ပုရိသတွေ ရှောင်ရှားသင့်တဲ့ မိန်းကလေး အမျိုးအစား (၆) မျိုး

မိန်းကလေးတွေ အနေနဲ့ အိမ်ထောင်ဖက် ရွေးချယ်တဲ့နေရာမှာ အရေးကြီးသလို ယောက်ျားလေးတွေအနေနဲ့လည်း အိမ်ထောင်ဘက်ရွေးတဲ့နေရာမှာ အရမ်းအရေးကြီးပါတယ်။ မိမိရွေးချယ်မှုလွဲသွားခဲ့ရင် တစ်သက်လုံး နောင်တရနေရမှာ ဖြစ်ပါတယ်။ အိမ်ထောင်ဘက်ရွေးတဲ့နေရာမှာ အပေါ်ယံအရေပြား တစ်ထောက်ကိုပဲ ကြည့်ပြီး ဆုံးဖြတ်ချက် မချသင့်ပါဘူး။ အောက်ပါမိန်းကလေး အမျိုးအစားတွေဆိုရင်တော့ သင့်အနေနဲ့ သေချာစဉ်းစားသင့်ပါတယ်။

(၁) မျက်နှာများပြီး လော်လီသော မိန်းမ

ဒီလို မိန်းကလေး အမျိုးအစားတွေက စိတ်ချလို့မရပါဘူး။ မျက်နှာများပြီး လျှပ်ပေါ် လော်လီတဲ့ မိန်းမမျိုးဆိုရင် သစ္စာဖောက်ဖို့လည်း ဝန်မလေးတတ်ကြပါဘူး။ ကံမကောင်းလို့ ရည်းစားအများကြီးထားခဲ့ရတဲ့ မိန်းကလေးနဲ့ လျှပ်ပေါ်လော်လီတာနဲ့ မတူပါဘူး။ လော်လီတဲ့ မိန်းမမျိုးက သိကိုသိသာပါတယ်။ မိခင်တစ်ယောက်ဖြစ်လာခဲ့ရင်လည်း အဲ့ဒီိလို မိန်းကလးမျိုး က မိခင်တာဝန် မကျေပွန်တတ်ပါဘူး။။

(၂) ပွဲလမ်းသဘင် ခင်တွယ်လွန်းသော မိန်းမ

ပွဲလမ်းသဘင်တွေကိုခင်တွယ်တာ လူတိုင်းမှာ ရှိတတ်ပါတယ်။ တော်ရုံတန်ရုံ ခင်တွယ်မှုမျိုးဟာ အန္တရာယ်မရှိပါဘူး။ ဒီလိုမှ မဟုတ် ဟိုပွဲလည်း မလွတ် ၊ ဒီပွဲလည်း မလွတ်ဆိုရင်တော့ စိတ်ချရဖို့ မလွယ်ပါဘူး။ ချစ်သူဖြစ်ပြီး နောက်ပိုင်း ပွဲလမ်း သဘင်ကို ကြိုက်တာလျော့သွားရင်တော့ တစ်မျိုးပေါ့။ ဒီလိုမှ မဟုတ်ပဲ အဲ့ဒီအကျင့်ကို ဖျောက်မရဘူးဆိုရင်တော့ သင့် အတွက် မလွယ်ပါဘူး။ သင်တို့ ၂ယောက်စလုံး ပွဲလမ်းသဘင်ကြိုက်တာချင်းတူပြီး နားလည်မှုရှိကြရင်တော့လည်း တစ်မျိုးပေါ့။

READ
Crush ကို အိမ်မက်မက်ရတဲ့ အကြောင်းအရင်းနဲ့ အိမ်မက်တွေရဲ့ အဓိပ္ပါယ်.

(၃) လက်ဖွာလွန်းသော မိန်းမ

ခင်ပွန်းဖြစ်သူက ချမ်းသာလွန်းလို့ မိန်းမဖြစ်သူက အသုံးကြီးတာကတော့ ဘာမှမဖြစ်ပေမယ့် ယောက်ျားဖြစ်သူက ချမ်းသာ တဲ့သူမဟုတ်ပဲ မိန်းမဖြစ်သူက အသုံးကြီးနေရင်တော့ အဲ့ဒီယောက်ျား မလွယ်ပါဘူး။ ယောက်ျား ဘယ်လို ရှာဖွေနေရလဲဆိုတာကို မကြည့်ပဲ မိတ်ကပ်အကောင်းစား၊ အဝတ်အစားအကောင်းစား၊ အိတ်အကောင်းစားလောက်ပဲ ဝယ်ဖို့ စဉ်းစားနေရင်တော့ သတိထားသင့်ပါပြီ။

(၄) လောင်းကစားလုပ်သော မိန်းမ

လောင်းကစားဆိုတာ မိန်းမပဲဖြစ်ဖြစ် ၊ ယောက်ျားပဲ ဖြစ်ဖြစ် မလုပ်သင့်တဲ့အရာပါ။ နှစ်လုံး၊ သုံးလုံးထိုးလိုက်၊ ဖဲရိုက်လိုက်၊ ကာစီနိုဝိုင်းသွားလိုက်နဲ့ဆို ကိုယ်ရှာသမျှ မလောက်ဖြစ်ပါလိမ့်မယ်။

(၅) မောက်မာလွန်းသော မိန်းမ

မောက်မာရိုင်းစိုင်းတတ်တဲ့ မိန်းကလေးတွေ ရှိပါတယ်။ လူကြားသူကြားထဲ အော်ဆဲတာမျိုး၊ မိဘနဲ့အကြီးတွေကို မသိပဲ ရိုင်းစိုင်းချင်သလို ရိုင်းစိုင်းနေတာမျိုး၊ အပြောအဆို ရိုင်းလွန်းတာမျိုး စတဲ့မိန်းကလေးမျိုးတွေဆိုရင်တော့ သတိထားသင့် ပါတယ်။

(၆) အပျင်းကြီးသော မိန်းမ

ငယ်ငယ်တည်းက အလိုလိုက်ခံခဲ့ရပြီး ကိုယ်ဝတ်တဲ့အဝတ်တောင် ကိုယ်မလျှော်ချင်တဲ့ မိန်းမမျိုးတွေ ရှိပါတယ်။ အပျင်း
ကြီးလွန်းပြီး အလှပြင်ဖို့နဲ့ အပြင်ထွက်ဖို့ကလွဲရင် ဘာမှ စိတ်မဝင်စားတတ်တဲ့ မိန်းမမျိုးတွေရှိပါတယ်။ အဆိုပါမိန်းမမျိုးတွေ ဆိုရင်တော့ သတိထားသင့်ပါတယ်။

READ
ရည်းစားဖြစ်သူရဲ့ ရိုမန်တစ်အဆန်ဆုံးလျှို့ဝှက်ချက်ကို လက်ထပ်ပြီးတော့မှ သိခဲ့တဲ့ အမျိုးသမီး

 

 

SHARE