Tekashi 6ix9ine နဲ့ Nicki Minaji တို့ရဲ့ သီချင်းအသစ်ထွက်ရှိ

[email protected] [email protected]

ဟစ်ဟော့လောကရဲ့ နာမည်ကြီး အမျိုးသမီး ရက်ပ်အဆိုတော်တစ်ဦးဖြစ်တဲ့ Nicki Minaji နဲ့ Tekashi 6ix9ine တို့ဟာ ပြီးခဲ့တဲ့ ၁၂.၆.၂၀၂၀ နေ့တုန်းက Trollz လို့ အမည်ရတဲ့ သီချင်းတစ်ပုဒ် ထွက်ရှိလာခဲ့ပါတယ်။ ဒီလို Nicki Minaja နဲ့ 6ix9ine တို့ရဲ့ collaboration က အခုသီချင်းနဲ့ဆိုရင်တော့ သုံးပုဒ်မြောက် ရှိပါပြီ။ တစ်ခုသတိထားမိတာကတော့ သူတို့နှစ်ဦး ဒီလိုမျိုး Collab လုပ်ပြီး သီချင်းထွက်လာရင် အဲဒီသီချင်းက တော်တော်မိုက်နေတာပါပဲ။

ဒီ Trollz လို့အမည်ရတဲ့ သီချင်းမှာတော့ အကြောင်းအရာ သုံးမျိုးခွဲပြီး သီဆိုခဲ့ပါတယ်။ ပထမအကြောင်းအရာကတော့ သူတို့ရဲ့ Haters တွေပါပဲ။ Nicki Minaji မှာတော့ Haters တွေရှိသလို သီချင်းထဲမှာ သူ့နည်းသူ့ဟန်နဲ့ Haters တွေကို ကလိခဲ့ပါသေးတယ်။ 6ix9ine ရဲ့ Haters တွေကတော့ အထူးတလည်ပြောနေစရာကို မလိုတော့ပါဘူး။ ဟစ်ဟော့လောကရဲ့ လူ ၁၀၀မှာ ၉၉ ယောက်လောက်က 6ix9ine ရဲ့ Haters တွေပါပဲ။ ဒီလို 6ix9ine တစ်ယောက်ကို လူမုန်းများတယ်ဆိုတာကလည်း အကြောင်းရှိပါတယ်။

READ
တေလာဆွစ်ဖ်နဲ့လီမင်ဟိုတို့တွဲနေတဲ့သတင်းကို ရှင်းခဲ့တဲ့MYM Entertainment

https://www.instagram.com/p/CBQdkz6HxRi/?utm_source=ig_embed

နိုဝင်ဘာလ ၂၀၁၈ ရက်နေ့မှာ မူးယစ်ဆေးရောင်းဝယ်မှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ လုယက်မှု အစရှိတဲ့ အမှုတွေ တသီတသန်းကြီးနဲ့ 6ix9ine ဟာ တရားစွဲခံရပြီး ထောင်ကျခဲ့ပါတယ်။ အမှန်ဆို အနည်းဆုံး ထောင်ဒဏ် ၄၇ နှစ် ကျခံရမှာပါ။ ဒါပေမယ့် တရားရုံးကသူ့ကို ၂ နှစ်ကျော်လောက်သာ ထောင်ဒဏ်ကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ၂၀၂၀ နိုင်ဝင်ဘာမှ ထောင်ထဲက လွတ်လာရမှာကိုလည်း စံပြအကျဉ်းသားဆိုတဲ့ ခေါင်းစဉ်အောက်မှာ 6ix9ine တစ်ယောက် ထောင်ကနေအစောကြီးလွတ်လာခဲ့ပါတယ်။ ဒီလိုလွတ်ခဲ့ရတဲ့အကြောင်းကတော့ ရှင်းပါတယ်။ သူနဲ့ပတ်သတ်ဖူးတဲ့ Gangs တွေရဲ့အကြောင်းကို ရဲတပ်ဖွဲ့ဆီမှာ ဖော်ကောင်လုပ်ခဲ့လို့ပါပဲ။ ဒီသတင်းကိုလည်း ရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန်ခဲ့တာပါ။

https://www.instagram.com/p/B_-X4l4nUPU/

Trollz သီချင်းရဲ့ ဒုတိယအကြောင်းအရာကတော့ လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကြောင့် ရှေ့တန်းရောက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဂုဏ်ပြုပြီး သီဆိုခဲ့ပါတယ်။ နောက်ဆုံးအကြောင်းအရာကတော့ လူမျိုးရေးခွဲခြားခံရမှုတွေ အမြန်ဆုံးရပ်တန့်ဖို့ သီဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးတော့ အခုအချိန်မှာ ဒီသီချင်းဟာ ထွက်ရှိတာ ၂၄ နာရီမပြည့်သေးတဲ့အချိန်မှာ ကြည့်ရှု့သူ ၅၃ သန်းကျော် ရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE