မျက်နှာပေါ်က ခြင်ကိုက်ဖုကို ကုတ်ခြစ်မိရာက အန္တရာယ်ကြုံတွေ့ခဲ့တဲ့ အမျိုးသား

Weibo/ET today, Pexels/Pixabay

ခြင်ကိုက်ခံရတာဟာ စိတ်ရှုပ်စရာ စိတ်ညစ်စရာပါ။ သာမန်အားဖြင့် ခြင်ကိုက်တယ်ဆိုတာက သိပ်အရေးကြီးတဲ့ ပြဿနာတော့ မဟုတ်လှပါဘူး။ ဒါပေမယ့် worldofbuzz သတင်းဌာနကတဆင့် အခုတွေ့ရတဲ့အမျိုးသားကတော့ မျက်နှာကို ခြင်ကိုက်မိရာကနေ အသက်အန္တရာယ်တွေ့ကြုံရလုနီး အခြေအနေထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအမျိုးသားဟာ အသက်(၆၇) နှစ်အရွယ် ဟူလို့ သိရပြီး ဟူဟာ ဟိုင်နန်ကျွန်းကို အပျော်ခရီးထွက်ခဲ့ပါတယ်။ ထိုနေရာမှာ တစ်ညတာအိပ်ခဲ့ရာက ဟူဟာ အိပ်နေတုန်း ပါးပေါ်မှာ ခြင်ကိုက်ခံခဲ့ရပါတယ်။ ခြင်ကိုက်တာကလည်း ယားတော့ သူက အမှတ်တမဲ့ပဲ ပါးကို ကုတ်မိခဲ့ပါတယ်။ နိုးလာလို့ ကြည့်လိုက်တော့ သူ့ရဲ့ မျက်နှာနဲ့ မျက်လုံးတွေဟာ အနည်းငယ်ရောင်ယမ်းနေတာကို ဟူ တွေ့လိုက်ရပါတယ်။

Weibo/ET Today

ဒီလိုနဲ့ (၃) ရက်အကြာမှာတော့ ဟူရဲ့ မျက်နှာဟာ တဖြည်းဖြည်းနဲ့ ရောင်ကိုင်းလာပြီး ခြင်ကိုက်သွားတဲ့နေရာကနေ ပြည်တွေတောင် ထွက်လာနေတာကို ထိတ်လန့်ဖွယ် သိလိုက်ရပါတယ်။ ဒီတိုင်းသာ ဆက်ထားရင် အခြေအနေပိုဆိုးလာတော့မှာကို သိလိုက်တဲ့အတွက် ဟူက ဆေးရုံဆီ ချက်ခြင်းသွားခဲ့ပါတယ်။

READ
အက်ဆစ်နဲ့မျက်နှာကိုပက်တဲ့အမှုတွေ ပိုမိုဖြစ်ပွားလာ
Pexels/Pixabay

ဟူက အခုတောင် အခြေအနေ တော်တော်ဆိုးနေပါပြီ။ ခြင်ကိုက်တဲ့ဒဏ်ရာကြောင့် မျက်လုံးလည်း မဖွင့်နိုင်တော့သလို နှာခေါင်းနဲ့ ပါးစပ်ကလည်း နေရာတွေရွေ့နေပါတယ်။ ဆရာဝန်စစ်ကြည့်လိုက်တဲ့အခါ ဟူရဲ့ မျက်နှာပေါ်မှာ (၅) စင်တီမီတာလောက်ရှိတဲ့ အနာကြီးတစ်ခုရှိနေတာကို တွေ့လိုက်ရပါတယ်။ အဲဒီအနာပေါ်ကို ခြင်ကိုက်လိုက်တဲ့အခါ ခြင်ကနေတဆင့် ရောဂါပိုးဝင်ပြီး အနာကြီးပါ လိုက်ရောင်ကိုင်းလာတာ ဖြစ်ပါတယ်။ တကယ်လို့ ဟူသာ အချိန်မီမကုနိုင်ခဲ့ရင် မျက်နှာပေါ်က တစ်ရှူးဆဲလ်တွေသေကုန်မှာဖြစ်တဲ့အတွက် ခန္ဓာကိုယ်တွင်း မှန်ကန်တဲ့သွေးလည်ပတ်မှုကို မလုပ်ဆောင်နိုင်တော့တာကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပျက်စီးလာတာမျိုး ဖြစ်နိုင်ပါတယ်။ ဟူဟာ အမြန်ဆုံးဆေးကုသမှုကို ခံယူနိုင်ခဲ့တာကြောင့် အခုဆိုရင်တော့ နေပြန်ကောင်းလာပါပြီ။

Weibo/ET Today

ဆရာဝန်ကတော့ မျက်နှာမှာ ခြင်ကိုက်ခံရရင် သတိထားဖို့ အကြံပေးထားပါတယ်။ အကြောင်းရင်းကတော့ မျက်နှာပေါ်မှာ ခြင်ကိုက်ခံရတဲ့အခါ အလွယ်တကူ ရောဂါပိုးကူးစက်နိုင်ခြေများလို့ ဖြစ်ပါတယ်။ အထူးသဖြင့် ရာသီဥတု ပူပြင်းတဲ့အခါနဲ့ကြုံမယ်၊ အနာပေါက် ဟောင်းလောင်းလည်းဖြစ်နေမယ်၊ အဲ့ဒီအနာပေါ်ကို ခြင်လည်း အကိုက်ခံရမယ်ဆိုရင် အနာဟာ ချွေး၊အဆီနဲ့ အညစ်အကြေးတွေကြောင့် အလွယ်တကူ ရောဂါပိုးကူးစက်ခံရနိုင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်သူတွေအနေနဲ့ အကယ်လို့ အနာပေါ်ကို ခြင်ကိုက်မိခဲ့ရင် သတိထားကြဖို့နဲ့ တစ်ခုခု မသင်္ကာတာမျိုးတွေ့ခဲ့ရင် ဆေးရုံဆေးခန်းဆီ အမြန်ဆုံးသွားပြကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

READ
Facebookအသုံးများသည့်ကလေးများ သူတို့ရုပ်ရည်အပေါ်ကျေနပ်မှုမရှိခြင်းပိုဖြစ်လာ

လင်းလင်း (ShweMom)

SHARE