ရေငုပ်သမားရာနဲ့ချီပါဝင်ပြီး ဂင်းနစ်စံချိန်တင်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး အဏ္ဏ၀ါသန့်ရှင်းရေးပွဲကြီး

facebook/Dixie Divers

အမေရိကန်နိုင်ငံ မန်ဆာချူးဆက်ပြည်နယ်က Deerfield ကမ်းခြေမှာ ကမ္ဘာ့အကြီးဆုံးအဏ္ဏ၀ါကြမ်းပြင် အမှိုက်ရှင်းလင်းပွဲကြီးပြုလုပ်ခဲ့ရာ ရေငုပ်သမားပေါင်း (၆၃၃) ယောက်ပါဝင်ခဲ့ကြောင်း goodtimes အွန်လိုင်းသတင်းစာမျက်နှာအရ သိရပါတယ်။ ရေငုပ်ဝတ်စုံတွေ၊ အောက်ဆီဂျင်ဘူးတွေနဲ့အတူ ရေငုပ်သမားရာပေါင်းများစွာတို့ဟာ ကမ်းခြေရေအောက်ကြမ်းပြင်မှာ အမှိုက်ကောက်ခဲ့ကြပြီး အနည်းဆုံး အမှိုက် ပေါင်ချိန် (၁, ၆၂၆) ပေါင်ကို ကောက်ယူနိုင်ခဲ့ပါတယ်။

ကောက်ယူရရှိတဲ့အထဲမှာ ပေါင်(၆၀)လောက် ပမာဏရှိတဲ့ ငါးဖမ်းပိုက်ကြိုးတွေနဲ့အတူ အခြားသင်္ဘောနဲ့ ဆက်စပ်တဲ့ အပျက်အစီးအပိုင်းအစတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။ အမှိုက်ရှင်းပွဲကိုတော့ လွန်ခဲ့တဲ့ ဇွန်လ(၁၅) ရက်နေ့တုန်းက ကျင်းပခဲ့ကြတာပါ။ အချိန်(၂) နာရီတာကြာမြင့်တဲ့ ၄င်းရေအောက်ကြမ်းပြင်အမှိုက်ရှင်းပွဲမှာ ကမ္ဘာတစ်လွှားက ရေငုပ်သမားတွေလည်း ပါဝင်ခဲ့ကြပါတယ်။

Posted by Dixie Divers on Sunday, June 16, 2019

ပွဲကိုတော့ ဒေသခံရေငုပ်ပစ္စည်းအရောင်းဆိုင် Dixie Drivers နဲ့ Deerfileld ကမ်းခြေအမျိုးသမီးကလပ်တို့က ပူးပေါင်းပြုလုပ်ခဲ့ကြတာပါ။ အဆိုပါပွဲထဲပါဝင်ခဲ့တဲ့ Tyler Bourgoine ဆိုသူအမျိုးသားတစ်ဦးကတော့ “အားလုံးအတူတူ အလုပ်လုပ်ခဲ့ကြတယ်။ သမုဒ္ဒရာကြမ်းပြင်အောက်က နေရာတစ်နေရာလောက်ကိုတော့ အားလုံးဝိုင်းပြီး ရှင်းနိုင်ခဲ့ကြတယ်…” လို့ ပြောပြပါတယ်။

We are officially World Record Holder for the Largest Underwater CleanUp. Thank you to our amazing 633 divers that came from all over the country to make break this record possible .

Posted by Pavan Arilton on Saturday, June 15, 2019

“ဒီကမ်းခြေမှာ အမှိုက်တော်တော်များတယ်လို့ ပြောလို့ရတယ်။ ဘာကြောင့်လည်းဆိုတော့ လူတွေက ဒီမှာ ခဏခဏငါးဖမ်းကြတယ်လေ…” လို့လည်း Bourgoine က ဆိုပါတယ်။ ဒီပွဲမတိုင်ခင်ရှိခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ရေအောက်ရှင်းလင်းပွဲကြီးကိုတော့ (၂၀၁၅) ခုနှစ် အီဂျစ်နိုင်င့ ပင်လယ်နီထဲမှာ အီဂျစ်စစ်တပ်က ရေငုပ်သမားဟောင်း အာမက်ဂါဘာက ကြီးမှုးပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Posted by Jack Fishman on Saturday, June 15, 2019

National Geographic အရ နှစ်စဉ်နှစ်တိုင်း ပင်လယ်သမုဒ္ဒရာထဲမှာ ပလတ်စတစ်အမှိုက်တန်ချိန်ပေါင်း (၈) သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။ တန်ချိန်ပေါင်း (၂၄,၅၀၀) ဟာ ပင်လယ်ထဲ ပေါလောမျောနေကြကြောင်းနဲ့ ၄င်းတို့ပြိုကွဲပျက်စီးပြီး ပင်လယ်ထဲ နစ်မြှုပ်တဲ့အခါမှာတော့ ပင်လယ်ရေသတ္တ၀ါတွေနဲ့ ဂေဟစနစ်ကို အများကြီး ထိခိုက်စေနိုင်ကြောင်းလည်း သိရပါတယ်။

READ
ကမ္ဘာကြီးရဲ့အလှအပတွေကို ဝေဟင်ထက်ကငှက်ကလေးတွေလို မြင်ကြည့်ကြပါလား။

လင်းလင်း (ShweMom)

SHARE