်ရင် သင့်အပေါ်မှာထားတဲ့ စိတ်လည်း တစ်မျိုးပြောင်းသွားနိုင်တယ်။ အကောင်းဆုံးနဲ့ အယဉ်အကျေးဆုံး နည်းလမ်းကတော့ သူတို့ရဲ့ အမူအကျင့်၊ ပြောဆို ဆက်ဆံတဲ့ ပုံစံတွေကိုကြည့်ပြီး ဘယ်လိုတော်စပ်ကြသလဲ ခွဲခြားတာပါပဲ။

 

ခင်ဗျားတို့ ဘယ်လောက်ကြာပြီလဲ?
Brightside

လူတွေက ကိုယ့် အချစ်ရေးနဲ့ သူများရဲ့ အချစ်ရေးတွေကို ပြောရတာ အင်မတန် သဘောကျကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်နဲ့ ပြောဆိုနေတဲ့သူက သူရဲ့ ပတ်သက်ဆက်နွှယ်မှုတွေကို ကောင်းကောင်းမွန်မွန် ပြောပြချင်တဲ့ ပုံမရှိရင် သင့်အနေနဲ့ သူတို့ တွေ့ခဲ့ကြတာ ဘယ်လောက်ကြာပြီလဲ၊ လက်ထပ်ပြီးလား မပြီးလား မမေးတာအကောင်းဆုံးပါ။

သင့် ရှေ့မှာရှိတဲ့ စုံတွဲတစ်တွဲက ရိုးရိုးသားသားခင်မင်သူတွေလည်းဖြစ်နိုင်သလို၊ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အဆင်ပြေမနေတဲ့ သူတွေအတွက်လည်း စိတ်မသက်သာစရာ ဖြစ်သွားနိုင်ပါတယ်။

 

ဘယ်တော့ ကလေးယူမှာလဲ?
brightside

“သား၊ သမီးရှိလား”

“ကိုယ်ဝန်ကြီးနဲ့လား”

“လိုချင်တာက သားလေးလား၊ သမီးလေးလား”

သား သမီး အများကြီးရှိတဲ့ သူကို “သူတို့လေးတွေအားလုံးက ခင်ဗျားရဲ့ သား သမီးတွေလား” လို့ မေးမိတဲ့အခါမျိုးမှာဆို တော်တော်များများက စိတ်ဆိုးသွားတတ်ကြတယ်။ ကလေးယူဖို့နဲ့ ပတ်သက်ပြီး မေးမြန်းမိရင်လည်း မရတဲ့စုံတွဲတွေ၊ မယူချင်တဲ့ စုံတွဲတွေမှာ စိတ်အနှောက်အယှက်ဖြစ်ကြရတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်ခြင်းနဲ့ ပတ်သက်တာတွေကလည်း တစ်ဖက်ကို စခံရသလို၊ ကိုယ့်အလေးအချိန်တက်လာတာနဲ့ စောင်းပြောခံရသလို ခံစားရစေနိုင်တယ်။

READ
ချက်ချင်းလက်ငင်း သင့်ကိုယခင်ထက်ပိုလှပနေစေမယ့် နည်းလမ်းကောင်းများ

သင်နဲ့ ပြောဆိုနေတဲ့ သူမှာ ကလေးတွေပါလာရင် သူတို့ရဲ့ စိတ်ဝင်စား၊ အားသန်ရာတွေကို မေးတာ၊ ကလေးမရှိတဲ့ သူတွေကိုဆိုလည်း အစွန်းမရောက်တဲ့ ပုံမှန် ကိစ္စ၊ အကြောင်းတွေကို ပြောတာ အကောင်းဆုံးပါပဲ။

 

