ဂင်းနစ်စံချိန်တင်နိုင်ဖို့ အလားအလာကောင်းတွေရှိတဲ့ ၆၆ ပေါင်အလေးချိန်နဲ့ ဟော့ဒေါ့ကြီး

Feltman's of Coney Island/Facebook

သာမန်ဟော့ဒေါ့တွေဟာ ကျွန်တော်တို့ကိုင်နေတဲ့ စမတ်ဖုန်းတစ်လုံးစာလောက်တောင် အလေးချိန်မစီးကြတာ အသေအချာပါပဲ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းကတော့ အမေရိကရဲ့ Coney Island မှာတော့ ဖုန်းတစ်လုံးမကဘဲ ကလေးတစ်ယောက်စာအလေးချိန်ရှိတဲ့ ဟော့ဒေါ့မုန့်ကြီးတစ်ခုကို ပြုလုပ်ခဲ့တယ်ဆိုပြီး Unilad မှာ ဖော်ပြထားပါတယ်။

ဟော့ဒေါ့ရဲ့သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ ကျော်လောက်တုန်းက Charles Feltman ကနေ တီထွင်ခဲ့တာဖြစ်ပြီး ယခုဧရာမဟော့ဒေါ့မုန့်ကြီးကိုလည်း ဟော့ဒေါ့ရယ်လို့ စတင်ဖြစ်ပေါ်လာခဲ့တဲ့ ၁၅၂ နှစ်မြောက်အထိန်းအမှတ်ပွဲမှာ မယူးရောက်မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကနေပြီး ဖန်တီးကာဧည့်သည်တွေကို တည်ခင်းခဲ့တာပါ။

We’re adding a Record into the Guinness Book! The World’s Largest Hot Dog! Meet us at Ulysses on Stone St on Wed June 26…

Posted by Feltman's of Coney Island on Wednesday, June 19, 2019

Yesterday afternoon (6.26), Feltman’s of Coney Island, the original hot dog brand, celebrated the 152nd Anniversary of…

Posted by Feltman's of Coney Island on Thursday, June 27, 2019

တစ်စိတ်ကို ဒေါ်လာ ၁၀ ဆီနဲ့ ရောင်းချခဲ့ပြီး အဲဒီရောင်းရငွေတွေအကုန်လုံးကိုလည်း Headstrong Project ဆိုတဲ့ အဖွဲ့အစည်းကို လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအဖွဲ့အစည်းဟာ ၉ လပိုင်း ၁၁ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကရဲ့အိပ်မက်ဆိုးကြီး World Trade Center အပါအဝင် တခြားအကြမ်းဖက်မှုပေါင်းစုံတို့မှ ကျန်ရစ်နစ်နာခဲ့သူများအတွက် စိတ်ပိုင်းဆိုင်ရာအရ ဆွေးနွေးကူညီပေးတဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုပါ။

READ
စပိန်နိုင်ငံမှာ လူအုပ်စုတစ်စုရဲ့ ၀ိုင်းရိုက်ခြင်းခံခဲ့ရတဲ့ မွတ်စလင်အမျိုးသမီး

ဟော့ဒေါ့အကြောင်း ပြန်ဆက်ရမယ်ဆိုရင်တော့ ဟော့ဒေါ့ကြီးဟာ အလျားအနေနဲ့ ၅ ပေတောင်ရှည်လားပြီး အကျယ်ကတော့ ၁ ပေတောင်ရှိနေတယ်လို့ Feltman’s of Coney Island ရဲ့ Facebook မှာ ဖော်ပြထားခဲ့ပါတယ်။ အလေးချိန်အနေနဲ့ဆိုရင်တော့ ၆၆ ပေါင်တောင်ရှိနေပါတယ်တဲ့။ ဒီလိုမျိုး ကမ္ဘာမှာ တစ်ခုတည်းသောအကြီးဆုံး ဟော့ဒေါ့မုန့်ကြီးကိုတော့ ဂင်းနစ်စံချိန်တင်ဖို့အတွက် တင်သွင်းခွင့်ရခဲ့ပြီး စံချိန်ထဲ ပါမပါကိုတော့ ၁၂ ပတ်အကြာမှ ကြေငြာပေးမှာဖြစ်ပါတယ်။ ပွဲပုံရိပ်လေးတွေကို ခံစားရင်း အတူတူသွားရည်ယိုကြစို့လား။

Posted by Feltman's of Coney Island on Thursday, June 27, 2019

Penny

SHARE