ယောကျာ်းတစ်ယောက်အနေနဲ့ သေချာပေါက် ဆွဲဆောင်မှုရှိစေမယ့် အချက်(၆)ချက်

Image by Olichel Adamovich from Pixabay

ယောက်ျားတစ်ယောက်ကို ဘယ်အချက်တွေက စွဲဆောင်မှုရှိစေပါလဲ။ ဘယ်လိုအချက်တွေကြောင့် မိန်းကလေးတွေဟာ
ယောက်ျားလေးတစ်ယေက်ကို စတင်ပြီး စိတ်ဝင်စားတတ်ပါလဲ။ အောက်မှာဖော်ပြပေးမယ့်အချက်တွေကတော့ သိပ္ဗံနည်း
ကျကို အာမခံထားတဲ့အချက်တွေဖြစ်ပါတယ်။

(၁) အသက်ကြီး ရင့်ကျက်တဲ့ပုံပေါက်ပါစေ။

စိတ်ပညာရှင်တွေကတော့ “George Clooney Effect”လို့ခေါ်ကြပါတယ်။ ၂၀၁၀မှာပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ
မိန်းကလေးတွေဟာ ကိုယ့်ထက်အသက်ကြီးတဲ့ယောက်ျားလေးတွေကို ပိုစိတ်ဝင်စားကြပါတယ်။ အကြောင်းကတော့
အသက်ကြီးတဲ့ယောက်ျားလေးတွေဟာ ငွေရေးကြေးရေးမှာ ကိုယ့်ကိုယ်ကို မှီခိုနိုင်တဲ့သူတွေဖြစ်တာကြောင့် ဖြစ်ပါတယ်။

Image by Ryan Doka from Pixabay

(၂) ပါးသိုင်းမွှေးထားပါ။

ပါးသိုင်းမွှေးခေတ်က ကုန်သွားပြီိလို့ပြောနေတဲ့သူတွေရှိပေမယ့် သုတေသနပြုလုပ်သူတွေကတော့ ပါးသိုင်းမွှေးဟာ
အရေးကြီးတယ်လို့ပြောပါတယ်။ မိန်းကလေးတွေဟာ ပါးသိုင်းမွှေးရှိတဲ့ယောက်ျားလေးတွေကို ယောက်ျားပီသမှု၊
ကာကွယ်ပေးနိုင်မှု၊ လွှမ်းမိုးမှု၊ ရှိတယ်လို့ သတ်မှတ်လေ့ရှိပါတယ်။ ဒါပေမယ့် အထူကြီးထားတဲ့သူတွေကိုတော့ရွံတတ်
ကြပါတယ်။

(၃) ကြင်နာတတ်ပါစေ။

2014တုန်းက လုပ်ခဲ့တဲ့စစ်တမ်းတစ်ခုမှာတော့ ကြင်နာတတ်တဲ့သူတွေဟာ အခြားမကြင်နာတတ်တဲ့ယောက်ျားလေး
တွေထက် မိန်းကလေးတွေကို ပိုစွဲဆောင်နိုင်တယ်လို့ သိရပါတယ်။

READ
မျိုးပွားအစားထိုးထားတဲ့ အမျိုးသားက Sex Robot နဲ့ Dateလိုကြောင်း ဖွင့်ဟ

(၄) စိတ်ခံစားချက်များကိုပြောပြပါ။

ယောက်ျားလေးတွေဟာ စိတ်ခံစားမှုများကို မိန်းကလေးဆီ ရင်ဖွင့်လေ့မရှိပါဘူး။ အကြောင်းကတော့ ယောက်ျားပီသ
ချင်တဲ့စိတ်ကြောင့်ပါ။ ပျော့ညံ့တယ်လို့အထင်မခံချင်တာလည်းပါပါတယ်။ ဒီလိုနဲ့ ဒီအမူအကျင့်ဟာ ယောက်ျားလေး
တွေရဲ့ အမူအကျင့်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ထူးဆန်းစွာပဲ မိန်းကလေးတွေရဲ့စိတ်ထဲမှာတော့ ယောက်ျားလေးတွေ
တွေးသလို မတွေးပါဘူး။စိတ်ခံစားချက်တွေကို ဖွင့်ပြောတဲ့အခါ သူတို့က ပိုမိုနီးကပ်သလိုခံစားရပါတယ်။

(၅) အနီရောင်ဝတ်ဆင်ပါ။

အင်္ဂလန်၊ တရုတ်၊ ဂျာမနီစတဲ့နေရာတွေမှာ စစ်တမ်းကောက်ယူခဲ့ရာမှာ အမျိုးသမီးတွေဟာ အနီရောင်ဝတ်ဆင်ထား
တဲ့ ယောက်ျားလေးတွေကို ပိုမိုသဘောကျလေ့ရှိကြပါတယ်။ အနီရောင်ဟာ ယောက်ျား ၊မိန်းမမရွေးပဲ ဆက်စီဖြစ်တတ်
တာကြောင့် အခုအချိန်ကစပြီး အနီရောင် အင်္ကျီလေးတွေ ရှာဝယ်ထားတော့နော်။

Image by Pexels from Pixabay

(၆) ကြွက်သားများရှိပါစေ။

ကြွက်သားများဖုထစ်နေတာကို ဆိုလိုတာမဟုတ်ပါဘူး။ အရမ်းကြီးလည်း ကြီးစရာမလိုပါဘူး။ ဒါပေမယ့် ကြည့်ကောင်း
တဲ့ခန္ဓာကိုယ်အချိုးအစားတစ်ခုတော့ရှိသင့်ပါတယ်။ မိန်းကလေးတွေဟာ အရမ်းပိန်သူများကို စိတ်ဝင်စားလေ့မရှိပါဘူး။

READ
Online Shop ကနေ မှာလိုက်တာက (၃၂)လက်မTV၊ ရလာတာက USB

Source: independent.co.uk

SHARE