Rolls-Royce ကားတွေနဲ့ သတို့သမီးကိုသွားကြိုလို့နာမည်ကြီးနေတဲ့ မင်္ဂလာပွဲ

Weibo

မင်္ဂလာဆောင်တယ်ဆိုတာ မြန်မာအဆိုအရတော့ သတို့သမီးလေးတို့အတွက် တစ်သက်မှာတစ်ခါပဲ ဆောင်ရတဲ့မင်္ဂလာပွဲပမေလို့ သတို့သားဖက်ကရော၊ သတို့သမီးရဲ့မိဘတွေကရောပါ အကောင်းတကာ့အကောင်းဆုံး ဖြစ်စေချင်ကြတာချည်းပါပဲ။ ကိုယ်တတ်နိုင်တဲ့ဖက်ကပေါ့။

Weibo/xiaming
Weibo/xiaming

တရုတ်နိုင်ငံက မင်္ဂလာဆောင်တစ်ပွဲမှာတော့ သတို့သမီးလေးကို မင်္ဂလာခမ်းမဆီ ခေါ်လာပေးတဲ့ကားကြီးတွေကြောင့် လူတွေကြားထဲမှာ လူပြောများနေခဲ့တယ်လို့ World of Buzz မှာ ဖတ်ခဲ့ရပါတယ်။ ဒီသတင်းခေတ်စားနေတာကတော့ တရုတ်လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Weibo မှာပါ။

နာမည်ကြီးရတဲ့အကြောင်းအရင်းကတော့ သတို့သမီးလေးကို မင်္ဂလာပွဲရောက်ဖို့ ခေါ်လာတဲ့ကားတွေဟာ တန်ကြေးကြီး Roll-Royce ကားကြီးတွေ ဖြစ်နေလို့ပါပဲတဲ့။ Roll-Royce ကားတစ်စီးရဲ့ ပျမ်းမျှပေါက်ဈေးဟာ ဒေါ်လာ ၄သိန်းခွဲတောင်ရှိနေတာပါ။ သတို့သမီးလေးကတော့ တော်တော်လေးကို ပျော်ရွှင်နေပုံရပါတယ်။

Weibo/xiaming
Weibo/xiaming
Weibo/xiaming

မင်္ဂလာဆောင်ကိုတော့ တရုတ်ရိုးရာနည်းအတိုင်း အဝတ်အစားတွေ၊ အပြင်အဆင်တွေကအစ ခမ်းခမ်းနားနားကျင်းပခဲ့တာပါ။ Roll-Royce ကားကြီးတွေနဲ့ သတို့သမီးလေးကို သွားခေါ်ခဲ့တဲ့အတွက် သတင်းမွှေးသွားတာရဲ့ အနောက်မှာ သတို့သားနဲ့သတို့သမီးတို့ရဲ့ အသက်ကွာခြားမှုကြောင့်လည်း လူတွေအားလုံးက အံ့သြတကြီးဖြစ်ခဲ့ကြပါသေးတယ်။ အကြောင်းကတော့ သတို့သားဟာ အသက် ၆၂ နှစ်ရှိနေပြီဖြစ်ပြီး သတို့သမီးကတော့ အသက် ၂၈ နှစ်သာရှိသေးလို့ပါပဲ။ အမြေးအဖိုးအရွယ်ကွာခြားမှုကြောင့် လူအများကတော့ ထုံးစံအတိုင်း သတို့သမီးလေးကိုပဲ ပိုက်ဆံမက်လို့ လက်ထပ်ခဲ့တာဖြစ်ပြီး မကြာခင်နှစ်အတွင်းမှာပဲ သူဌေးကတော်ကနေပြီး သူဌေးမကြီးဖြစ်တော့မှာပဲဆိုတဲ့ ရိတိတိ comment တွေကိုလည်း အရေးခံခဲ့ရပါသေးတယ်။

READ
လမ်းမပြင်ပေးလို့ဆိုပြီး မြို့တော်ဝန်ကို ထရပ်ကားနဲ့လမ်းတရွတ်တိုက်ဆွဲခဲ့တဲ့ ရွာသားများ
Weibo/xiaming
Weibo/xiaming

Penny

SHARE