ဒါက သေရာပါလား၊ တစ်သက်လုံးစာလား?
brightside

လူတွေက ကိုယ်နဲ့ ပြောဆိုဆက်ဆံနေသူရဲ့ ထင်ရှားတဲ့၊ မြင်နိုင်တဲ့ ကျန်းမာရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောတာဆိုတာမျိုး ရှောင်တတ်ကြပေမယ့်လည်း အသွင်အပြင်၊ ပုံပန်းရုပ်အသွင်နဲ့ ပတ်သက်ပြီး မသင့်တော်တဲ့ မေးခွန်းတွေကို မေးတတ်ကြပါတယ်။

တက်တူးထိုးတာသူ၊ ဆံကျစ်ထားသူ၊ နားဖောက်ထားသူကို “နာလား” “အစစ်လား” “ဘယ်မှာ သွားလုပ်တာလဲ” စသဖြင့် မေးတတ်ကြတယ်။ မေးခံရသူက ပြောချင်လား မပြောလားလည်း စိတ်မ၀င်စား။ နောက်ပြီး ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ ကိုင်ကြည့်၊ ထိကြည့်တာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ ဒါ တစ်ဖက်သားကို စော်ကားရာ ရောက်ပါတယ်။

ဒီ့အပြင် အသုံးအဆောင်၊ အလှပရေးရာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ လုပ်ဆောင်ပုံတွေ မေးမြန်တာကလည်း ကောင်းတဲ့ ကိစ္စမဟုတ်ပါဘူး။ နောက်ပြီး ဘယ်ဆိုင်မှာ ပြင်လဲ၊ ဘာတွေလုပ်လဲ စတာတွေလည်း ရှောင်ပါ။ တစ်ချို့က ပြင်ထားတာကို မသိစေချင်ကြသလို၊ သဘာဝအတိုင်းဆိုပြီး ဟန်ဆောင်နေတာမျိုးလည်း ရှိတတ်တယ်။ သင့်ရဲ့ မေးခွန်တွေက သူတို့ရဲ့ စိတ်ခံစားမှုတွေကို ယိမ်းထိုးစေနိုင်တဲ့အတွက် သတိရှိသင့်ပါတယ်။

 

ဒါကို ဘာလို့ လိုအပ်တာလဲ?
brightside

ဝါသနာတွေ၊ စိတ်ဝင်စားမှုတွေက ပေါ့ပေါ့ပါးပါး၊ အာလာပ သလာပ စကားဝိုင်းအတွက်တော့ တကယ်ကောင်းတဲ့ ပြောစရာ အကြောင်းအရာတွေပါပဲ။ ဒါက သူစိမ်းတွေကိုတောင် သူငယ်ချင်းကောင်းတွေ ဖြစ်သွားစေနိုင်ပါတယ်။ ဒါပေမယ့် မေးခွန်းတွေမှာလည်း အတိုင်းအတာဆိုတာရှိပါတယ်။

တစ်ချို့သော မေးခွန်တွေက တစ်ဖက်သားကို စိတ်ပျက်၊ ဒေါသဖြစ်စေနိုင်တယ်။ ဥပမာ.. ဘာလို့ ခွေး (၅) ကောင်တောင် မွေးထားတာလဲ၊ ဘာလို့ ဒီလောက် ငွေကုန်ကြေးကျများပြီး အရင်းအနှီးကြီးတာကို စိတ်ဝင်စားတာလဲ၊ ၀ါသနာပါတာလဲ စတဲ့ မေးခွန်းတွေက စိတ်ချမ်းမြေ့စရာ မေးခွန်းတွေ မဟုတ်ပါဘူး။ တစ်ဖက်လူက သူတို့ရဲ့ စိတ်ပါ ၀င်စားမှုတွေကို သင်က ညံ့ဖျင်းတယ်၊ နှိမ်ချင်တယ်၊ မိုက်မဲတယ် ထင်နေတယ်ဆိုပြီး တွေးမှတ်သွားနိုင်ပါတယ်။

READ
ကိုယ်သဘောကျတဲ့ ယောက်ျားလေးကို ဒါမျိုး လုံးဝသွားမလုပ်မိပါစေနဲ့

 

