Single ဘ၀နဲ့နေလာတာ အတော်ကြာနေပြီဆိုတာကို သက်သေပြနေသောအရာများ

ဘ၀ကို တစ်ယောက်တည်း Single ဘ၀နဲ့ဘ၀နဲ့ဖြတ်သန်းလာတာ သိပ်ကြာနေပြီလားဆိုတာကို သိချင် ရင် တော့  အောက်မှာပေးထားတဲ့ အချက်အလက်တွေနဲ့တိုက်ဆိုင်မှုရှိ မရှိစစ်ဆေးကြည့်နိုင်ပါတယ်။

(၁)သူငယ်ချင်း အပေါင်းတွေနဲ့ပဲ တွေ့ဖြစ်ချိန်းဖြစ်တာတွေများနေ

အထက်တန်းထဲကမတွေ့ ဖြစ်ခဲ့တဲ့ သူငယ်ချင်းတွေအပါအ၀င် တခြားသူငယ်ချင်း အပေါင်းအသင်းတွေနဲ့  တွေ့ဖြစ် ဒိတ်လုပ်ဖြစ်နေမယ် ဆိုရင်တော့ Single ဘ၀နဲ့ပဲ ဖြတ်သန်းနေတာကြာပါပြီ။

jlijge

(၂)ချစ်သူများနေ့ဆိုတာကြီးကို စိတ်ပျက်နေ မုန်းနေ

ဖေဖော်ဝါရီလ(၁၄)ရက်ဆိုတဲ့ ချစ်သူများနေ့ဆိုတာကြီးကို သင်စိတ်ပျက်နေပြီး အဲ့ဒီနေ့မှာ အိမ်မှာပဲနေပြီး ကိုယ်ကြိုက်တဲ့ TV အစီအစဉ်ကိုပဲ ကြည့်နေတာ ကောင်းတယ်လို့ တွေးနေမိပြီဆိုရင်လည်း Single ဘ၀နဲ့သင်နေလာတာကြာနေပြီဆိုတာကို သိနိုင်ပါတယ်။

(၃)ရည်စားဟောင်းတွေ တော်တော်များများ လက်ထပ်သွားကြ

ကိုယ်နဲ့ချစ်သူဖြစ်ခဲ့တဲ့ရည်စားဟောင်းတွေ တော်တော်များများ လက်ထပ်သွားကြပြီဆိုရင်တော့ ဒါဟာ သင် Single ဖြစ်တာကြာနေပြီဆိုတာကို ပြနေတဲ့ လက္ခဏာတစ်ခုပါပဲ။

READ
အပြင်မှာရောအွန်လိုင်းမှာပါ ရှော့ပင်ထွက်လို့အကောင်းဆုံးနေရာ (၉) ခု

(၄)တနင်္ဂနွေကိုမုန်းနေ

ရည်စားရှိခဲ့ချိန်တုန်းကတော့ အတူလျှောက်လည်ကြဖို့အရေးကို တွေးပြီး တနင်္ဂနွေနေ့တိုင်းကို သဘောကျနှစ်ခြိုက်ခဲ့ပေမယ့် အခုအချိန်မှာတော့ တနင်္ဂနွေဆိုတာကြီးကို မုန်းနေပြီဆိုရင်တော့ သင် Single ဘ၀နဲ့နေလာတာ တော်တော်ကြာနေပြီ ဆိုတာကို သိနိုင်ပါတယ်။

sexual-desires-900x600

(၅)ကိုယ်ကြိုက်တဲ့ ချစ်သူပုံစံမျိုးက ဘာလဲဆိုတာကိုတောင်မေ့နေ

ကိုယ်လိုချင်တဲ့ ကိုယ်ကြိုက်တဲ့ ချစ်သူပုံစံမျိုးက ဘာလဲဆိုတာကိုတောင် မေ့နေပြီဆိုရင်တော့ သင်တစ်ယောက် တည်း ဖြတ်သန်းလာနေတာ တော်တော်ကြာနေပြီဆိုတာကို သိနိုင်ပါတယ်။

timthumb.php

(၆)မိဘဆွေမျိုးတွေက ကိုယ့်ရဲ့အချစ်ရေးအကြောင်း မမေးကြတော့

အိမ်မှာရှိတဲ့မိဘဆွေမျိုးတွေက ကိုယ့်ရဲ့အချစ်ရေးအကြောင်း ဘာမှမမေးတော့ပဲ ကိုယ့်ဘက်ကနေ ဘာများပြောလာမလဲလို့ သူတို့စောင့်ဆိုင်းနေကြပြီဆိုရင်လည်းသင် Single ဖြစ်တာကြာနေပြီဆိုတဲ့အကြောင်းကို သိနိုင်ပါတယ်။

SHARE