အဖေက လူနာတင်ယာဉ်မောင်း၊ အမေက သူနာပြု၊ သမီးငယ်လေးက နိုက်တင်ဂေးလ်လက်သစ်

လက်တလော Facebook နဲ့ လူမှုကွန်ယက်တွေမှာ ရေပန်းစားနေတဲ့ ကလေးမလေးကတော့ ‘နတ်သမီးလေး’လို့ တင်စားခံနေရတဲ့ နိုက်တင်ဂေးလ်လက်သစ် Katoon ဖြစ်ပါတယ်။ အသက်က 6 နှစ်သာ ရှိသေးပေမယ့် သူမရဲ့ သွေးထဲမှာ ပရဟိတသွေးတွေ ပြည့်နေပါတယ်။

အကြောင်းကတော့ Katoon ရဲ့ အဖေဟာ စေတနာ့ဝန်ထမ်း လူနာတင်ကားမောင်းသူ ဖြစ်သလို၊ သူမရဲ့ အမေ က စေတနာ့ဝန်ထမ်း သူနာပြုဆရာမလေးပါ။ ဒီလို ပရဟိတဇနီးမောင်နှံနဲ့အတူတူ ကြီးပြင်းခဲ့တဲ့ Katoon ဟာ အခုဆို ကမ္ဘာသိ မေတ္တာရှင်မလေး ဖြစ်နေပါပြီ။ သူမဟာ လူနာကောက် လမ်းကြောင်းတိုင်းနီးပါ အဖေအမေတို့နဲ့ အတူလိုက်ပြီး၊ လူနာတွေကို တက်နိုင်သလောက် ပြုစုပေးနေပါတယ်။

Katoon တို့ မိသားစုဟာ ထိုင်းနိုင်ငံ Nakhon Ratchasima မှာ နေထိုင်ကြပြီး၊ သူမ ဒီအသက်အရွယ် ရောက်တဲ့အထိ
လူသားတွေရဲ့ နာကျင်မှုတွေကို ဘယ်လိုသက်သာအောင် ပြုစုရမလဲဆိုတဲ့ အတွေ့အကြုံတွေချည်းပဲ ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် Katoon ဟာ သူမ စုဆောင်းရရှိတဲ့ ငွေတွေကိုလည်း နွမ်းပါးတဲ့ လူနာတွေကို လိုက်လံလှူဒါန်းလေ့ရှိလို့ Nakhon Ratchasima မြို့မှာတော့ သူမကို လူတိုင်း ပါးစပ်က တစ်ဖွဖွတ,ကြတယ်လို့တောင် ဆိုပါတယ်။

READ
မွေးကင်းစအချိန်က ခွဲစိတ်ပေးခဲ့သည့်ဒေါက်တာကို သွားရောက်ဂါရဝပြုခဲ့တဲ့ ကောင်မလေး

Katoon ရဲ့ ဖခင် ယာဉ်မောင်းကြီးက ” သမီးက 2 နှစ်အရွယ်လောက်ကတည်းက ဒီလုပ်ငန်းတွေကို ကောင်းကောင်း သဘောပေါက် နေပြီဗျ … ဒါကပိုလွန်းတယ်လို့ ထင်ကြမှာပါ … အဲဒီအချိန်တုန်းက ရေဘေးသင့်ပြည်သူတွေကို သွားရောက်ကယ်ဆယ်တဲ့အခါမှာ သူလည်း စေတနာ့ဝန်ထမ်း ပေါက်စလေးပေါ့ဗျာ … သူ တက်နိုင်သလောက် ကူညီနေရရင် ပြီးရောဆိုတဲ့ စိတ်ထား သူမှာ ရှိပါတယ် … ဘယ်တုန်းကမှ ညည်းငွေ့တာမျိုး မရှိပါဘူး … “လို့ ဂုဏ်ယူစွာ ပြောကြားခဲ့ပါတယ်။

ကာယကံရှင် Katoon က ” သမီးကတော့ ပိုက်ဆံရှိရင် ဆင်းရဲ့တဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေကို လှူလေ့ရှိပါတယ် … ဒီလို အမြဲလှူနေချင်တယ် … “လို့ ဆိုပါတယ်။ သတင်းထောက်က သေဆုံးသူရဲ့ သရဲတွေ တစ္ဆေတွေကို မကြောက်ဖူးလား လို့ မေးတော့ Katoon က ” ဖေဖေက ပြောတယ် … သမီးတို့က ကြောက်စရာမလိုဘူးတဲ့ … သမီးတို့က ကူညီနေတဲ့လူ တွေမို့ ၀ိဉာဉ်တွေက ချစ်ကြတယ်တဲ့ “လို့ ပြန်ဖြေခဲ့ပါတယ်။

READ
ထိပ်ပြောင်ငပုဆိုပြီး ဇနီးက စွန့်ပစ်ခံရပြီးနောက်၊ မိမိကိုယ်ကို အံမခန်း ပြောင်းလဲနိုင်ခဲ့သူ

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE