(၈)နာရီကြာအောင် Plank လုပ်ပြီး ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ အဖိုးကြီး

Twitter

အမေရိကန်နိုင်ငံ၊ အီလီနွိုက်မှာနေထိုင်တဲ့ အသက် (၆၂)နှစ်အရွယ် အမျိုးသားကြီးတစ်ယောက်ကတော့ ၀မ်းဗိုက်ကြွက်သားတွေအတွက် ပြုလုပ်တဲ့ လေ့ကျင့်ခန်း (Plank) ကို (၈)နာရီကြာအောင် ပြုလုပ်ပြခဲ့ပြီး ကမ္ဘာ့စံချိန်တင်လိုက်ပါတယ်။

ဂျော့ခ်ျဟုဒ် လို့ခေါ်တဲ့ အမျိုးသားကြီးဟာ (၈)နာရီ (၁၅)မိနစ်နဲ့ (၁၅)စက္ကန့်ကြာအောင် Plank လေ့ကျင့်ခန်း လုပ်နိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့စံချိန်က ဂင်းနစ်မှတ်တမ်းဝင်သွားခဲ့တာပါ။

ဥပဒေအရာရှိတစ်ဦးလည်းဖြစ်၊ ကြံ့ခိုင်ရေးနည်းပြတစ်ယောက်လည်းဖြစ်တဲ့ ဂျော့ခ်ျဟာ (၂၀၁၁)ခုနှစ်မှာ သူ့ရဲ့ပထမဆုံး ကမ္ဘာ့စံချိန်ကို တင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ တစ်နာရီနဲ့ မိနစ် (၂၀)ကြာ Plank လုပ်နိုင်ခဲ့တာပါ။

READ
အဖွားအရွယ်(၇၁)နှစ်အမျိုးသမီးနဲ့ လက်ထပ်ခဲ့တဲ့ (၁၆)နှစ်အရွယ်အင်ဒိုနီးရှားအမျိုးသား

(၂၀၁၆)မှာတော့ သူက သူ့ရဲ့စံချိန်ကို ကျော်ဖြတ်ချင်းခံလိုက်ရပြီး စံချိန်သစ် ပြန်တင်ဖို့ ကြိုးစားခဲ့တာပါ။

ဂျော့ခ်ျက အီလီနွိုက်မှာရှိတဲ့ အားကစားခန်းမတစ်ခုမှာ သူ့ရဲ့စံချိန်သစ်ကို တင်နိုင်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး တစ်နေ့ကို ထိုင်ထ (၁၅၀၀) အပါအ၀င် အခြားလေ့ကျင့်ခန်းတွေကိုလည်း အချိန်အတော်ကြာအောင် လုပ်နိုင်ခဲ့ပါတယ်။

သူက လူငယ်တွေအနေနဲ့ သူ့ကိုကြည့်ပြီး စံနမူနာယူနိုင်ဖို့အတွက် ကြိုးစားခဲ့တာဖြစ်တယ်လို့ ဖွင့်ဟသွားခဲ့ပြီး ဘယ်လိုအသက်အရွယ်မှာမဆို ကိုယ်ဖြစ်ချင်တာကို အောင်မြင်အောင်လုပ်ဖို့အခွင့်အရေးရှိနေကြောင်း သက်သေပြသွားခဲ့တာပါ။

သူက Plank လုပ်နေစဉ်အချိန်အတွင်းမှာ အချိန်ကုန်တာကို သတိမထားမိစေဖို့အတွက် ရော့ခ်သီချင်းတွေကို ဖွင့်ထားခဲ့ပြီး သူ့စိတ်ကို ထိန်းချုပ်ထားနိုင်ခဲ့တာပါ။

READ
ကင်ဆာရောဂါနောက်ဆုံးအဆင့်ရောက်ချိန်မှာ ထီပေါက်လို့ ကုခွင့်ရသွားတဲ့အမျိုးသမီး

ဂျော့ခ်ျ အသုံးပြုနေတဲ့ 515 လေ့ကျင့်ရေးစင်တာရဲ့ တည်ထောင်သူတစ်ယောက်ဖြစ်တဲ့ နီကီ ပယ်ရီကတော့ ဂျော့ခ်ျဟာ ဒီလိုလုပ်နိုင်ဖို့အတွက် သူ့ရဲ့စိတ်ကို အကောင်းဆုံး ပြင်ဆင်ခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေကိုလည်း ပြုလုပ်ခဲ့၇တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

(၈)နာရီကျော်ကြာတဲ့ plank လုပ်ဆောင်မှု ပြီးသွားချိန်မှာတော့ ဂျော့ခ်ျက အောင်ပွဲခံတဲ့အနေနဲ့ ဒိုက် (၇၅)ခါတောင် ထိုးလိုက်ပါသေးတယ်။

ဂျော့ခ်ျက သူ့ရဲ့စံချိန်ကို ကျော်ဖြတ်မယ့်သူတွေ ထွက်ပေါ်လာပါစေလို့ ဆုတောင်းနေမိကြောင်းနဲ့ သူ့အနေနဲ့ နောက်ထပ် စံချိန်သစ်တွေ ထပ်ပြီးတင်ဖို့လည်း အဆင်သင့်ရှိနေသေးကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Linn

SHARE