အတ္တကြီးသူများတွင် မတွေ့ရသည့် အချက်(၆)ချက်

စိတ်ပိုင်းဆိုင်ရာအရ ခွဲခြားနိုင်တဲ့ အတ္တကြီးသူဆိုးမြင်သမားတွေမှာ စရိုက်လက္ခဏာတွေအ များကြီးရှိပါတယ်။ အလွန်အစွဲအလမ်းကြီးတာ၊အရမ်းအလေးပေးခံချင်တာ၊ကိုယ်ချင်းစာစိတ်မရှိတာ အစရှိတဲ့အချက်တွေကို သူတို့ဆီမှာရှိပါတယ်။အခုလို လူတွေရဲ့ကြိုးကိုင်ချယ်လှယ်ခြင်းကို ဘယ်သူကမှခံချင်မှာ မဟုတ်ပါဘူး။ဒါကြောင့်ဘယ်လို လူဟာ အဆိုးမြင်သမားလဲဆိုတာသိနိုင်မယ့် အချက်အလက်တွေကို ရေးသားဖော်ပြထားပါတယ်။

(၁)သရုပ်မှန်ကို ချပြလေ့မရှိခြင်း

အဆိုးမြင်သမားတွေဟာသင်သူတို့နဲ့တွေ့တဲ့အခါတတိုင်းမှာ သူတို့ရဲ့တကယ့်သရုပ်မှန်ကို ချပြလေ့မရှိပါဘူး။သူတို့ ယုံကြည်ရာကိုသာ သင်ကိုသွေးဆောင်ဖျားယောင်းတာမျိုး လုပ်လေ့ရှိပါတယ်။

(၂)ထိန်းချုပ်မှုကင်းမဲ့တာမျိုးကို မကြိုက်ခြင်း

အဆိုးမြင်သမားတွေဟာ ထူးဆန်းတဲ့ ထိန်းချုပ်နိုင်စွမ်းရှိတဲ့သူတွေပါ။ဒါကြောင့်ထိန်းချုပ်မှုကင်းမဲ့သွားတာမျိုးက သူတို့အတွက် အလွန်အစိတ်အနှောင့်အယှက်ဖြစ်စေ၊ဒေါသထွက်စေပါတယ်။သူတို့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကလည်း အမြဲထိန်း ချုပ် နေချင်ကြသူတွေဖြစ်ပါတယ်။သူကြိုးဆွဲရာကို သင်ကနေတယ်ဆိုတဲ့အသိဟာ သူတို့အတွက်အများကြီး စိတ်လုံခြုံမှု ဖြစ်ပါတယ်။

la-sci-sn-narcissists-emotional-intelligence-20160927-snap

(၃)အမှားထောက်ပြတာကို မကြိုက်ခြင်း

အဆိုးမြင်သမားတွေက သူတို့ရဲ့အမှားကို တစ်ယောက်ယောက်က ထောက်ပြတာမျိုးကို အရမ်းမုန်းတတ်ကြပါတယ်။
သူတို့နဲ့ငြင်းခုံတာဟာ အချိန်ဖြုန်းတီးမှုတာပါပဲ။သူတို့ရဲ့စရိုက်ကိုက သင့်ကိုယ်သင်စတင် သံသယ၀င်လာ အောင်လုပ် မယ်။ပြီးရင်တော့ သူတို့ကို ယုံလာအောင် စပြီး ယုံသွင်းချင်တာဖြစ်ပါတယ်။

READ
ဥာဏ်ကောင်းလာလေလေ ချစ်ရခက်လာလေလေ ဖြစ်ရခြင်းအကြောင်းအရင်း (၄)မျိုး

(၄)ကိုယ်ချင်းစာနာစိတ်မရှိခြင်း

သူများတွေဝမ်းနည်းစရာဇာတ်ကားကို ကြည့်ပြီးငိုနေတတ်တဲ့အချိန်မျိုးမှာ သူတို့ကတော့ ရယ်နေတတ်သူတွေပါ။သင်နဲ့ပတ် သက်တဲ့ဝမ်းနည်းစရာဖြစ်ရပ်တွေအပေါ် အလေးထားဂရုစိုက်တတ်တဲ့စိတ် သူ့မှာ လုံးဝမရှိပါဘူး။

01-narcissist-clues

(၅)အကျိုးအမြတ်မရှိရင် မလုပ်

အဲ့ဒီလိုလူမျိုးတွေဟာ သင့်ကိုစိတ်ရင်းနဲ့ညစာဝယ်ကျွေးကြမယ့်သူတွေ မဟုတ်ပါဘူး။ကိုယ့်အကြိုက်ကို ရှေ့တန်းတင်သလို ပုံမျိုးနဲ့တော့ ပြောကောင်းပြောပါလိမ့်မယ်။ဒါပေမယ့် သူတို့အတွက် အကျိုးအမြတ်မှ မရရင် ဘာကိုမှ လုပ်တတ် သူ တွေ တော့မဟုတ်ပါဘူး။

(၆)ခံစားချက် ဖွင့်ဟရတာမျိုးကို မနှစ်သက်

အဆိုးမြင်သမားတွေဟာ သူတို့ရဲ့ခံစားချက်ကို ဖွင့်ဟရတာမျိုးကို လုံးဝမကြိုက်ကြပါဘူး။    “င့ါမှာခံစားချက်မရှိဘူး .” ဆိုတဲ့စကား ဟာသူတို့ရဲ့လက်သုံးစကားပါ။

SHARE