ဘယ်လောက်တောင် ပေးရလဲ?
brightside

တစ်ချို့လူတွေက သူများ ဘယ်လောက်ရတယ်ဆိုတာကို မေးတတ်ကြတယ်။ အဲ့ဒါ သိပ်ရိုင်းပါတယ်။ အဲ့ဒီ့လို မေးမယ့်အစား သင့်အနေနဲ့ သူတို့ ကျင်လည်ရာ လောကမှာ ကျွမ်းကျင်သူတွေဟာ ဘယ်လောက်ရတတ်လဲဆိုတဲ့ အကြမ်းဖျင်းကို သိအောင် ရှာဖွေလေ့လာသင့်ပါတယ်။

လူတွေက သူတို့ရဲ့ ၀င်ငွေ အများကြီး ရမနေတာကို ၀န်မခံချင်ကြသလို တစ်ချို့ကလည်း ကိုယ်နဲ့ အပ်စပ်လို့ လုပ်နေကြတာလည်း ရှိပါတယ်။ ဒါမှ မဟုတ် ကိုယ့်အလုပ်နဲ့ အဆင်မပြေလို့ ပြောင်းချင်ပေမယ့် အခွင့်ကောင်းမရှိ၊ မကြုံသေးတဲ့ သူတွေလည်း ရှိနေတတ်တယ်။ ဘာလိုပဲဖြစ်ဖြစ် ငွေရေးကြေးရေး၊ လုပ်အားခနဲ့ ပတ်သက်တဲ့ မေးခွန်တွေက အလွန် ပုဂ္ဂိုလ်ရေးဆန်ပြီး မေးဖို့ မသင့်တော်ပါဘူး။

ဝယ်ယူ ပေးချေခဲ့ရတာနဲ့ ပတ်သတ်တာတွေကလည်း ပြောရဆိုရ ကောင်းတဲ့ ကိစ္စတွေ မဟုတ်ပါဘူး။ သင်ကတော့ ရိုးရိုးလေးဈေးမေးကြည့်တယ်၊ ဘာလို့လဲဆိုတော့ သင် လတ်တလော ၀ယ်ပြီးနှင့်တဲ့ တစ်စုံတစ်ခုကို သင့် မိတ်ဆွေ ၀ယ်လာတယ်၊ ဒါကို ဈေးကို ရိုးရိုးလေးပဲ နှိုင်းယှဉ်ကြည့်ချင်တယ်။ ဒါပေမယ့် တစ်ဖက်လူအနေနဲ့ သင့်က သူတို့ရဲ့ ငွေရေးကြေးရေး အခြေအနေ၊ ဒီလိုဝယ်နိုင်ဖို့ လုပ်နိုင်စွမ်း တတ်နိုင်စွမ်းတွေကို လိုက်အကဲဖြတ်တတ်လို့ တွေးထင်သွားမိတတ်ပါတယ်။

 

စိတ်ပျက်ဖွယ် မေးခွန်းတွေကိုရော ဘယ်လိုရှောင်ထွက်မလဲ….

အကြောင်းအရာ ပြောင်းပါ…။

ဖြေကို တိုတိုပြတ်ပြတ် ပေးပါ။

ဖြေဖို့ ငြင်းဆန်ပါ။

အကြောင်းအရာ ပြောင်းပစ်တာ၊ အဖြေကို တိုတိုတုတ်တုတ်ပေးတာတွေက သိပ်မကြိုက်ဘူးဆိုတာကို အကောင်းဆုံး အချက်ပြတာပါပဲ။ မဖြေချင်တာကို မဖြေချင်ဘူးလို့ ပြောတာက ဒေါသဖြစ်သွားတာ၊ စိတ်မတည်မငြိမ်ဖြစ်သွားတာ၊ သည်းမခံနိုင်ဖြစ်သွားတာ ထက်စာရင် အများကြီး ပိုကောင်းပါတယ်။

 

Ref: Brightside

Matthew (ShweMOM)
SHARE